#Local_News
Published _ 3 November 2022

 

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား (၂၇) ဦးကို ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

 

နိုဝင်ဘာလ ၁ ရက်ကလည်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သားသစ် (၆၈) ဦး၊ CBT ကုန်ထုတ်လုပ်သား (၁၆) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၂၁) ဦး၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၄) ဦး၊ စုစုပေါင်း (၁၀၉) ဦးကို ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အလုပ်သမား စုစုပေါင်း ၁၂၉၈ ဦး ကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စာရင်းများအရ သိရသည်။

 

ယင်းတို့ကို အောက်တိုဘာလ ၄ ရက်တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၂၈ ၊အောက်တိုဘာလ ၆ ရက်တွင် ကုန်ထုတ် Re-entry လုပ်သား (၁၁၀)ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry လုပ်သား (၁၄) ဦး၊ စုစုပေါင်း ၁၂၄ ဦး၊အောက်တိုဘာလ ၁၁ ရက် တွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၂၀ ဦး၊ အောက်တိုဘာလ ၁၃ ရက်တွင် ကုန်ထုတ်လုပ်သားသစ်(၆၈)ဦး၊ ကုန်ထုတ် Re-entry (၇၆) ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး Re-entry (၄) ဦး၊ စုစုပေါင်း (၁၄၈) ဦး၊အောက်တိုဘာလ ၁၈ရက်တွင် ကုန်ထုတ်လုပ်သားသစ်(၁၂၆)ဦး၊ ဆောက်လုပ်ရေး လုပ်သားသစ် (၂၄)ဦး၊ စုစုပေါင်း (၁၅၀) ဦး၊အောက်တိုဘာလ ၂၀ ရက်တွင် EPS စနစ်ဖြင့် စေလွှတ်သောကုန်ထုတ်လုပ်သားသစ် (၁၇၈) ဦး၊အောက်တိုဘာလ ၂၅ ရက်တွင် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သား (၁၂၉) ဦး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၁၉) ဦး၊ စုစုပေါင်း (၁၄၈) ဦး၊အောက်တိုဘာလ ၂၇ ရက်တွင့် EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သားသစ် (၁၈) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၁၅၂) ဦး၊Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သား (၃) ဦး ဖြစ်ကြောင်း သိရသည်။

#ymg/NN
#Yangon_Media_Group