Published 3 Nov 2022
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်ဟာ ယနေ့ နိုဝင်ဘာ (၃)ရက်က လူထုစည်းရုံးပွဲတစ်ခုမှာ သေနတ်နှင့် ပစ်ခတ်ခံရပါတယ်။သူဟာ သုံးကြိမ်တိတိအပစ်ခံရဘေးမှ အသက်အန္တရာယ်မှလွတ်မြောက်ခဲ့ပါတယ်။ သူရဲ့ တက်ရိခ် အီ အင်ဆက်ပါတီက သူ့ကိုထောက်ခံသူတွေဟာ ဒါဟာ အမ်ရန်ခန်ကိုလုပ်ကြံမှုဖြစ်တယ်လို့ ပြောကြပါတယ်။
အဲဒီပစ်ခတ်မှုဟာ ပါကစ္စတန် မြို့တော် အစ္စလမ်မာဘက်မှ မိုင် ၁၂၀ ခန့်အကွာရှိ ဝါဇီယာဘက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကျည်ဆံက သူ့ရဲ့ခြေထောက်ကိုထိမှန်ခဲ့ပါတယ်။ သူ့ကိုလာဟိုးက ဆေးရုံကိုခေါ်ဆောင်သွားပါတယ်။
သူ့ကိုပစ်ခတ်သူနှစ်ဦးအနက် တစ်ဦးကိုအသေဖမ်းဆီမိပြီး အခြားတစ်ဦးကိုလည်း လက်ရ ဖမ်းဆီးမိတယ်လို့ ဆိုပါတယ် ။ ဒါပေမယ့် နောက်ကွယ်က အကြောင်းရင်းတွေကိုတော့ ချက်ခြင်းမသိသေးပါဘူး။
အီမရန်ခန်ဟာ ဒီရက်ပိုင်းတွေမှာ လူထုစည်းရုံးပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ထောက်ခံသူတွေက ရွေးချယ်ခံအစိုးရလို့ ပြောထားတဲ့ လက်ရှိဝန်ကြီးချုပ် ရှီဘက်ရှာရစ်ရဲ့ အစိုးရကို ဆန့်ကျင်တဲ့ ပွဲတွေလုပ်တာဖြစ်ပါတယ်။
လူတော်တော်များများလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ အဲဒီအထဲမှာ ပါလီမန်အမတ် ဖိုင်ဆဲလ် ဂျာဗက်လည်းပါ တယ်လို့ သူ့ပါတီဝင်တစ်ဦးကပြောပါတယ်။
Source: Agencies News
#Imran_Khan
#Pakistan_Former_PM
#Imran_Khan_was_shot
- Category: World
- Hits: 901
Published 3 Nov 2022
နိုင်ငံရေးအကြမ်းဖက်မှုနှင့် မဲပေးသူတွေအပေါ်ခြိမ်းခြောက်မှုတွေကို အမေရိကန်တွေ ညီညွတ်စွာ ဆန့်ကျင်ကြရမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ လာမယ့် အပတ်ထဲကျင်းပမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမတိုင်ခင် သူက ရုပ်သံ မိန့်ခွန်းပြောကြားရာမှာ ရီပတ်ဘလီကင် အစွန်းရောက်တွေ ထကြွလာတဲ့အပေါ် သူက သတိပေး ပြောဆိုခဲ့တာဖြစ်ပါ တယ်။
အမေရိကန်နိုင်ငံမှာ မတူခြားနားမှုတွေကို အဓိကရုန်းတစ်ခု၊ဆူဆူပူပူလူအုပ်တစ်စု၊ ဒါမှမဟုတ် ကျည်ဆန်တစ်တောင့်၊ ဒါမှမဟုတ် တူတစ်ချောင်း နှင့် မဖြေရှင်းဘဲ ဒီခြားနားမှုတွေကို မဲပုံးနှင့်ပဲ ငြိမ်းချမ်းစွာဖြေရှင်းရမယ်လို့လည်း ဘိုင်ဒင်က ပြောပါတယ်။
Source AFP
#Joe_Biden
#Mid_term_election_U.S
#Warns_Political_violence
- Category: World
- Hits: 287
#Local_News
Published _3 November 2022
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဟာ လက်ရှိအခြေအနေ ပုံမှန် မဖြစ်သေးဘူးလို့ ရခိုင်ပြည်နယ်ကုန်သည်နှင့်စက်မှုအသင်းချုပ်က သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 356
#Local_News
Published _3 November 2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်ကနေ အခု ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းခံရတဲ့ အထောက်အထားမဲ့ မြန်မာအရေအတွက်ဟာ သောင်းနဲ့ချီရှိနေပါပြီ။
#Yangon_Media_Group
- Category: Myanmar
- Hits: 364
#DailyNews
Published _ 3 November 2022
၁။ ပြီးခဲ့နှစ် ဖေဖော်ဝါရီလမှ ယခုနှစ်အောက်တိုဘာလကုန်ထိ ထိုင်းနိုင်ငံအတွင်းအဖမ်းခံရသည့် အထောက်အထားမဲ့မြန်မာ သောင်းနှင့်ချီရှိနေ
၂။ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်မဖြစ်သေးဟုဆို
၃။ ပြည်ပသို့ပဲတန်ချိန် ၈ သိန်း ၇ သောင်းကျော်တင်ပို့ထား
၄။ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ပီရူးတွင်နွားရိုင်းသတ်ပွဲများပြန်လည်ဖွင့်လှစ်ရာ ဆန့်ကျင်သူများမှ ထပ်မံကန့်ကွက်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 300
#Local_News
Published _ 3 November 2022
ရန်ကုန်ဘူတာကြီးကနေတဆင့် အနယ်နယ်အရပ်ရပ်ကို ပြေးဆွဲပေးနေတဲ့ မြန်မာ့မီးရထားမှ ရထားလက်မှတ်တွေကို Online စနစ်နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ ရုံပိုင်ချုပ်ကြီးထံမှ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 326
#Local_News
Published _ 3 november 2022
နေစားငြိမ်း ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်လာရောက်သူ ထောင်ဂဏန်းကျော်ရှိကြောင်း စေတီတော်ဂေါပကအဖွဲ့က သိရသည်။
"ဒီနေ့ မွန်းလွဲ တစ်နာရီကျော် အချိန်ထိဆိုရင် လူပေါင်းတစ်ထောင့်တစ်ရာကျော်ပါပြီ၊ ဆက်ပြီးတော့ တက်နေကြတာလည်း ရှိနေပါသေးတယ်။မနက်ဖြန် လာမယ့်သူက ပိုများနိုင်ပါတယ်"ဟု ဂေါပက အဖွဲ့တာဝန်ရှိသူကပြောသည်။
တန်ဆောင်တိုင်ကာလ ကျိုက်ထီးရိုးဘုရားဖူးများအနေဖြင့် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် လာရောက်သူများအား တောင်တက်ကား အခမဲ့၊ ဟိုတယ်နှင့်တည်းခိုခန်းများ အခမဲ့နေထိုင်နိုင်ရေးကို စီစဉ်ထားသည့်အပြင် စားရေးအတွက်လည်း စတုဒီသာကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို စေတီတော် ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်၊ ရင်ပြင်တော်ဈေးကော်မတီအဖွဲ့၊ ရင်ပြင်တော်ရှိဟိုတယ်နှင့် တည်းခိုဆောင်များအဖွဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၃၆၁၅ ပေတွင်တည်ရှိနေသော ရသေ့ဦးခေါင်းသဏ္ဍာန် ကျောက်လုံးတော်ကြီးဖြင့် တည်ထားသည့် ကျိုက်ထီးရိုးစေတီတော်ကြီးသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း တည်ရှိသော စေတီတော် ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 579
#World_Military
Published 3 November 2022
ကြာသပတေးနေ့က မြောက်ကိုရီးယားကနေ ပဲ့ထိန်းဒုံးကျည်အများအပြားပစ်ခတ်ခဲ့ရာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM)တစ်စင်းဟာ ပစ်ခတ်မှုမအောင်မြင်ခဲ့ဘူးလို့ ယူဆရဖွယ်ရှိပြီး ဂျပန်နိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းများရှိ ပြည်သူများ ပုန်းခိုရန်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ဒုံးကျည်ဟာ ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်သန်းသွားတယ်လို့ အစပိုင်းမှာ အစိုးရကသတိပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မဟုတ်ဘူးလို့ ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ဂျပန်အရာရှိများက အဆိုပါဒုံးကျည်ဟာ ICBM တိုက်ချင်းပစ်ဒုံးကျည်ဖြစ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
အဆိုပါဒုံးကျည်ဟာ မြောက်ကိုရီးယားမှ အဝေးဆုံးအကွာအဝေးအထိ ပစ်ခတ်နိုင်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တယ်လို့ သိရပါတယ်။
ယမန်နေ့က ပစ်လွှတ်တဲ့ ICBM ဒုံးကျည်ဟာ မအောင်မြင်ခဲ့ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားအရာရှိများက ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက တင်ပြခဲ့ပါတယ်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ဒုံးကျည်စမ်းသပ်မှုကျရှုံးခြင်းအကြောင်း အတည်မပြုခဲ့ပါဘူး။
ဂျပန်အစိုးရကတော့ ဂျပန်ပင်လယ်ကနေ ဖြတ်သန်းသွားတဲ့ဒုံးကျည်ကို မျက်ခြည်ပြတ်သွားပြီး အစောပိုင်းက ထုတ်ပြန်ချက်ကို ပြန်လည်ပြင်ဆင်လိုက်ရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး'ယာဆူကာဇူဟာမာဒါ'က ပြောပြခဲ့ပါတယ်။
ဒုံးကျည်ခြေရာခံစနစ်ပြတ်တောက်သွားခြင်းကြောင့် ပစ်ခတ်မှုကျရှုံးသွားတာဖြစ်မယ်လို့ ဂျပန်နိုင်ငံမှ အငြိမ်းစားရေတပ်ဒုဗိုလ်ချုပ်ကြီး'ယိုဂျီကိုဒါ'က ပြောကြားလိုက်ပါတယ်။
ဒုံးကျည်ထိပ်ဖူးက ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်ကြားရှိပင်လယ်ထဲသို့ မြန်နှုန်းမြင့်အရှိန်ဖြင့် ကျရောက်ခဲ့ပေမယ့် ဂျပန်ကနေဖြတ်သန်းသွားတာ ဖြစ်နိုင်တယ်လို့ 'ကိုဒါ'က ဆိုပါတယ်။
ယခုနှစ်အတွင်း မြောက်ကိုရီးယားဟာ ICBM ဒုံးကျည်စမ်းသပ်မှုအများအပြား ကျရှုံးမှုရှိခဲ့ကြောင်း တောင်ကိုရီးယားနဲ့ အမေရိကန်အရာရှိများက မှတ်ချက်ပြုလိုက်ပါတယ်။
ထိုနေ့မတိုင်ခင်ကလည်း မြောက်ကိုရီးယားဟာ တစ်နေ့တည်းနဲ့ ဒုံးကျည်အနည်းဆုံး ၂၃ စင်းပစ်လွှတ်ခဲ့ပြီး တောင်ကိုရီးယားကမ်းရိုးတန်းနားကို ပထမဆုံးအကြိမ်ကျရောက်ခဲ့ပါသေးတယ်။
ကြာသပတေးနေ့က ပထမဆုံးပစ်ခတ်မှုဖြစ်ပွားပြီးတော့ ဂျပန်နိုင်ငံရဲ့ မီယာဂီ၊ ယာမာဂါတာ၊ နီဂါတာစီရင်စုနယ်များရှိ နေထိုင်သူများကို အိမ်တွင်းမှာပဲပုန်းခိုနေဖို့ သတိပေးခဲ့ရကြောင်း J-Alert အရေးပေါ်ရုပ်သံဌာနက တင်ပြခဲ့ပါတယ်။
ပထမဆုံးပစ်ခတ်မှုမှာ အမြင့် ၂ ထောင်ကီလိုမီတာသို့ တက်သွားပြီး အကွာအဝေး ၇၅၀ ကီလိုမီတာကိုရောက်ရှိသွားပါတယ်။
အဆိုပါပစ်ခတ်မှုပုံစံဟာ အိမ်နီးချင်းနိုင်ငံများကို မထိမှန်စေရန် လေထဲသို့အမြင့်ကြီး တက်သွားတဲ့ဒုံးကျည်မျိုးဖြစ်ပါတယ်။
ခဏအကြာမှာ ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က သတင်းထောက်များကိုပြောကြားခဲ့ရာမှာ မြောက်ကိုရီးယားရဲ့ အကြိမ်ကြိမ်ဒုံးကျည်ပစ်လွှတ်မှုတွေက အမျက်ထွက်စရာကောင်းပြီး လုံးဝခွင့်လွှတ်စရာအကြောင်း မရှိဘူးလို့ ဆိုပါတယ်။
ပထမဒုံးကျည်ပစ်ပြီးနောက် တစ်နာရီခန့်အကြာမှာ တာတိုပစ်ဒုံးကျည် ၂ စင်းကိုလည်း မြောက်ကိုရီးယားမှ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်နဲ့ ဂျပန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့တို့က သတင်းပို့ခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ကာကွယ်ရေးအမျိုးအစားများဖြစ်ပြီး မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
- Category: World
- Hits: 334
#Local_News
Published _ 3 november 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် မြန်မာ့စိတ်ရင်းပရဟိတအဖွဲ၏ အခမဲ့သားသတ်လွတ်ထမင်းဆိုင်ရှိ ကထိန်ပဒေသာပင်မှ ငွေများနှင့် ရေမော်တာများ ဖောက်ထွင်း ခိုးယူခံခဲ့ရကြောင်း သိရသည်။
နိုဝင်ဘာလ ၂ ရက် ညပိုင်းက ဆိုင်အတွင်း ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူသွားခြင်း ဖြစ်ကြောင်းအဆိုပါ အသင်းရဲ့တာဝန်ရှိသူထံမှသိရသည်။
"ဆိုင်ကို သူခိုးဝင်ခိုးတာပါ၊ အခုက ကထိန်အတွက်လုပ်ထားတဲ့ ပဒေသာပင်က ပိုက်ဆံတွေပါ ဝင်ခိုးတယ်ဆိုတာကတော့ ဒါက မဖြစ်သင့်ဘူးလေ။ ပဒေသာပင်ကိုအထဲမှာ သော့ခတ်ပြီးထားတာ အဲဒါကိုအပြင်ကနေ သံဇကာတွေကို ညှပ်ပြီးတော့ ပဒေသာပင်မှာချိတ်ဆွဲထားတဲ့ပိုက်ဆံတွေကို အတွဲလိုက်ဖြုတ်ခိုးသွားတာ။ ကျွန်တော်အခမဲ့ ထမင်း ဆိုင်ကို ဒီမှာမဖွင့်တော့ပါဘူး အပြင်ထွက်
ဝေတဲ့ အစီစဉ်ပဲလုပ်ပါတော့မယ်။ ၅ရက်လုံးအပြင်မှာပဲ ဝေပါတော့မယ်။ ဆိုင်နေရာပြောင်းပြီးမှ ဆိုင်မှာကျွေးတာ ပြန်လုပ်ပါမယ်။ ဆိုင်ကိုမပိတ်ပါဘူး နေရာရွေ့မှာပါ "ဟုမြန်မာ့စိတ်ရင်းပရဟိတအဖွဲ့က ကိုမိုးမာန်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ မြန်မာ့စိတ်ရင်း အခမဲ့သားသတ်လွတ် ထမင်းဆိုင်သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆) ရပ်ကွက်၊ ပုဂံလမ်းမကြီးပေါ် ရှိ ဝနဝါသီဘုန်းကြီးကျောင်းရှေ့တွင် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။
ယင်းဆိုင်က နေ့ရက်အလိုက် နွမ်းပါးလူဦးရေ (၁၀၀)ကျော်အား ကျွေးမွေးလှူဒါန်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
#ymg/NN
#Yangon _ Media_ Group
- Category: Myanmar
- Hits: 473
#Local_News
Published_ 3 November 2022
၂၀၂၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာလ(၇)ရက်မှ (၉)ရက်အထိ တောင်ကြီးမြို့အဝေရာ မီးပုံးပျံကွင်း၌ မီးပုံးပျံပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံများပညာရှင်အသင်းမှ သိရသည်၊၊
ကိုဗစ်ဖြစ်ပွားမှုများကြောင့်မကျင်းပဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို ယခု ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ် သည်၊
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိရပ်ကွက်အုပ်ချုပ်ရေးမှူး သို့မဟုတ် ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံပညာရှင်အသင်းထံနိုဝင်ဘာလ(၅)ရက်နောက်ဆုံးထားပြီး ယှဉ်ပြိုင်လိုသည့် မီးပုံးပျံအမျိုးအစားအလိုက် စာရင်းပေးသွင်းကြရမည် ဖြစ်သည်ဟုဆိုသည်၊၊
နိုဝင်ဘာလ(၇)ရက်တွင် မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းယက်လုပ်ပူဇော်ပွဲ ၊ စိန်နားပန်အလှမီးလွှတ်တင်ပူဇော်ပွဲကို စူဌာမုနိဘုရားရင်ပြင်တွင် လည်းကောင်း၊ အဝေရာမီးပုံးပျံကွင်းတွင် ဈေးဆိုင်ခန်းနှင့် မီးပုံးပျံငယ်များလွတ်တင်ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်၊၊
နိုဝင်ဘာလ(၇)ရက်မှ(၉)ရက်နေ့(နေ့ခင်းပိုင်း)တွင် နေ့လွှတ်အရုပ်ပြိုင်ပွဲကျင်းပခြင်း၊ ရိုးရာဈေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (ညပိုင်း)တွင် စိန်နားပန်မီးပုံးပျံလွှင်တင်ခြင်းနှင့် ရိုးရာဈေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသိရသည်၊၊
နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ (ခြေနှစ်ချောင်းနှင့် ခြေလေးချောင်း) ၂မျိုးကို ဆုချီးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်သည်၊၊ ပထမဆု - ကျပ် ၁၀သိန်း၊ဒုတိယဆု - ကျပ် ၅ သိန်း၊တတိယဆု - ကျပ် ၃ သိန်း၊ နှစ်သိမ့်ဆုကို တစ်ဆုလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ၅ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲဝင်မည့် စာရင်းနေ့လွှတ်မီးပုံးပျံအလုံး ၅၆လုံးရရှိပြီးဖြစ်ပါကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
- Category: Myanmar
- Hits: 1084
#Local_News
Published _ 3 November 2022
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား (၂၇) ဦးကို ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
နိုဝင်ဘာလ ၁ ရက်ကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သားသစ် (၆၈) ဦး၊ CBT ကုန်ထုတ်လုပ်သား (၁၆) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂၁) ဦး၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၀၉) ဦးကို ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အလုပ်သမား စုစုပေါင်း ၁၂၉၈ ဦး ကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စာရင်းများအရ သိရသည်။
ယင်းတို့ကို အောက်တိုဘာလ ၄ ရက်တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၂၈ ၊အောက်တိုဘာလ ၆ ရက်တွင် ကုန်ထုတ် Re-entry လုပ်သား (၁၁၀)ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry လုပ်သား (၁၄) ဦး၊ စုစုပေါင်း ၁၂၄ ဦး၊အောက်တိုဘာလ ၁၁ ရက် တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၂၀ ဦး၊ အောက်တိုဘာလ ၁၃ ရက်တွင် ကုန်ထုတ်လုပ်သားသစ်(၆၈)ဦး၊ ကုန်ထုတ် Re-entry (၇၆) ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry (၄) ဦး၊ စုစုပေါင်း (၁၄၈) ဦး၊အောက်တိုဘာလ ၁၈ရက်တွင် ကုန်ထုတ်လုပ်သားသစ်(၁၂၆)ဦး၊ ဆောက်လုပ်ရေး လုပ်သားသစ် (၂၄)ဦး၊ စုစုပေါင်း (၁၅၀) ဦး၊အောက်တိုဘာလ ၂၀ ရက်တွင် EPS စနစ်ဖြင့် စေလွှတ်သောကုန်ထုတ်လုပ်သားသစ် (၁၇၈) ဦး၊အောက်တိုဘာလ ၂၅ ရက်တွင် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သား (၁၂၉) ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၁၉) ဦး၊ စုစုပေါင်း (၁၄၈) ဦး၊အောက်တိုဘာလ ၂၇ ရက်တွင့် EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သားသစ် (၁၈) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၁၅၂) ဦး၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၃) ဦး ဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
- Category: Myanmar
- Hits: 370
#Local_News
Published_ 3 November 2022
ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ(၆)ခု(နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တို့မှ၂၀၂၂-ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအနေဖြင့်ဆေးတက္ကသိုလ်များသို့ နိုဝင်ဘာလ(၂၅)ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
ယင်းကဲ့သို့လျှောက်ထားရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်မည်ဖြစ်သည်၊၊
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များသို့ လျှောက်ထားလိုသူများအနေဖြင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ(၆)ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တွင် အမြဲနေထိုင်သူဖြစ်ရမည်ဖြစ်ပြီး (၈)တန်းမှ(၁၀)တန်းအထိ အဆိုပါဒေသများတွင် ပညာသင်ကြားခဲ့ကာ ယင်းဒေသများ၏ စာစစ်ဌာနများတွင်စာမေးပွဲအောင်မြင်ခဲ့သူများဖြစ်ရမည် ဖြစ်ကြောင်းဖော်ပြထားသည်၊၊
သိပ္ပံဘာသာတွဲဖြင့်စာမေးပွဲအောင်မြင်ပြီး (၆)ဘာသာရမှတ်စုစုပေါင်း(၄၂၀)ရရှိရမည်ဖြစ်ကာ အင်္ဂလိပ်စာ၊ ဓာတု၊ ဇီဝ(၃)ဘာသာရမှတ်အနည်းအများအပေါ် မူတည်၍ပမာဏရွေးချယ်ပြီး လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်၊၊
ဘွဲ့ရပြီးပါက မိမိဒေသတွင် နိုင်ငံဝန်ထမ်းအဖြစ်၊အနည်းဆုံး(၅)နှစ် ၊ဘွဲ့လွန်သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်ဝန်ခံကတိပြုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
#ymg/tthl
#Yangon_Media_Group
- Category: Myanmar
- Hits: 437