#Local_News
Published_ 3 November 2022

 

ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ(၆)ခု(နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တို့မှ၂၀၂၂-ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအနေဖြင့်ဆေးတက္ကသိုလ်များသို့ နိုဝင်ဘာလ(၂၅)ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊

 

ယင်းကဲ့သို့လျှောက်ထားရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်မည်ဖြစ်သည်၊၊

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များသို့ လျှောက်ထားလိုသူများအနေဖြင့် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသော ဒေသများ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ(၆)ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ)တွင် အမြဲနေထိုင်သူဖြစ်ရမည်ဖြစ်ပြီး (၈)တန်းမှ(၁၀)တန်းအထိ အဆိုပါဒေသများတွင် ပညာသင်ကြားခဲ့ကာ ယင်းဒေသများ၏ စာစစ်ဌာနများတွင်စာမေးပွဲအောင်မြင်ခဲ့သူများဖြစ်ရမည် ဖြစ်ကြောင်းဖော်ပြထားသည်၊၊

 

သိပ္ပံဘာသာတွဲဖြင့်စာမေးပွဲအောင်မြင်ပြီး (၆)ဘာသာရမှတ်စုစုပေါင်း(၄၂၀)ရရှိရမည်ဖြစ်ကာ အင်္ဂလိပ်စာ၊ ဓာတု၊ ဇီဝ(၃)ဘာသာရမှတ်အနည်းအများအပေါ် မူတည်၍ပမာဏရွေးချယ်ပြီး လူတွေ့နှုတ်မေးစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိမည်ဖြစ်ကြောင်းသိရသည်၊၊

 

ဘွဲ့ရပြီးပါက မိမိဒေသတွင် နိုင်ငံဝန်ထမ်းအဖြစ်၊အနည်းဆုံး(၅)နှစ် ၊ဘွဲ့လွန်သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံဝန်ထမ်းအဖြစ် အနည်းဆုံး (၅)နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်ဝန်ခံကတိပြုရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group