ဂျပန်အစိုးရအာဏာရပါတီ၏ ရန်ပုံငွေအရှုပ်တော်ပုံနှင့် တိုင်းပြည်စီးပွားရေးကိုင်တွယ်ပုံများကြောင့် ဝန်ကြီးအဖွဲ့အပေါ်ထောက်ခံမှုနှုန်းကျဆင်းလာ
ဂျပန်နိုင်ငံမှ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)ရဲ့ အင်အားအကြီးဆုံး အုပ်စုအဖွဲ့အနေနဲ့ ရန်ပုံငွေအရှုပ်တော်ပုံသတင်း ဆက်လက်ထွက်ပေါ်နေတာကြောင့် ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ ဦးဆောင်တဲ့ ဝန်ကြီးများအဖွဲ့ကို အသိအမှတ်ပြုနှုန်းကျဆင်းနေပါတယ်။
#World_Politics
Published 19 April 2024
#တိုင်းပြည်စီးပွားရေးကိုင်တွယ်ပုံ #လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ
#YMG_News #Yangon_Times #Yangon_Media_Group
- Category: World
- Hits: 5
#Daily_News
Published_ 19 April 2024
၁။ သင်္ကြန်ပိတ်ရက် ပုဂံသဲပန်းချီများရောင်းအားတက်ခဲ့၊ ပုဂံနံရံပန်းချီများမဖျက်ဆီးရန် မေတ္တာရပ်ခံ
၂။ ပလင်းကမ်းသာယာဆင်စခန်းသို့ နှစ်သစ်ကူးပွဲတော်ရက်အတွင်း ခရီးသွားဝင်ရောက်မှုစံချိန်တင်များပြား
၃။ ဆိတ်မွေးမြူရေးနှင့်သားသတ်ဈေးကွက်တွင် ရောင်းလိုအားများပြီးဝယ်လိုအားနည်းနေဟုဆို
၄။ ဂျပန်အစိုးရအာဏာရပါတီ၏ ရန်ပုံငွေအရှုပ်တော်ပုံနှင့် တိုင်းပြည်စီးပွားရေးကိုင်တွယ်ပုံများကြောင့် ဝန်ကြီးအဖွဲ့အပေါ်ထောက်ခံမှုနှုန်းကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
- Category: Myanmar
- Hits: 11
၁၉ ဧပြီ ၂၀၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်း ဧပြီ၁၈ ရက်က ဆူပူအကြမ်းဖက်မှုဖြစ်ပွားပြီး အကျဉ်းသား (၄)ဦးသေဆုံးကာ အကျဉ်းသား (၈)ဦးဒဏ်ရာရရှိခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန် ချက်အရ သိရ ပါတယ်။
မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ အမျိုးသား အပြစ်ကျဆောင်(၆)နှင့် (၇)တို့၌ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့်ပတ်သက်၍ တရားမျှတမှုမရှိဟုဆိုကာ အကျဉ်းသား များ ဆူပူ သောင်းကျန်းနေတဲ့အတွက် အကျဉ်းဦးစီးဌာနဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင် ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှု မရှိဘဲ ဆက်လက်အော်ဟစ်ဆဲဆိုဆူပူမှုများ ပြုလုပ်ခဲ့ကြ တယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းနောက် အကျဉ်းသားများသည် ၎င်းတို့၏ အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့သွားရောက် ရန်မူရန်ကြိုးစားလာကြ ပြီး ဖျက်ဆီးမှု တွေကို အရှိန်မြှင့် ဆောင်ရွက်လာကြတဲ့အတွက် အခြေအနေကို ထိန်းသိမ်းရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင် ရဲတပ်ဖွဲ့မှူးဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကဆောင်ရွက်ခဲ့ရတယ်လို့သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ အကျဉ်းထောင်ပတ်လည်၌ လုံခြုံရေးဆောင်ရွက် ထားရှိပြီး ဆူပူသောင်းကျန်းနေသူများအား အကျဉ်းဦးစီးဌာန ဝန်ထမ်းများက လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျ ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုးများဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား ရန်မူတိုက်ခိုက်လာကြတယ်လို့ သတင်းထုတ်ပြန်ထား ပါတယ်။
အဲဒါကြောင့်ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ အကျဉ်းဦးစီးဌာနဝန်ထမ်းများက အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး တုတ်ဒိုင်းများ အသုံးပြုနှိမ်နင်း ထိန်းသိမ်းခဲ့မှုကြောင့် ညနေ ၅ နာရီခန့်တွင် အခြေအနေ အား ထိန်းသိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်ကြောင့် အကျဉ်းသား ၄ ဦးသေဆုံးကာ အကျဉ်းသား ၈ ဦးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ထိခိုက် ဒဏ်ရာရရှိသည့် အကျဉ်းသားများအား မြစ်ကြီးနားမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပါ တယ်။
ဖြစ်စဉ်ကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်စိစစ်မှုများ ဆောင်ရွက်သွားမှာဖြစ်တဉ်လို့ သတင်းရရှိပါတယ်။
@ymg/knl
- Category: Myanmar
- Hits: 130
၁၉ ဧပြီ ၂၀၂၄
ဘန်ကောက်မြို့ မင်ဘူရီခရိုင်မှာရှိတဲ့ ကွန်ဒိုတစ်ခုရဲ့ ဘုံဘိုင်ရေတွေ အရောင်နှင့်အနံ့ပြောင်းနေတဲ့အတွက် စုံစမ်းမှုတွေ ပြုလုပ် ရာမှ အဲဒီကွန်ဒိုခေါင်မိုးက ရေတိုင်ကီထဲမှာ သေဆုံးနေတဲ့ မြန်မာအမျိုးသားတစ်ဦးရဲ့ အလောင်းကို ယနေ့ ဧပြီ၁၉ ရက်မနက်က တွေ့ရှိခဲ့ကြတယ်လို့ ထိုင်းသတင်းမီဒီယာတစ်ခုကရေးသားပါတယ်။
ဘုံဘိုင်ရေတွေဟာ အလာလည်းနှေးနေတဲ့အပြင် အနံ့တွေဆိုးနေပြီး အရောင်လည်းပြောင်းနေတဲ့အတွက် ကွန်ဒိုနေသူတွေက ကွန်ဒိုပိုင်ရှင်ထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
ပိုင်ရှင်က ခေါင်မိုးမှာတင်ထားတဲ့ ရေတိုင်ကီကိုစစ်ဆေးဖို့ ကျွမ်းကျင်သူတစ်ဦးကို လွှတ်ခဲ့ပါတယ်။ အဲဒီအခါ ရေကန်ထဲ ပေါလောပေါ်နေတဲ့ ရုပ်အလောင်းကိုတွေ့ရှိလိုက်ကြရတာဖြစ်ပါတယ်။
သေဆုံးသူဟာ အသက် ၂၇နှစ်အရွယ် မြန်မာအမျိုးသား အောင်စုမြတ်ဆိုသူဖြစ်ပြီး အဆိုပါကွန်ဒိုရဲ့ လေးထပ်မှာနေထိုင်သူလို့ တွေ့ရှိကြရပါတယ်။ သူဟာ ရေတိုင်ကီထဲမှာ ကိုယ်လုံးတီးသေဆုံးနေပြီး သူ့ရဲ့ အနီရောင်ပုဆိုးကို အောက်ခြေမှာ ခွေလျက် ကလေးတွေ့ရပါတယ်။
တီဘီအက်စ်သတင်းဌာနရဲ့သတင်းပေးပို့ချက်အရ အောင်စုမြတ်ဟာ ဧပြီ၁၇ ရက်က ကွန်ဒိုခေါင်မိုးမှာ သူငယ်ချင်းတွေနှင့် အတူအရက်သောက်ခဲ့ကြပြီးနောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ သူတို့သူငယ်ချင်းတစ်သိုက်ဟာ ည၁၁နာရီခန့်မှာ ခွဲခဲ့ကြတယ် လို့ သူ့သူငယ်ချင်းတွေကရဲကိုပြောပြပါတယ်။ အဲဒီအချိန်မှာ အောင်စုမြတ်ဟာ သူ့သမီးနှင့်အတူ ခေါင်မိုးမှာ ဆက်ရှိနေခဲ့ တယ်လို့ သူတို့ကပြောပါတယ်။
အောင်စုမြတ်ဟာ သိပ်ပူတယ်လို့ပြောပြီး ရေတိုင်ကီထဲ ခုန်ချသွားတယ်၊အဲဒီနောက်ပြန်ပေါ်လာပြီး သူသိပ်နေမကောင်းချင်ဘူး လို့ပြောတယ်လို့ သူ့ရဲ့ (၆)နှစ်အရွယ်သမီးကပြောပါတယ်။
အဲဒီနောက် သမီးက အဖေဖြစ်သူကို ခေါင်မိုးမှာ တစ်ဦးတည်းထားခဲ့ပြီး ပြန်လာခဲ့ပါတယ်။ သူဟာ ရေကန်ထဲ နောက်တစ်ကြိမ် ခုန်ဆင်းပြီးနောက် မူးနေလို့ ဒါမှမဟုတ်ကြွက်တက်လို့ ရေနစ်သေသွားတာဖြစ်မယ်လို့ သူ့မိသားစုက ထင်ထားကြပါတယ်။
ဧပြီ ၁၇ ရက်ကတည်းက သူ့ယောကျ်ား ပျောက်ဆုံးခဲ့တာလို့ ဇနီးဖြစ်သူကပြောပါတယ်။ အဲဒါကြောင့် သူမဟာ ဆောက်တည် ရာမရဖြစ်ပြီး ဗေဒင်ဆရာတွေကနေတစ်ဆင့် သဘာဝလွန် ဝိဉာဉ်တွေကိုတောင် အကူအညီတောင်းပြီးရှာခိုင်းသေးတယ်လို့ သတင်းမှာရေးသားထားပါတယ်။
ထိုင်းရတ်သတင်းဌာနရဲ့အဆိုအရ အဲဒီကွန်ဒိုမှာ နေထိုင်သူအများစုဟာ အနီးနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာဝန်ထမ်းတွေဖြစ်ကြတယ်လို့သိရပါတယ်။ ကွန်ဒိုနေထိုင်သူအချို့က ရေတိုင်ကီထဲဆင်းတဲ့ သေဆုံးသူ ကို အပြစ်တင်နေကြပြီး အချို့ကတော့ အဲဒီရေတွေကို (၃)ရက်လောက် သောက်သုံးခဲ့ရတဲ့အပေါ် မသတီဖြစ်နေကြပါတယ်။
မင်ဘူရီရဲဌာနအရာရှိတွေက ဖြစ်ရပ်နှင့်ပတ်သက်လို စုံစမ်းမှုတွေပြုလုပ်နေပြီး အောင်စုမြတ်ရဲ့ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေး ဖို့ ဆေးရုံကိုလွှဲပေးဖို့စီစဉ်နေကြောင်း သတင်းမှာဖော်ပြထားပါတယ်။
#ymg/knl
- Category: Myanmar
- Hits: 4090
ပဲစင်းငုံလက်ကျန်နည်းပါးချိန် စံချိန်တင်ဈေးရရှိနေတယ်လို့ ပဲနှမ်းကုန်သည်တွေဆီကသိရပါတယ်။
#Local_News
Published_ 19 April 2024
#ပဲစင်းငုံလက်ကျန်နည်းပါး #စံချိန်တင်ဈေးရရှိနေ
#YMG/ NN #Yangon- Times
- Category: Myanmar
- Hits: 28
မသိနားမလည်တဲ့ ဒေသခံတွေက တောထဲမှာ ထင်းခြောက်ကောက်ရင်း တောမီးတွေရှိထားခဲ့တာက နေအိမ်တွေကိုလောင်ကျွမ်းတာကတစ်ကြောင်း၊ ရာသီဥတုပူလို့တောမီးလောင်တာက တစ်ကြောင်းကြောင့် မီးသတ်တွေ အခက်တွေ့နေတယ်။
(ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 19 April 2024
#နေအိမ်များမီးလောင်ကျွမ်း #ရာသီဥတုပူလို့တောမီးလောင်
#tthl #Yangon_Times
- Category: Myanmar
- Hits: 16
#Local_News
Published_ 19 April 2024
ယခုနှစ်သင်္ကြန်အပြီးတွင် လျှပ်စစ်မီတာခများတက်မည်ဟု လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော်ပြခြင်းများရှိခဲ့ပြီး လောလောဆယ်တော့တက်ရန် မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။
မီဒီယာတစ်ခုမှယခုနှစ်သင်္ကြန်အပြီး လျှပ်စစ်မီတာခများတက်မည်ဟုလူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခြင်းများရှိခဲ့ကြောင်း၊
မီတာခများတက်ရန်ရှိသလား။ တက်မည်ဆိုပါက အိမ်သုံးရော၊စီးပွားရေးသုံး လျှပ်စစ်မီတာခများပါ တက်မှာလား။ဘယ်တော့စတက်မလဲဆိုသည့် မေးခွန်းကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ယခုလောလောဆယ်မရှိသေးပါခင်ဗျာဟုဖြေကြားခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် အိမ်သုံးလျှပ်စစ်မီတာခများကို တစ်ယူနစ်ကနေ ၃၀ ယူနစ်အထိကို တစ်ယူနစ်၃၅ ကျပ်၊ ၃၁ယူနစ်ကနေ ၅၀ ယူနစ်အထိကို တစ်ယူနစ် ၅၀ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိကို တစ်ယူနစ် ၇၀ကျပ်၊ ၇၁ယူနစ်ကနေ ၁၀၀ယူနစ်အထိကို တစ်ယူနစ် ၉၀ကျပ်၊ ၁၀၁ ယူနစ်ကနေ ၁၅၀ ယူနစ်အထိကို တစ်ယူနစ် ၁၁၀ကျပ်၊ ၁၅၁ယူနစ်ကနေ ၂၀၀ ယူနစ်အထိကို တစ်ယူနစ် ၁၂၀ကျပ်၊ ၂၀၀ယူနစ်အထက်ကို တစ်ယူနစ်၁၂၅ ကျပ် သတ်မှတ်ထားကြောင်းနှင့် လုပ်ငန်းသုံးမီတာများကိုလည်း မီတာခများသတ်မှတ်ကောက်ခံလျက်ရှိကြောင်း သိရသည်။
#Local_News လျှပ်စစ်မီတာခများတက်ရန်မရှိ #လျှပ်စစ်ဝန်ကြီးဌာနဆို #tthl #Yangon_Times
- Category: Myanmar
- Hits: 24
ဆိတ်မွေးမြူရေး ဈေးကွက်နဲ့သားသတ်ဈေးကွက်မှာတော့ ရောင်းလိုအားသာများနေပြီး ပြည်တွင်းဝယ်လိုအားမှာ နည်းနေတယ်လို့ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 19 April 2024
#ဆိတ်မွေးမြူရေးဈေးကွက် #ပြည်ပတင်ပို့မှုနည်းနေ
#YMG/LW #Yangon_Times
- Category: Myanmar
- Hits: 12
'ပုံမှန်တစ်လလောက်ဝင်တဲ့ခရီးသွားဦးရေ သက်ြန်ကာလအတွင်းမှာဝင်ပါတယ်၊ နှစ်ဆန်းတစ်ရက်နေ့ကတော့အများဆုံးဝင်တာပါ '
#Local_News
Published_ 19 April 2024
#ပလင်းကမ်းသာယာဆင်စခန်း #ခရီးသွားဝင်ရောက်မှုစံချိန်တင်
#YMG/ NN #Yangon_Times
- Category: Myanmar
- Hits: 14
၁၉ ဧပြီ ၂၀၂၄
ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်နာရင်ဒရာမိုဒီအတွက် အောင်ပွဲအသေအချာဖြစ်စေမည့် ခြောက်ပတ် ကြာ အိန္ဒိယရွေးကောက်ပွဲကို ဧပြီ ၁၉ ရက် သောကြာနေ့မှာ စတင်လိုက်ပါတယ်။
ကမ္ဘာ့အကြီးမားဆုံးရွေးကောက်ပွဲဖြစ်သည့် အိန္ဒိယရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပေါင်း ၉၆၈သန်းက ဆန္ဒမဲ ပေးကြမည်ဖြစ်ပါတယ်။
ဟိန္ဒူတို့ရဲ့ အထွတ်အမြတ်ထးရာ ဂင်္ဂါမြစ်ကမ်းဘေးရှိ ဟာရီဒွာမြို့က မဲရုံတစ်ရုံရဲ့အပြင်ဘက်မှာ မဲပေးကြ မယ့် လူတန်းကြီး ဟာ မဲရုံမဖွင့်ခင်ကတည်းက အရှည်ကြီးဖြစ်နေတာတွေ့ကြရပါတယ်။
“ ကျွန်တော်ဒီနေ့မဲလာပေးတာဟာ နိုင်ငံက ဦးတည်နေတဲ့လမ်းကြောင်းအပေါ် သဘောကျလို့ဖြစ်တယ်” လို့ အသက် ၂၇နှစ်အရွယ် ဆိုက်ကားဆရာ ဂန်ဂါဆင်းကပြောပါတယ်။
“ ကျွန်တော်က ကိုယ်ရေးကိုယ်တာအတွက်မဟုတ်ဘဲ နိုင်ငံချမ်းသာရေးအတွက်စိတ်ထားပြီး မဲပေးမှာပါ” လို့သူကပြောပါတယ်။
အသက် ၇၃နှစ်အရွယ်မိုဒီဟာ ဝန်ကြီးချုပ်ရာထူးကို ဆယ်စုနှစ်တစ်စုကြာယူထားခဲ့ပြီးတဲ့တိုင် ဆက်လက် ပြီး လူကြိုက်များနေဆဲဖြစ်ပါတယ်။
“ စံချိန်းချိုးတဲ့အထိ မဲတွေပေးကြဖို့ အားလုံးကိုတောင်းဆိုပါတယ်” လို့ မိုဒီက မဲပေးပွဲစတင်တဲ့အချိန်မှာ ဆိုရှယ်မီဒီယာ အိတ်စ် ကနေ ရေးသားခဲ့ပါတယ်။
မိုဒီဟာ ၂၀၁၄နှင့် ၂၀၁၉ ရွေးကောက်ပွဲနှစ်ခုစလုံးမှာ တောင်ပြိုကမ်းပြိုအနိုင်ရခဲ့တဲ့ အာဏာရ ဘီဂျေပီ ပါတီကိုဦးဆောင်နေခဲ့ပါတယ်။
ရွေးကောက်ပွဲတွေကို ဧပြီ ၁၉ရက်မှ ဇွန်လ(၁)ရက်အထိ အဆင့်(၇)ဆင့်ဖြင့် အိန္ဒိယနိုင်ငံတစ်လွှားက မဲရုံပေါင်းတစ်သန်းကျော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
မဲတွေကို ဇွန်(၄)ရက်နေ့မှာ ရေတွက်မှာဖြစ်ပြီး ပုံမှန်အားဖြင့် အဲဒီရက်မှာပဲ ရလာဒ်ကို ကြေညာ လေ့ရှိပါတယ်။
Source AFP
- Category: World
- Hits: 38
ဟိုအရင်တုန်းကလို ပုဂံနံရံပန်းချီတွေကို ပုဂံသဲပန်းချီအဖြစ် ကူးဆွဲသူအချို့ဟာ အခြားသူတွေမကူးဆွဲနိုင်အောင် မူလနံရံပန်းချီလက်ရာတွေကိုဖျက်ဆီးခဲ့တာတွေမလုပ်ဖို့လိုတယ်။ ပြည်တွင်းဘုရားဖူးတွေရဲ့ ဝယ်ယူအားပေးမှုတွေတက်ခဲ့ပေမယ့် နိုင်ငံခြားသားဝယ်ယူမှုကတော့ နည်းပါးနေသေးတယ်။ ပုဂံမှာလာဝယ်ယူတာထက်အွန်လိုင်းက မှာယူတာအနည်းငယ်သာ ရှိနေသေးတယ်။(ပုဂံသဲပန်းချီရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင် ကိုမင်း)
#Local_News
Published_ 19 April 2024
#ပုဂံသဲပန်းချီ #ပုဂံနံရံပန်းချီ
#tthl #Yangon_Times
- Category: Myanmar
- Hits: 9
အစ္စရေးက အီရန်ကို လက်တုန့်ပြန် တိုက်ခိုက်
၁၉ ဧပြီ ၂၀၂၄
အစ္စရေးက အီရန်ကို သောကြာနေ့မှာလက်တုန့်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့ အမေရိကန်မီဒီယာ များက သတင်းဖော်ပြကြပြီးနောက် အီရန်နိုင်ငံပိုင်မီဒီယာကလည်း အီရန် အလယ်ပိုင်း အစ်စ်ဖန်ဟန် ပြည်နယ်တွင် ပေါက်ကွဲမှုများဖြစ်ခဲ့တယ်လို့ သတင်းရေးသားကြပါတယ်။
အီရန်မြို့တော်တော်များများမှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေတုန့်ပြန်လုပ်ဆောင်မှုတွေရှိခဲ့ တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက သတင်းဖော်ပြကြပါတယ်။ အစ်ဖန်ဟန် မြို့အနီးတစ်ဝိုက်မှာ ပေါက်ကွဲသံတွေကြားတယ်လို့လည်း အီရန်ရဲ့ တရားဝင်ရုပ်သံက သတင်းထုတ်လွှင့်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပ်က အစ္စရေးကို အီရန်က ဒုံးကျည်ရာပေါင်းများစွာနှင့် ပစ်လွှတ်တိုက်ခိုက်ပြီးတဲ့နောက် အီရန်ကိုပြန်တိုက်ခိုက်မယ်လို့ အစ္စရေးက သတိပေးထားခဲ့ပြီးဖြစ်ပါတယ်။
အီရန်ရဲ့ ဖာစ်သတင်းအေဂျင်စီက သတင်းပေးပို့ရာမှာ အစ်ဖန်ဟန်လေဆိပ်နှင့် ရှက်ကာရီလေတပ်အခြေ စိုက် စခန်းအမှတ်(၈)တွေအနီး ကွာဂျာဗာရက်စတန်အနီး ပေါက်ကွဲမှုသုံးခုအသံကြားရတယ်လို့ပြော ပါတယ်။
အီရန် အာကာသအေဂျင်စီပြောရေးဆိုခွင့်ရသူ ဟိုစိန်ဒါလီရီယန်ကလည်း ဒရုန်းတော်တော်များများကို အောင်မြင်စွာပစ်ချခဲ့တယ်လို့ပြောပါတယ်။
ဒုံးကျည်ဖြင့်တိုက်ခိုက်မှု မကြားရသေးဘူးလို့လည်း သူကပြောပါတယ်။
အကြီးအကျယ်ထိခိုက်မှုတွေနှင့် ကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ သတင်းတွေမှာ မတွေ့ရဘူးလို့ လည်း တရားဝင် IRNA သတင်းအေဂျင်စီက ပြောပါတယ်။
ကျယ်လောင်တဲ့ပေါက်ကွဲသံတွေဆိုတာဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်က လေထဲက ပစ်မှတ် တွေကို ပစ်ချတဲ့အသံတွေဖြစ်တယ်လို့ အစ်ဖန်ဟန်မှ အကြီးတန်းစစ်ဘက်အရာရှိ ဗိုလ်ချုပ် ဆီယာဗက် မီဟန်ဒိုးစ်က နိုင်ငံပိုင်ရုပ်သံကိုပြောကြားပါတယ်။
Source AFP
- Category: World
- Hits: 236