Published_ 15 May 2024

"အချစ်ခံကြည့်"တေးသီချင်းကြောင့် သရုပ်ဆောင်ဗညားဘုန်းပြည့်နှင့် ဇာတ်ညွှန်းရေးပေးသူရွှေဆုတို့ ဖမ်းဆီးခံရပြီး အဓိက တေးသီချင်းအပ်နှံ၊ ထုတ်လုပ်၊သီဆို၊သရုပ်ဆောင်ခဲ့သည့် ဖူးပွင့်သခင်မှဖြေရှင်းပေးရန် တေးရေးမင်းစည်သူမှတောင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ MTV တွင် အနမ်းခန်းများ၊ကုတင်‌ပေါ်တွင်မဖွယ်မရာသရုပ်ဆောင်ပြမှုများပါဝင်ပြီး သရုပ်ဆောင်ဗညားဘုန်းပြည့် နှင့် ဇာတ်ညွှန်း‌ရေးသူ ရွှေဆုတို့ကတော့ ပုဇွန်တောင်ရဲစခန်း၌ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ဖူးပွင့်သခင်နှင့် ဗညားဘုန်းပြည့်ကို ဖမ်းဆီးရန် အမိန့် ဦးစွာကျလာခြင်းဖြစ်ပြီး လတ်တလောမှာတော့ ဗညားဘုန်းပြည့်နှင့်‌ ရွှေဆုတို့ ဖမ်းခံရကြောင်း ၊‌ဗညားဘုန်းပြည့်မှာ မကြာမီ ပြန်လွတ်နိုင်ခြေရှိကြောင်းနှင့် ဇာတ်ညွှန်းရေးပေးသည့် ရွှေဆုကလည်း ဇာတ်ညွှန်းပါအတိုင်း ရိုက်ထားခြင်းမဟုတ်၍ သူနှင့်မသက်ဆိုင်ဘဲ ဖမ်းဆီးခံ‌နေရပြီး လွတ်မြောက်နိုင်ခြေလည်း မရှိသေးသည့်အတွက် အဓိက တေးသီချင်း အပ်နှံ ၊ထုတ်လုပ်၊ သီဆို၊သရုပ်ဆောင်ထားသူ သရုပ်ဆောင်၊အဆိုတော်ဖူးပွင့်သခင်မှ ရှောင်မနေဘဲ ဖြေရှင်းပေးစေလိုသည်ဟု တေးရေးမင်းစည်သူက liveလွှင့်ပြီး ပြောထားသည်။

ပြီးခဲ့သည့်ရက်များကစ၍ လူမှုကွန်ရက်ပေါ်တွင် ရိုက်ကူးထုတ်လွှင့်ပြသသည့် တေးသီချင်းများ ၊ဇာတ်လမ်းတွဲ၊ဇာတ်လမ်း၊ရုပ်ရှင်များသည် သားနှင့် အမိ၊မောင်နှင့်နှမ ကြည့်ရူရန်မသင့်လျော်ဘဲ မြန်မာ့ ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင့်သည့် ရိုက်ကူး ထုတ်လွှင့်ခြင်းမပြုရန်နှင့်ယင်းကဲ့သို့ဆောင်ရွက်ပါက ပြန်ကြားရေးဝန်ကြီးဌာနမှ အီလက်ထရော်နစ် ဆက်သွယ်ရေးဥပဒေ(၃၃)ကဖြင့် အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း သတိပေးချက်များဆက်တိုက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

"စောင့်ပတ်"သီချင်းနှင့်"စကားလေးတစ်ခွန်းပဲဖြေ ချစ်လား"သီချင်းနှင့်သက်ဆိုင်သူအားလုံးကိုလည်းမြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြီးအရှက်သိက္ခာကင်းမဲ့စွာရိုက်ကူးပြသခဲ့သည့်အတွက်ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်အရေးယူထားကြောင်းပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 15 May 2024
#Yangon_Times #YMG_News #Yangon_Media_Group