English Section

Myanmar Extends State of Emergency for Six More Months to Address Ongoing Challenges

Nay Pyi Taw, January 31, 2024

Myanmar has extended its state of emergency for an additional six months, as declared in an official statement by the State Administration Council (SAC). The decision, reached during a session of Myanmar’s National Defence and Security Council in Nay Pyi Taw today, extends the emergency rule until July 31, 2024.

During the council meeting, Senior General Min Aung Hlaing, Chairman of the SAC and Commander in Chief, emphasized the ongoing necessity for Myanmar to attain stability, peace, and return to normalcy. He underscored that the current situation is far from normal and requires a further six-month extension to address pressing needs and initiatives.

He reaffirmed the ongoing preparations for a free and fair multi-party democracy general election and a nationwide census.

Following that, NDSC members deliberated on the current situation, analyzing it thoroughly, and subsequently endorsed another six-month emergency period.

Afterward, Acting President U Myint Swe informed the council that the state of emergency would be extended for another six months based on the consensus among its members.

Acting President U Myint Swe, Vice President U Henry Van Thio, Commander-in-Chief Senior General Min Aung Hlaing, Deputy Commander-in-Chief Vice Senior General Soe Win, Union Minister for Defence Admiral Tin Aung San, Union Minister for Home Affairs Lieutenant General Yar Pyae, Union Minister for Foreign Affairs U Than Swe, and Union Minister for Border Affairs Lieutenant General Tun Tun Naung were present at the council meeting.

Additionally, SAC Secretary Lieutenant General Aung Lin Dway and Joint Secretary Lieutenant General Ye Win Oo participated in the meeting as special invitees.

@ymg/knl

Senior General Stresses Political Dialogue in Hluttaw for Self-Administration and Autonomy Rights

January 27, 2023 (Nay Pyi Taw)

The Chairman of Myanmar's State Administration Council, Senior General Min Aung Hlaing, stressed that the rights to self-administration and autonomy should be discussed and approved through political dialogues within the Hluttaw. He emphasized that resorting to armed methods to assert these rights is not acceptable.

Senior General Min Aung Hlaing addressed attendees at the committee meeting on Security, Peace, and Stability, as well as Rule of Law, convened in Nay Pyi Taw on January 26, 2024, as stated in an official press release.

The Senior General emphasized the ongoing challenge of pursuing rights to self-administration and autonomy for states and regions outside the established legal framework. He stressed the importance of ensuring that actions are in accordance with established laws and rules.

Senior General cautioned that the Constitution of 2008, endorsed by voters with a majority approval of 92.48 percent, is binding, and no actions can transgress its provisions.

Moreover, he added that the State Administration Council (SAC) is adhering to the principles outlined in the 2008 Constitution while governing the country.

Moreover, the Senior General provided details about the Public Security System during the meeting, underscoring its importance. He emphasized that achieving objectives related to security, stability, and rule of law relies on the unity and solidarity of all public administrations and security personnel.

He stressed the importance of identifying terrorists while ensuring informant confidentiality. He further emphasized the need for a systematic implementation of the Public Security System and the execution of the Public Defense System through it.

SAC Joint Secretary Lt. Gen. Ye Win Oo, Council members Admiral Tin Aung San, General Yar Pyae, U Wunna Maung Lwin, Daw Dwe Bu, and Mahn Nyein Maung, along with Union Ministers and other senior officials, attended and discussed on the issues.

 Ymg/knl

Myanmar Reaffirms 'One China Policy' and Backs China's Reunification Efforts

Date: January 15, 2024

Myanmar's ruling State Administration Council (SAC) has affirmed its unwavering commitment to the "One China Policy" and has restated that Taiwan (Chinese-Taipei) is an integral part of the People’s Republic of China.

Following the Taiwan Election held on Saturday, January 13, the Myanmar Foreign Ministry issued a statement expressing Myanmar’s stance on the development of Taiwan.

The statement declares Myanmar's opposition to any separatist activities aiming "Taiwan independence" and foreign interference in the internal affairs of other states. Additionally, Myanmar fully supports China’s efforts to achieve peaceful reunification, as stated in the official statement.

The statement highlights Myanmar's maintenance of good neighborly Pauk-Phaw relations with China, emphasizing the consistent support for the "One China Policy".

-ymg/knl

Asean

  • “လန်ချန်း-မဲခေါင်ပုံရိပ်အမြင်”ဗီဒီယိုအတိုပြိုင်ပွဲတွင် မြန်မာမှပါဝင်ယှဉ်ပြိုင်နိုင်

    #Local_News
    Published 1 May 2024


    ▪️ “လန်ချန်း-မဲခေါင်ပုံရိပ်အမြင်”ဗီဒီယိုအတိုပြိုင်ပွဲတွင် မြန်မာမှ ဗီဒီယိုအတိုဖန်တီးသူများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။

     

    ▪️ အဆိုပါ ဗီဒီယိုအတိုလက်ရာများကို စက်တင်ဘာလလကုန်အထိ လက်ခံသွားမည်ဖြစ်သည်ဟုဆိုသည်။

     

    ▪️ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္ထရားထူထောင်ခြင်း (၈) နှစ်ပြည့် အခါသမယတွင် China News Service မှ ကြီးမှူးကျင်းပသော“လန်ချန်း-မဲခေါင်ပုံရိပ်အမြင်”ဗီဒီယိုအတိုပြိုင်ပွဲကို ဧပြီလ ၂၄ ရက်နေ့မှ စတင်ကျင်းပနေခြင်းဖြစ်ပြီး စက်တင်ဘာလအထိကျင်းပသွားမည်ဖြစ်သည်။

     

    ▪️ အဆိုပါပြိုင်ပွဲတွင် လန်ချန်း-မဲခေါင်ဒေသ ၆ နိုင်ငံမှပြည်သူများက ဗီဒီယိုအတိုဖြင့်ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

     

    ▪️ ဖန်တီးရိုက်ကူးသူသည် စစ်မှန်၍ သက်ဝင်လှုပ်ရှားသော ဗီဒီယိုမှတ်တမ်းဖြင့် လန်ချန်း-မဲခေါင်မြစ်ကမ်းနှစ်ဖက်ရှိ အရောင်အသွေးစုံလင်သော သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူအချင်းချင်း ကူးလူးဖလှယ်သည့်ရူခင်းများကို မှတ်တမ်းတင်ရိုက်ကူး၍   ကင်မရာဖြင့် “လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအကြောင်း” တင်ဆက်ပြီး ယဉ်ကျေးမှုဖလှယ်ရေး “သံတမန်” အဖြစ်ထမ်းဆောင်ရန် တိုက်တွန်းထားသည်။

     

    ▪️ ဗီဒီယိုအတိုများကို အောက်ပါလင့်သို့ ပေးပို့ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။  http://www.ecns.cn/cns-wire/2024-04-29/detail-ihczzkiq6812202.shtml ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့်သူများသည် မိမိဖန်တီးထားသောလက်ရာများကို အထက်ဖော်ပြပါလင့်မှတစ်ဆင့် ပေးပိုနိုင်မည်ဖြစ်ပြီး လက်ရာများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ လကုန်အထိ လက်ခံသွားမည်ဖြစ်ကြောင်းနှင့်ပြိုင်ပွဲကြီးမှူးကျင်းပသူမှ ဆုရရှိသောလက်ရာများကို ရွေးချယ်ပြီး ဆုလက်ဆောင်များချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

     

    #tthl #Yangon_Times

Most Popular - Local News

  • နစက ဥက္ကဋ္ဌထံ ပါကစ္စတန်သံအမတ်ကြီးအသစ် သံအမတ်ခန့်အပ်လွှာပေးအပ်

    ၈ မေ ၂၀၂၄

    နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူထားတဲ့ သံအမတ်ကြီး Mr. Imran Haider သည်  á€šá€”္အ မေလ ၈ ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်၌ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

    ဗိုလ်ချုပ်မှူးကြီးသည် ပါကစ္စတန်သံအမတ်ကြီးနှင့်  á€™á€źá€”်မဏနသငအ်ပဍကစယစတန်နသစ် နိုင်ငံအကြားသံတမန်ဆက်ဆံရေး  ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ များအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊အထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ်   လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက် နိုင်ရေး၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား ရေးတို့ကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။

    @ymg/knl

  • နစက ဥက္ကဋ္ဌနှင့်ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တွေ့ဆုံမှု ၊ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိစ္စ ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြား

    ၈ မေ ၂၀၂၄

    နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့မှု၊ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်တို့နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ မေလ ၈ ရက်နေ့တွင် ရှင်းလင်းပြောဆိုခဲ့ပါတယ်။

    အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။

    @ymg/knl

  • ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဆီးနိတ်ဥက္ကဋ္ဌဟွန်ဆန်တို့ ဗွီဒီယိုကွန်ဖရင့်ဖြင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

    ၇ မေ ၂၀၂၄

    နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်အက်ခါမိုဟာ ဆီနာပါဒိုင်းတက်ချို ဟွန်ဆန်နှင့် မေလ ၇ ရက် ယနေ့မနက်ပိုင်းက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက, က သတင်းထုတ်ပြန်ပါတယ်။

    ထိုသို့ဆွေးနွေးကြရာမှာ နှစ်နိုင်ငံအကြားဆက်ဆံရေးကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းကျရောက် ချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးပို့ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့အတွင်း အပြုသဘောဆောင်စွာဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ  ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ထို့အပြင် မြန်မာနိုင်ငံတွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် အခြား လိုအပ်သည်   များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲကိုဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အောင်မြင် စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆောင်ရွက်  နေမှု၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲအတွေ့အကြုံမျှဝေလိုမှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

    ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထပ်တွေ့ရတဲ့အတွက် ဝမ်းမြောက်မိကြောင်းနှင့် ဆီးနိတ်ဥက္ကဋ္ဌအဖြစ်  သူအရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောတယ်လို့ ကမ္ဘောဒီးယားမီဒီယာများကရေးသားကြပါတယ်။

    ဟွန်ဆန်က တွေ့ဆုံဆွေးနွေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ဆုံးအခြေအနေတွေကို ဖလှယ်ဖို့နှင့် အပြန်အလှန်လည်ပတ်ရေးဖြစ်နိုင်ချေတွေကို ရှာဖွေဖို့ဖြစ်တယ်လို့ပြောတယ်လို့လည်း ကမ္ဘောဒီးယား  မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။

    ယခုတွေ့ဆုံရတဲ့အခွင့်အရေးကိုရယူပြီး ဟွန်ဆန်က သူ့အနေနှင့် အာဆီယံအရေးကိစ္စတွေမှာ နှစ်ပေါင်းများစွာ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ မိတ်ဆွေတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံခွင့်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း ကမ္ဘောဒီးယားမှပေးပို့တဲ့ သတင်းများမှာဖော်ပြထားပါတယ်။

    ယင်းအပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည်ဖော်ရေး အရေးကြီးကြောင်း နှင့် မြန်မာက ဦးဆောင်မှုအခန်းကဏ္ဍကနေ ဒါကိုတိုးတက်အောင်လုပ်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုမယ် လို့သူယုံကြည်တယ်လို့လည်း ဟွန်ဆန်ကပြောဆိုကြောင်းလည်း ခမာတိုင်းမ်သတင်းစာကရေးသားပါတယ်။

    မြန်မာနစကအနေနှင့် ဇန်နဝါရီတုန်းကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးမဟုတ်သူ    ကိုယ်စားလှယ်တစ်ဦးစေလွှတ်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဟွန်ဆန်ကကြိုဆိုလိုက်ပြီး မြန်မာအနေ နှင့် အဓိက အာဆီယံအစည်းအဝေးတွေကို ကိုယ်စားလှယ်တွေဆက်လက်ခန့်ထားပေးဖို့လည်း တိုက်တွန်းအားပေးခဲ့တယ်လို့လည်း အဆိုပါသတင်းကဆိုပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဟွန်ဆန်ကို ဆီးနိတ်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်စဉ်အတွင်း မြန်မာနိုင်ငံအပေါ် တန်ဖိုးရှိလှတဲ့ ကူညီပံ့ပိုးမှုတွေကို ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးကပြောတယ်လို့ ခမာတိုင်းမ်က ရေးသားပါတယ်။

    အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်မြန်မာ့ အရေးဖြေရှင်းရန်ကြိုးပမ်းအားထုတ်ခဲ့တာတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးက အသိအမှတ်ပြုတယ်လို့ပြောဆိုပြီးအာဆီယံထိပ်သီးအစည်းအဝေးတွေနှင့်ဆက်စပ်အစည်းအဝေးတွေကို နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ်တွေ ဆက်လက်စေလွှတ်ဦးမယ်လို့ ဗိုလ်ချုပ်မှူးကြီးက အတည်ပြုပြောဆိုကြောင်းလည်း အဆိုပါသတင်းကရေးသားပါတယ်။

    အဲဒီအပြင် အခြားသော အဆိုပြုချက်တွေကိုလည်း သူစဉ်းစားပေးမှာဖြစ်ပြီး အဲဒီကိစ္စတွေဆက်လက်ဆွေးနွေးဖို့ မကြာသောကာလမှာ ကမ္ဘောဒီးယားနိုင်ငံသို့ အထူးကိုယ်စားလှယ်တစ်ဦးစေလွှတ်ပေးမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး ကပြောတယ်လို့ ခမာတိုင်းမ်ကဆိုပါတယ်။

    အဲဒီအပြင် လွတ်လပ်၍တရားမျှတပြီး သိသာမြင်သာသော ရွေးကောက်ပွဲများ ဆောင်ရွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မတီရဲ့ အတွေ့အကြုံတွေကို လေ့လာသင်ယူလိုပါကြောင်းလည်း ပြောကြားခဲ့တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်။

    အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

    Source: SAC, Khmer Times

     

  • သက်ဆင်နှင့် မြန်မာအတိုက်အခံအုပ်စုများ တွေ့ဆုံစကားပြောကြခြင်းသည် ထိုင်းအစိုးရနှင့်မသက်ဆိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်ပြောကြား

    ၇ မေ ၂၀၂၄

    ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာနှင့် မြန်မာအတိုက်အခံအုပ်စုကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ် ဆိုတဲ့ သတင်းတွေအပေါ် သူစိတ်မပူဘူးလို့ အသစ်ခန့်အပ်ခံရတဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဉာဏ်ပွန်က  ယနေ့(မေ၇)မှာ ပြောဆိုလိုက်ပါတယ်။

    သက်ဆင်ဟာ မြန်မာနိုင်ငံ စစ်တပ်ကို တိုက်ခိုက်နေတဲ့  á€žá€°á€•á€Żá€”á€şá€Ąá€Żá€•á€şá€…á€Żá€á€˝á€ąá€”á€žá€„á€ˇá€şá€á€˝á€ąá€ˇá€†á€Żá€śá€†á€˝á€ąá€¸á€”á€˝á€ąá€¸á€á€Źá€Ÿá€Ź သူ့ကိုယ်ပိုင်လုပ်နိုင်စွမ်း နှင့် လုပ်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    “ မြန်မာအတိုက်အခံအုပ်စုတွေက သက်ဆင်ဆီက အကူအညီရယူဖို့ဆုံးဖြတ်တယ်ဆိုရင်လည်း သူတို့လုပ်ကြပေါ့၊ ဒါသူတို့ ဆုံးဖြတ်ချက်နှင့်သူတို့ပဲ” လို့ မာရစ်က ဆက်ပြောပါတယ်။

    “ သက်ဆင်နှင့်မြန်မာတွေပြောကြဆိုကြတာတွေဟာ ထိုင်းအစိုးရနှင့်ဘာမှမဆိုင်ဘူး။ ကျွန်တော် ဒီကိစ္စကို မီဒီယာတွေကနေ အခုမှသိရတာ။ အဲဒါကြောင့် ကျွန်တော့်မှာ အသေးစိတ်မရှိသေးဘူး” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

    ဗွီအိုအေမြန်မာက သက်ဆင်ဟာ မြန်မာသူပုန်အုပ်စုတွေနှင့် လွန်ခဲ့တဲ့ နှစ်လက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ဘန်ကောက်တို့မှာတွေ့ဆုံခဲ့တယ်လို့သတင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

    သံအမတ်ဟောင်းတစ်ဦးဖြစ်တဲ့ မာရစ်ဟာ  အကြောင်းပြချက်ရှင်းရှင်းလင်းလင်းမရှိဘဲ သူ့ခံယူချက်နှင့်သူရပ်တည်  ထားတယ်လို့သာပြောပြီး ရာထူးမှနှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီနေရာ အစားထိုးဝင်ရောက်လာသူဖြစ်ပါတယ်။

    အချို့သော နိုင်ငံရေးသုံးသပ်သူတွေကတော့ ပန်ပရီနှုတ်ထွက်သွားတာဟာ သက်ဆင်က နိုင်ငံခြားရေးရာကိစ္စတွေ ဝင်ရောက်စွက်ဖွယ်နေပုံရလို့ဖြစ်တယ်လို့ ထင်ကြေးပေးထားကြပါတယ်။

    ဘန်ကောက်အနေနှင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းခြင်းတွေပြန်လည်ဖြစ်လာဖို့ ထိုင်းရဲ့ရပ်တည်ချက်ကို ဆက်လက်ရပ်တည်နေတယ်လို့လည်း မာရစ်ကပြောပါတယ်။

    “ ကျွန်တော်တို့ တိုက်ပွဲတွေဆက်လက်ဖြစ်တာကို ခွင့်ပြုနေရင်  နယ်စပ်အတူတကွရှိနေတဲ့ ထိုင်းအနေနှင့် ပြဿာတွေနှင့် ရင်ဆိုင်ရလိမ့်မယ်” လို့ သူကပြောပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့မူဘောင်အတွင်းကနေ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေဆက်ပေးမယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။

    Source PBS

Most Popular - World News

  • ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေကာကွယ်ရေးအတွက် ဂျပန်ပြည်သူများ အစိုးရကို ဆန္ဒပြတောင်းဆို

    ၅ မေ ၂၀၂၄
    ဂျပန်နိုင်ငံမြို့တော်တိုကျိုက ပန်းခြံတစ်ခု မှာ ဂျပန်လူမျိုး သုံးသောင်းနှစ်ထောင်ကျော်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ မေလ ၃ ရက်နေ့က စုဝေးကြပြီး ငြိမ်းချမ်းရေးနှင့်ဂျပန်နိုင်ငံရဲ့အခြေခံဥပဒေကို ကာကွယ်ကြ ဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့တောင်းဆိုတဲ့ ဂျပန်ရဲ့အခြေခံဥပဒေထဲမှာ စစ်ပွဲကိုစွန့်လွှတ်ငြင်းပယ်တဲ့ အခန်း-၉လည်းပါဝင်ပါတယ်။ သူတို့ဟာ ဂျပန်ရဲ့ စစ်ဆန့်ကျင်ရေး စစ်ပွဲလွန်အခြေခံဥပဒေ ၇၇နှစ်မြောက် အထိမ်းအမှတ်စုရုံးဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။
    Source CCTV+
  • ထိုင်းနိုင်ငံတွင် ထိုင်းအိမ်ဖော်အမျိုးသမီးကြီးကို ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသည့် ပြင်သစ်အိမ်ရှင်မကြီးက စံအိမ်၊ ဇိမ်ခံကားများ၊လက်ဝတ်ရတနာများအပါအဝင် ဒေါ်လာသန်းချီ အမွေပေးသွား

    ၅ မေ  ၂၀၂၄

    ထိုင်းနိုင်ငံ ဆူရတ်သနီပြည်နယ်မှ အိမ်ဖော်အမျိုးသမီးကြီးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားသည့် အိမ်ရှင် ပြင်သစ်အမျိုးသမီးတစ်ဦးက ပေးခဲ့တဲ့ ဒေါ်လာသန်းချီရှိအမွေတွေရရှိခဲ့တယ်လို့ ထိုင်းမီဒီယာ  တွေက သတင်းဖော်ပြကြပါတယ်။

    မဒမ်ကက်သရင်းလို့ သိထားကြတဲ့ အသက် ၅၉နှစ်အရွယ် ပြင်သစ်လုပ်ငန်းရှင်အမျိုးသမီးသည် ဆူရတ်သနီပြည်နယ်၊ခို ဆာမွီမြို့ရှိ တန်ဖိုးကြီးလှတဲ့ စံအိမ်တော်ကြီးတစ်ခုမှာ‌ နေထိုင်ရင်း ကိုယ့်ကို ကိုယ် သေနတ်နှင့်ပစ်ပြီးအဆုံးစီရင်သွားခဲ့တာဖြစ်ပါတယ်။သူမဟာ ကွယ်လွန်သွားပြီးနောက် ဘတ်ငွေ သန်း၁၀၀ (အမေရိကန်ဒေါ်လာ ၂.၇သန်းခန့်)နှင့် ကြောင်သုံးကောင်ကျန်ရစ်ပြီး သူမရဲ့ အိမ်ဖော်   အမျိုးသမီးကြီး ပါတင်ကို သူမရဲ့သေတမ်းစာထဲမှာ ကြိုရေးထားပြီး အဲဒါတွေ အမွေပေးခဲ့တာလို့  သိရပါ  တယ်။

    အန်တီတင်(ပါတင်)ဟာ ဆာခွန်နက်ခွန်ပြည်နယ် ဝါနွန်နီဝပ်စ် ခရိုင်က ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးက မဒမ်ကက်သရင်းရဲ့ ကြေကွဲဖွယ်အဖြစ်ဆိုးကို သူမသိရပြီးနောက် အတော်ပင်ဝမ်းနည်း တုပ်လှုပ်သွားတယ်လို့ မျက်ရည်တွေဖြိုင်ဖြိုင်ကျရင်း မီဒီယာကိုပြောပါတယ်။

     á€™á€’မ်ကက်သရင်းကို သိတာ ၁၇နှစ်ကျော်ပြီလို့ အိမ်ဖော်အမျိုးသမီးကြီး အန်တီတင်က ပြောပါတယ်။   သူမရဲ့သူငယ်ချင်းတစ်ဦးက မဒမ်ကက်သရင်းဆီမှာ အိမ်ဖော်လုပ်ပေးဖို့ မိတ်ဆက်ပေးခဲ့တာ လို့ဆိုပါ တယ်။

    အဲဒီနောက်ပိုင်းမှာကက်သရင်းဟာ သူမရဲ့လုပ်ငန်းတွေကို တိုးချဲ့ခဲ့ပါတယ်။ သူမဟာ အခန်းတွေ အိမ်ငှားလုပ်ရာကနေ အပန်းဖြေစံအိမ်တွေငှားရမ်းတဲ့လုပ်ငန်းအထိပိုင်ဆိုင်လာခဲ့ပါတယ်။ အန်တီတင်ဟာ ကက်သရင်းဆီမှာပဲ တောက်လျောက်အလုပ်လုပ် ပေးခဲ့ပါတယ်။  သူမဟာ တစ်လကို ထိုင်းဘတ်ငွေ ၂၂၀၀၀ လစာရရှိပါတယ်။

    ဧပြီ ၂၈ ရက် ဖြစ်ရပ်ဆိုးမဖြစ်ခင်မှာ အန်တီတင်ဟာ အိမ်ကို အရင်အတိုင်းပဲ သန့်ရှင်းရေးလုပ်ပေးဖို့ သွားခဲ့ပါတယ်။ နေ့လယ်ခင်းရောက်တော့  á€žá€°á€™á€Ąá€”္နသငအ် ဒီနေ့မွေးနေ့မို့လို့ ဘုရားတက်ချင်ကြောင်း ကက် သရင်းထံမှာ အန်တီတင်ကခွင့်တိုင်ခဲ့ပါတယ်။ ကက်သရင်းကခွင့်ပေးပြီး” ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ” လို့တောင် ဆုတောင်းပေးလိုက်ပါသေးတယ်တဲ့။

    နောက်တစ်ရက်မှာ ရေကူးကန်သန့်ရှင်းရေးအလုပ်သမားက အန်တီတင်ကိုလှမ်းခေါ်ပါတယ်။ ကက်  သရင်းဟာ မြေပေါ်မှာ သွေးအလူးလူးနှင့် လဲကျနေတယ်လို့ပြောပါတယ်။အဲဒါနှင့် အန်တီတင်ဟာ ထိတ်လန့်သွားပြီး အိမ်ကို အမြန်သွားပါတယ်။ အိမ်ရောက်တော့ သူမရဲ့ အလုပ်ရှင် ကက်သရင်းဟာ နားထင်မှာ သေနတ်ဒဏ်ရာနှင့် သေဆုံးနေတာတွေ့လိုက်ရပါတော့တယ်။

     á€€á€€á€şá€žá€›á€„်းက အန်တီတင်ထံသို့ LINE ကနေမက်ဆေ့ချ်ပို့ထားတာ တွေ့လိုက်ရပါတယ်တဲ့။ အဲဒီမက်ဆေ့ချ်အရ ကက်သရင်းက မီးခံသေတ္တာထဲမှာ နှုတ်ဆက်စာထားခဲ့တယ်လို့ ရေးထားပါတယ်။  အဲဒါကြောင့် အန်တီတင်နှင့် ကက်သရင်းသူငယ်ချင်းတို့ မီးခံသေတ္တာဖွင့်ကြည့်တဲ့အခါ စာတစ်စောင်ကို တွေ့လိုက်ရပါတယ်။

    “ စာကို ပြင်သစ်လိုက “ အော်ရဗွား”” ဂွတ်ဘိုင်” လို့ နှုတ်ဆက်စတင်ထားပါတယ်။ “ ကျွန်မရဲ့ ခရီးဒီမှာ အဆုံးသတ်ပြီ။ ရှင်ဟာ စိတ်ချယုံကြည်ရသူတစ်ဦးလို့ ကျွန်မရိုးသားစွာယုံကြည်တယ်။ အဲဒါကြောင့် ကျွန်မမီးခံသေတ္တာထားခဲ့တယ်။ ဒုတိယကော်ပီက တင်မ်(အန်တီတင်)အတွက်ပါ။  ကျွန်မကို မီးသင်္ဂြုဟ် ပြီး ပြာတွေကို ကြဲပက်ပေးစေချင်တယ်။ ဖြစ်နိုင်ရင် ဆာပရော့တ်မှာပေါ့” လို့ ကက်သရင်းက သေတမ်းစာမှာ ရေးထားပါတယ်။

    စာထဲမှာ ကက်သရင်းအနေနှင့် သူမရဲ့ မြေခြံဝင်းအပါအဝင်စံအိမ်၊ ကပ်လျက်ရှိနေတဲ့မြေတွေ၊ ဇိမ်ခံကား တွေ၊မီးခံသေတ္တာထဲက လက်ဝတ်ရတနာတွေ၊လက်စွပ်တွေ၊ စိန်တွေနှင့် ဘဏ်မှာအပ်ထားတဲ့သူ့ငွေတွေ အားလုံးကို ပါတင် (အန်တီတင်)သို့ အမွေပေးခဲ့ပါတယ်လို့ရေးထားပါတယ်။

    အဲဒီအပြင် သူမရဲ့ နောက်ထပ် စံအိမ်နှစ်အိမ်ကိုလည်း သူမရဲ့ ခင်ပွန်းဟောင်း မစ္စတာ ဗင်းဆင့်ထံ အမွေပေးခဲ့တယ်လို့ရေးထားပါတယ်။ အဲဒီအပြင် သူမရဲ့ အချစ်တော်ကြောင်သုံးကောင်ကိုလည်း အန်တီ တင်ဆက်မွေးပေးဖို့ သေတမ်းစာထဲရေးသားထားပါတယ်။

    “ သူမကို ကျွန်မနှင့်အတူပဲနေစေချင်တယ်။ ဒါမျိုးမဖြစ်ချင်ဘူး။ သူမဆီက ကျွန်မ အများကြီးရပြီးပြီ။  ဒါပေမယ့် သူမကိုတော့ဆုံးရှုံးသွားပြီ။ ကျွန်မအသည်းတွေကြေကွဲရပါပြီ။ သူမကို သိပ်သတိရနေတယ်။  ကျွန်မကို သူမ မထားရစ်ခဲ့စေချင်ဘူး။သူမဟာ ကျွန်မရဲ့မိခင်လိုပဲ။ သူမနှင့်အတူနေခဲ့တဲ့ တလျောက် ကျွန်မကို စောင့်ရှောက်ပေးခဲ့တာ။ကျွန်မအကောင်းဆုံးလုပ်ပါမယ်လို့ကတိပေးပါတယ်” လို့ ပါတင်က ပြောပါတယ်။

    ပါတင်မှာ သားသမီး လေးယောက်ရှိပါတယ်။ သူမမသေခင်မှာ ကက်သရင်းဟာ ပါတင်အတွက်လစာ၊ အင်တာနက်ဖိုး၊ရေဖိုးနှင့်မီးဖိုးတွေ အပြည့်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီအပြင် ကက်သရင်းက သူမရဲ့ အသုဘအခမ်းအနားအတွက် ကုန်ကျစရိတ် ဘတ်ငါးသိန်းကိုလည်း ကြိုတင် ငွေလွှဲသွားခဲ့ပါသေးတယ်။ သူမရဲ့ အသုဘအခမ်းအနားကို သေသေချာချာလုပ်ပေးမယ်လို့ ပါတင်က ကတိပြုလိုက်ပြီး မဒမ်ကက်သရင်းရဲ့ကြင်နာမှုတွေကို သူမဘယ်တော့မှမေ့ရတော့မှာ မဟုတ်ဘူးလို့ အန်တီတင်(ပါတင်)ကပြောပါတယ်။

    အနာဂတ်မှာ ဒီစံအိမ်ကြီးကို သူမဘာလုပ်ရမယ် မသိသေးဘူးလို့ ပါတင်ကပြောပါတယ်။ သေချာတာက တော့ အဲဒီအိမ်ကြီးကို သူမမရောင်းဘူးလို့ လည်းဆိုပါတယ်။ သူမအနေနှင့်ကားမမောင်းတတ်ပေမယ့် ကက်သရင်းအမွေပေးသွားတဲ့ ဇိမ်ခံကားတွေကိုလည်း သူမအနေနှင့် ရောင်းပစ်မှာ မဟုတ်ဘူးလို့ ပြောပါ တယ်။

    ကက်သရင်းကိုယ့်ကိုကိုယ်သတ်သေတာဟာ သူမကျန်းမာရေးကောင်းတဲ့အတွက် စိတ်ဖိအားကြောင့်လို့ ထင်တယ်လို့ ပါတင်က ပြောပါတယ်။ ကက်သရင်းဟာ သွေးလိပ်ခေါင်းရောဂါရှိရာကနေ ကင်ဆာရောဂါဖြစ်သွားတဲ့အထိရောဂါခံစားနေရသူဖြစ်ပါတယ်။ သူမဟာ ငြိမ်းငြိမ်းချမ်းချမ်းသေဆုံးသွား  လိုတာဖြစ်နိုင်တယ်လို့ ပါတင်ကပြောတဲ့အကြောင်း ထိုင်းမီဒီယာတွေကရေးပါတယ်။

    @ymg/knl

  • ရုရှားက ယူကရိန်းသမ္မတ ဇီလင်စကီးကို ရာဇဝတ်မှုဖြင့် အလိုရှိနေသူ စာရင်းထဲထည့်သွင်း

    ၄ ဧပြီ ၂၀၂၄

    ရုရှားက ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးကို ရာဇဝတ်ပြစ်မှုဖြင့် အမှုဖွင့်ကာ သူ့ကို “ အလိုရှိ” စာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ရုရှားရဲ့ နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ TASS က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ယူကရိန်းကတော့ အဲဒါကို ပယ်ချလိုက်ပြီး ဒါဟာ ရုရှားရဲ့ ကြံရာမရဖြစ်နေတဲ့ သက်သေတစ်ခုပဲလို့ တုန့်ပြန်လိုက်ပါတယ်။

    ရုရှားရဲ့ပြည်ထဲရေးဝန်ကြီးဌာန ရဲ့ အချက်အလက်မှတ်တမ်းထဲမှာ ဇီလင်စကီးကို “ အလိုရှိနေသူ” များ စာရင်းထဲထည့်သွင်းထားတာတွေ့ရတယ်လို့ TASS ကရေးပေမယ့် အသေးစိတ်ကိုဖော်ပြထားခြင်း မရှိပါဘူး။

    Source Reuters

  • ယူကရိန်းကပစ်လွှတ်လိုက်သည့် အမေရိကန်ထုတ် ATACMS ဒုံးကျည် ၆ စင်းကို ပစ်ချနိုင်ခဲ့ဟု ရုရှားပြော

    ၃၀ ဧပြီ ၂၀၂၄

    ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များက လွန်ခဲ့သော ၂၄နာရီအတွင်း ယူကရိန်းက    ပစ်လွှတ် လိုက်တဲ့ အမေရိကန်ထုတ် ကြည်းတပ်စစ် နည်းဗျူဟာဒုံးကျည်  စနစ် Army Tactical Missile Systems (ATACMS) ဒုံးကျည်(၆)စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဧပြီ၃၀ရက်မှာ ရုရှားကထုတ်ဖော်ပြောကြားပါတယ်။

    အမေရိကန်နိုင်ငံက ယူကရိန်းထံသို့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာသန်း၃၀၀အတွဲရဲ့ အစိတ်    အပိုင်းအဖြစ်  တာဝေးပစ်ဒုံးကျည်တွေကို လျှို့ဝှက်စွာပေးပို့ခဲ့ပြီးဖြစ်ပါတယ်။အဆိုပါစစ်ရေးအကူအညီကို ပြီးခဲ့တဲ့မတ် ၁၂ရက်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

    ၃၀၀ကီလိုမီတာအထိသွားနိုင်တဲ့ ATACMS ဒုံးကျည်တွေကို ယူကရိန်းသို့တင်ပို့ရေးကိစ္စကို ဘိုင်ဒင်အစိုးရ အတွင်းမှာ ပြီးခဲ့တဲ့လများက အကြိတ်အနယ်ငြင်းခုန်ခဲ့ကြရပါတယ်။ တာလတ် ATACMS ဒုံးကျည်တွေကို တော့ ပြီးခဲ့တဲ့စက်တင်ဘာက ယူကရိန်းသို့တင်ပို့ပေးပြီးပြီလို့သိရပါတယ်။

    အဆိုပါ ATACMS ဒုံးကျည်ခြောက်စင်းကို ဘယ်နေရာတွေမှာ ပစ်ချခဲ့တာလဲဆိုတာကိုတော့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်မပြောပါဘူး။

    “ ယူကရိန်းရဲ့ ဒရုန်းဆယ်စင်း၊ အမေရိကန်ထုတ် ATACMS ဒုံးကျည် ခြောက်စင်းနှင့် ပြင်သစ်ထုတ် ပဲ့ထိန်းစနစ်သုံး ဟမ်မား လေယာဉ်ဗုံး (၂)လုံးကို ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးက ပစ်ချခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုခြင်းဖြစ်ပါတယ်။

    ATACMS ဒုံးျကည်တွေကို ကျွန်းဆွယ် အပေါ်မှာ ပစ်ချခဲ့တာလို့ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ ခရိုင်မီးယားဒေသအကြီးအကဲ ဆာဂေးအက်ယိုနော့ဗ်က ပြောပါတယ်။

    သူက မပေါက်ကွဲသေးတဲ့ ATACMSဒုံးကျည်ပုံတွေကို သူ့တယ်လီဂရမ်ချယ်နယ်မှာတင်ထားတာဖြစ်ပြီး ဒုံးကျည်ဘယ်နှစင်းဆိုတာလဲတော့ သူကမပြောပါဘူး။

    Source Reuters

    @ymg/knl

  • ထိုင်းနိုင်ငံ အိမ်ခြံမြေများကို မြန်မာနိုင်ငံသားများ၏ဝယ်အား ၂၄၀ ရာခိုင်နှုန်းမြင့်တက်လာ

    ၂၉ ဧပြီ ၂၀၂၄

    ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား အိမ်ခြံမြေကဏ္ဍမှာ မြန်မာဈေးကွက်ရဲ့ဝယ်အားဟာ ယမန်နှစ်နှင့်ယှဉ်လျှင် ၂၄၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံရဲ့ ဦးဆောင် အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်ကပြောပါတယ်။

    မြန်မာဈေးကွက်ဝယ်အားမြင့်တက်လာတာနှင့်အတူ တရုတ်ဈေးကွက်ကလည်း နိုင်ငံခြားအိမ်ခြံမြေ အရောင်းအဝယ်ကြီးတစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဆက်လက်ကြီးစိုးနေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အချက်က မနှစ်ကနှင့်ယှဉ်လျှင် အိမ်ခြံမြေကုန်သွယ်ရေးကဏ္ဍကြီးတစ်ခုလုံးဟာ ၁၁ရာခိုင်နှုန်းခန့် လျော့ကျသွားတယ်လို့ ထိုင်းမီဒီယာတွေရဲ့သတင်းများမှာဖော်ပြထားပါတယ်။

    ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှဦ မြန်မာတွေဝယ်ယူမှု သိသိသာသာမြင့်တက်နေရတဲ့ အဓိကအကြောင်းရင်းတစ်ခုက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်လို့ သူတို့ကပြောပါတယ်။ အဲဒီပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှပ်နှံမှုတွေ တိုးမြင့်လာတာဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှ အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ မြို့ဆင်ခြေဖုံးက ကွန်ဒိုမီနီယမ်တွေကိုပိုသဘောကျကြ  တယ်လို့ဆိုပါတယ်။ သူတို့ထက်ချမ်းသာတဲ့သူတွေကတော့ မြို့ပြတွေက ကွန်ဒိုတွေကိုပိုမိုဝယ်ယူလာကြတာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ ကွန်ဒိုအခန်းတွေဟာ တစ်ယူနစ်ကို ဘတ်သန်း၄၀မှ ၅၀ အကြားရှိနေပါတယ်။ အချို့တွေဆိုရင် လျှပ်စစ်ရထားဘူတာရုံတွေနှင့်နီးတဲ့ ပင့်တ်ဟောက်လိုအခန်းကြီးမျိုးတွေပါ ဝယ်ယူနေကြတာဖြစ်ပါတယ်။

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် တန်ဖိုးမြင့်ဈေးကွက် အိမ်ခြံမြေကုမ္ပဏီ အနန္တရဲ့အဆိုအရ

    ၂၀၂၄ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြားဈေးကွက် အရောင်းဟာ ဘတ်ငွေ ၂ဘီလျံအထိရှိခဲ့တယ်လို့သိရပါတယ်။  အဲဒီတန်ဖိုးဟာ ယမန်နှစ် နောက်ဆုံလေးလပတ်နှင့်ယှဉ်ရင် ၁၄ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ဝယ်ယူသူ အများစုကတော့ တရုတ်တွေဖြစ်ကြပါတယ်။

    မြန်မာဈေးကွက်ဟာ တရုတ်နှင့်ယှဉ်ရင်သေးငယ်ပေမယ့် နောက်ထပ်မြင့်တက်လာဖို့ အလားအလာ အလွန်ကောင်းနေ  တယ်လို့ အနန္တရဲ့ စီအီးအို ပရာဆတ်ကပြောပါတယ်။

    တိုးတက်မှုတစ်ခုအနေနှင့် မြန်မာရင်းနှီးမြှပ်နှံသူတွေဟာ အခန်းတွေငှားရမ်းဖို့အတွက် အိမ်ခြံမြေမှာ ဘတ်ငွေ သန်း၁၀၀ စတင်၍စုပေါင်းရင်းနှီးမြှပ်နှံမှုတွေပြုလုပ်လာခဲ့ပါတယ်။ဒါဟာ အရင်တုန်းကမြန်မာတွေဟာ ကိုယ်တိုင်နေထိုင်ဖို့အတွက်သာ ဝယ်ယူနေရာကနေ သိသာထင်ရှားစွာ လမ်းကြောင်းပြောင်းလဲလာတာဖြစ်တယ်လို့ ထိုင်းမီဒီယာတွေမှာ သတင်းဖော်ပြထားပါတယ်။

    @ymg/knl

  • ရာထူးမှနှုတ်ထွက်သွားသည့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီနေရာအတွက် အစားထိုးမည့်သူရရှိထားပြီးပြီဟု ထိုင်းဝန်ကြီးချုပ်ဆရက်သာပြောကြား

    ၂၉ ဧပြီ ၂၀၂၄

    ဝန်ကြီးအဖွဲ့သစ်စာရင်းမှာ ဒုတိယဝန်ကြီးချုပ်ရာထူးကို သူဆုံးရှုံးသွားတာကို မြင်တွေ့ပြီးနောက် ရာထူးမှ နှုတ်ထွက်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟီဒါနုကာရာနေရာတွင် အစားထိုးမည့် နိုင်ငံခြားရေး ဝန်ကြီးအသစ်ကိုရွေးချယ်ပြီးပြီလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းက‌ တနင်္လာနေ့ ဧပြီ၂၉ ရက်က ပြောပါတယ်။

    အဲဒီသူဘယ်သူလည်းဆိုတာကိုတော့ ဝန်ကြီးချုပ်က ထုတ်မပြေပါဘူး။ နိုင်ငံခြားရေးဝန်ကြီးအသစ်ဟာ ဖွေထိုင်းပါတီအတွက် နိုင်ငံခြားရေးမူဝါဒကို ကန့်လာကာနောက်ကွယ်က လုပ်ပေးနေသူတစ်ဦးဖြစ်တယ် လို့ပဲ ဝန်ကြီးချုပ်ကပြောသွားပါတယ်။

    နိုင်ငံခြားရေးဝန်ကြီးအသစ်အမည်ကို ထိုင်းဘုရင်မင်းမြတ်ဆီမှ အတည်ပြုချက်ရယူဖို့  á€™á€á€„်သွင်းခင်မသဏ သူ့ရဲ့ အရည်အချင်းတွေကို စစ်ဆေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ကဆက်ပြောပါတယ်။

    ဝန်ကြီးချုပ်ရဲ့ ဖွေထိုင်းပါတီဝင်တစ်ဦးဖြစ်တဲ့ မစ္စတာ ပန်ပရီဟာ သူ့ရဲ့နှုတ်ထွက်စာကို  တနင်္ဂနွေနေ့က ဝန်ကြီးချုပ်ဆီတင်သွင်းခဲ့တာဖြစ်ပါတယ်။

    မစ္စတာပန်ပရီကို နိုင်ငံခြားရေးဝန်ကြီးတာဝန်ပဲပေးတာဟာ သူ့ရဲ့ဒုတိယဝန်ကြီး ဂျက်ကရာပွန် ဆန်ဆာမီ ကို ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ရွှေ့ပြောင်းလိုက်တဲ့အတွက် သူ့ကို နိုင်ငံခြားရေးတာဝန်ကို အပြည့်အဝ ထိန်းချုပ်ဆောင်ရွက်စေချင်လို့ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ဆရက်သာက ခုခံပြောဆိုပါတယ်။

    မစ္စတာပန်ပရီနှုတ်ထွက်မယ်လို့ သူထင်မထားကြောင်းနှင့် အပြောင်းအလဲလုပ်လိုက်တာဟာ သူ့ကို မကျေမနပ်ဖြစ်သွားစေခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်လို့ ဝန်ကြီးချုပ်ဆရက်သာက ပြောကြားလိုက် ပါတယ်။

    @bkkpost

    @ymg/knl

Politics

နစက ဥက္ကဋ္ဌထံ ပါကစ္စတန်သံအမတ်ကြီးအသစ် သံအမတ်ခန့်အပ်လွှာပေးအပ်

၈ မေ ၂၀၂၄

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူထားတဲ့ သံအမတ်ကြီး Mr. Imran Haider သည်  á€šá€”္အ မေလ ၈ ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်၌ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသည် ပါကစ္စတန်သံအမတ်ကြီးနှင့်  á€™á€źá€”်မဏနသငအ်ပဍကစယစတန်နသစ် နိုင်ငံအကြားသံတမန်ဆက်ဆံရေး  ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ များအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊အထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ်   လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက် နိုင်ရေး၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား ရေးတို့ကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။

@ymg/knl

နစက ဥက္ကဋ္ဌနှင့်ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တွေ့ဆုံမှု ၊ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကိစ္စ ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြား

၈ မေ ၂၀၂၄

နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့မှု၊ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်တို့နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ မေလ ၈ ရက်နေ့တွင် ရှင်းလင်းပြောဆိုခဲ့ပါတယ်။

အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။

@ymg/knl

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဆီးနိတ်ဥက္ကဋ္ဌဟွန်ဆန်တို့ ဗွီဒီယိုကွန်ဖရင့်ဖြင့် မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

၇ မေ ၂၀၂၄

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်အက်ခါမိုဟာ ဆီနာပါဒိုင်းတက်ချို ဟွန်ဆန်နှင့် မေလ ၇ ရက် ယနေ့မနက်ပိုင်းက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစက, က သတင်းထုတ်ပြန်ပါတယ်။

ထိုသို့ဆွေးနွေးကြရာမှာ နှစ်နိုင်ငံအကြားဆက်ဆံရေးကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းကျရောက် ချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးပို့ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့အတွင်း အပြုသဘောဆောင်စွာဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိမှု၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ  ရွေးကောက်ပွဲ ကျင်းပနိုင်ရေးတွေကိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် အခြား လိုအပ်သည်   များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲကိုဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အောင်မြင် စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆောင်ရွက်  နေမှု၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲအတွေ့အကြုံမျှဝေလိုမှု အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထပ်တွေ့ရတဲ့အတွက် ဝမ်းမြောက်မိကြောင်းနှင့် ဆီးနိတ်ဥက္ကဋ္ဌအဖြစ်  သူအရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့တဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောတယ်လို့ ကမ္ဘောဒီးယားမီဒီယာများကရေးသားကြပါတယ်။

ဟွန်ဆန်က တွေ့ဆုံဆွေးနွေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ဆုံးအခြေအနေတွေကို ဖလှယ်ဖို့နှင့် အပြန်အလှန်လည်ပတ်ရေးဖြစ်နိုင်ချေတွေကို ရှာဖွေဖို့ဖြစ်တယ်လို့ပြောတယ်လို့လည်း ကမ္ဘောဒီးယား  မီဒီယာများက သတင်းထုတ်ပြန်ပါတယ်။

ယခုတွေ့ဆုံရတဲ့အခွင့်အရေးကိုရယူပြီး ဟွန်ဆန်က သူ့အနေနှင့် အာဆီယံအရေးကိစ္စတွေမှာ နှစ်ပေါင်းများစွာ ပူးပေါင်း ဆောင်ရွက်ခဲ့တဲ့ မိတ်ဆွေတစ်ဦးဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီဒီယိုဖြင့် တွေ့ဆုံခွင့်ပေးဖို့ ဗိုလ်ချုပ်မှူးကြီးကို မေတ္တာရပ်ခံခဲ့တယ်လို့လည်း ကမ္ဘောဒီးယားမှပေးပို့တဲ့ သတင်းများမှာဖော်ပြထားပါတယ်။

ယင်းအပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက် အကောင်အထည်ဖော်ရေး အရေးကြီးကြောင်း နှင့် မြန်မာက ဦးဆောင်မှုအခန်းကဏ္ဍကနေ ဒါကိုတိုးတက်အောင်လုပ်ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုမယ် လို့သူယုံကြည်တယ်လို့လည်း ဟွန်ဆန်ကပြောဆိုကြောင်းလည်း ခမာတိုင်းမ်သတင်းစာကရေးသားပါတယ်။

မြန်မာနစကအနေနှင့် ဇန်နဝါရီတုန်းကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ နိုင်ငံရေးမဟုတ်သူ    ကိုယ်စားလှယ်တစ်ဦးစေလွှတ်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဟွန်ဆန်ကကြိုဆိုလိုက်ပြီး မြန်မာအနေ နှင့် အဓိက အာဆီယံအစည်းအဝေးတွေကို ကိုယ်စားလှယ်တွေဆက်လက်ခန့်ထားပေးဖို့လည်း တိုက်တွန်းအားပေးခဲ့တယ်လို့လည်း အဆိုပါသတင်းကဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဟွန်ဆန်ကို ဆီးနိတ်ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်စဉ်အတွင်း မြန်မာနိုင်ငံအပေါ် တန်ဖိုးရှိလှတဲ့ ကူညီပံ့ပိုးမှုတွေကို ကျေးဇူးတင်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးကပြောတယ်လို့ ခမာတိုင်းမ်က ရေးသားပါတယ်။

အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်မြန်မာ့ အရေးဖြေရှင်းရန်ကြိုးပမ်းအားထုတ်ခဲ့တာတွေကိုလည်း ဗိုလ်ချုပ်မှူးကြီးက အသိအမှတ်ပြုတယ်လို့ပြောဆိုပြီးအာဆီယံထိပ်သီးအစည်းအဝေးတွေနှင့်ဆက်စပ်အစည်းအဝေးတွေကို နိုင်ငံရေးမဟုတ်တဲ့ကိုယ်စားလှယ်တွေ ဆက်လက်စေလွှတ်ဦးမယ်လို့ ဗိုလ်ချုပ်မှူးကြီးက အတည်ပြုပြောဆိုကြောင်းလည်း အဆိုပါသတင်းကရေးသားပါတယ်။

အဲဒီအပြင် အခြားသော အဆိုပြုချက်တွေကိုလည်း သူစဉ်းစားပေးမှာဖြစ်ပြီး အဲဒီကိစ္စတွေဆက်လက်ဆွေးနွေးဖို့ မကြာသောကာလမှာ ကမ္ဘောဒီးယားနိုင်ငံသို့ အထူးကိုယ်စားလှယ်တစ်ဦးစေလွှတ်ပေးမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး ကပြောတယ်လို့ ခမာတိုင်းမ်ကဆိုပါတယ်။

အဲဒီအပြင် လွတ်လပ်၍တရားမျှတပြီး သိသာမြင်သာသော ရွေးကောက်ပွဲများ ဆောင်ရွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားရွေးကောက်ပွဲကော်မတီရဲ့ အတွေ့အကြုံတွေကို လေ့လာသင်ယူလိုပါကြောင်းလည်း ပြောကြားခဲ့တယ်လို့ သတင်းများမှာဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

Source: SAC, Khmer Times

 

Business

ပုလဲအတွဲ(၄၀၀)၊ကျောက်မျက်အတွဲ(၁၆၀)နှင့် ကျောက်စိမ်းအတွဲ(၄၄၅၀)တို့ကို ကျောက်မျက်ပြပွဲတွင် စတင်ရောင်းချ

၃ မေ ၂၀၂၄

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌စတင်ကျင်းပနေတဲ့ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့  ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ ၊ ကျောက်မျက် အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၅၅၀ တို့ကို ပြည်တွင်းပြည်ပရတနာ ကုန်သည်များအား ရောင်းချပေးသွားမယ်လို့သိရပါတယ်။

မေလ ၃ရက် မနက်ပိုင်းကျင်းပတဲ့ အဆိုပါမြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်  ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမ  အတွင်း ပြသ ထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို ပုဂ္ဂလိက ကျောက်မျက်ရတနာ အချောထည် အရောင်းပြခန်းများ ဖွင့်လှစ်ရောင်းချ နေမှုများနှင့်  á€á€”á€şá€¸á€™á€Ąá€•á€źá€„á€şá€˜á€€á€şá€á€˝á€„á€ş ခင်းကျင်း ပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။

ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများ ရောင်းချရာတွင် အခြေခံဈေးကို အမေရိကန် ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး (C)အုပ်စုမှ ကျောက်စိမ်းအတွဲများအတွက် အခြေခံ ဈေးကို မြန်မာ ကျပ်ငွေဖြင့်သတ်မှတ်ထားတာဖြစ်ပါတယ်။

ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (A)နှင့်(B)အုပ်စုမှကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေကို ပြည်ပရတနာ ကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန်ဒေါ်လာနှင့် ညီမျှသည့် ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေတို့ဖြင့် ပေးသွင်းနိုင်ပြီး ပြည်တွင်းရတနာကုန်သည်များ က မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း၊ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် (C)အုပ်စုမှ ကျောက်စိမ်းအတွဲများ အတွက် အာမခံစပေါ်ငွေကို မြန်မာကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်းလည်းသိရပါတယ်။

ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ဝယ်ယူခွင့်ရရှိသည့် (A) အုပ်စု မှ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေကို အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ ယွမ်ငွေများဖြင့် ပေးချေရမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ဝယ်ယူခွင့်ရရှိ ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော ယူရိုငွေ၊ ထိုင်းဘတ်ငွေ၊ယွမ်ငွေများဖြင့်လည်းကောင်း၊ ပြည်တွင်း ရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာအပြင် အမေရိကန် ဒေါ်လာနှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့်လည်းကောင်း တန်ဖိုးငွေကို ပေးချေရမည် ဖြစ်ကြောင်း၊ (C) အုပ်စုမှ ကျောက်စိမ်းအတွဲများကို ပြည်တွင်းရတနာ ကုန်သည်များ သာဝယ်ယူခွင့်ရမည်ဖြစ်ပြီး တန်ဖိုးငွေကို မြန်မာကျပ်ငွေဖြင့် ပေးချေရမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာ့ကျောက်မျက် ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကာ ယခု ပြပွဲကို မေ - ၃ ရက်မှ ၁၂ ရက်  အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။

@ymg/knl

ဓာတ်အားလိုင်းများဖျက်ဆီးခံရခြင်း၊သဘာဝဓာတ်ငွေ့ရရှိမှုလျော့နည်းလျက်ရှိခြင်းများကြောင့် လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ထုတ်လုပ်နိုင်။ လျှပ်စစ်မီးပြတ်တောက်နေမှုများအပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အများပြည်သူသို့ သတင်းထုတ်ပြန်

၁ မေ ၂၀၂၄

လျှပ်စစ်မီးများပြတ်တောက်နေမှုများနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနေမှုအခြေအနေများကို အများပြည်သူသိရှိရန် မီဒီယာများသို့ သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်ပါ အရေးကြီးအချက်အချို့မှာ-

၁။ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ လက်ရှိတွင်လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်။

၂။ ရွှေကျင်၊ဘီလူးချောင်း(၁)၊ (၂) ၊ (၃) ၊သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ၃၅၃ မဂ္ဂါဝပ် အသားတင် လျော့နည်းနေ။

၃။ သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း(၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းရရှိနေ။

၄။ သို့သော် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ်လုပ်နိုင်ခဲ့။

၅။လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေပြီး စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင်ရွက်နေ။

သတင်းထုတ်ပြန်ချက်အပြည့်အစုံ(မူရင်း)ကို အောက်တွင်ဖော်ပြပေးပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပေးလျှက်ရှိသည့် ဓာတ်အား ပေးစက်ရုံများ၏ အရင်း  အမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ (၇၁၈၄.၄၆) မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ်စက်ရုံ (၂၉)ရုံ၏ တပ်ဆင်စက်အင်အား (၃၂၂၈)မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ သုံးစက်ရုံ (၂၇)ရုံ၏ တပ်ဆင်စက်အင်အား (၃၆၃၈.၃၆၄) မဂ္ဂါဝပ်၊ ကျောက်မီးသွေးသုံးစက်ရုံ (၂)ရုံ၏တပ်ဆင် စက်အင်အား (၁၃၈) မဂ္ဂါဝပ်နှင့် နေရောင်ခြည်သုံးစွမ်းအင်  စက်ရုံ (၆) ရုံ၏ တပ်ဆင်စက်အင်အား (၁၈၀) မဂ္ဂါဝပ် တို့ရှိပြီး စုစုပေါင်းဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်  လုပ်နိုင်သည့် စက်များ၏ စက် တပ်ဆင်အင်အားမှာ ၇၁၈၄.၄၆ မဂ္ဂါဝပ်အထိရှိပါသည်။ နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဉ် (၉%) တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း (၅၄၄၃) မဂ္ဂါဝပ် လိုအပ်သည်။ ထိုသို့ရှိသော်လည်း တပ်ဆင်  အင်အားအတိုင်း စက်များအား စွမ်းအား ပြည့်မောင်းနှင်နိုင်ပါက လုံလောက်မှုရှိပါသည်။

သို့ရာတွင် လက်ရှိ ကာလ၌ ရွှေကျင်(၇၅ မဂ္ဂါဝပ်)၊ ဘီလူးချောင်း(၁)၊ (၂) ၊ (၃) တို့မှ (၂၄၈ မဂ္ဂါဝပ်)နှင့် သဖန်းဆိပ် (၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ များမှထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ  ထွက်ရှိသည့် ဓာတ်အား (၃၅၃ မဂ္ဂါဝပ်) ၊ အသားတင်လျော့နည်း ထုတ်လုပ်ရလျက်ရှိပါသည်။

ထို့အတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝ ဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုအချိုးမှာ (၅၀%) ခန့်ရှိသော် လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှုမှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာလည်း ယခု  ကာလအတွင်း (၄၄၆) မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိပါသည်။ သို့ပါ၍ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံ များ၏ ထုတ်လုပ်မှုတွင် (၃၅၃+၄၄၆) = ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင်   လျော့နည်းထုတ်လုပ်ရလျက်ရှိပါသည်။

ထိုသို့ ထုတ်လုပ်မှုလျော့နည်းရရှိမှုကို နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် ကျန်ရှိသော စက်တပ်ဆင်အင်အား (၆၃၈၅.၄၆) မဂ္ဂါဝပ်မှ ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့ ရပါသည်။ သို့ရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ဓာတ်အားကို ပို့လွှတ်နိုင်ရန်စီမံရာ၌၊ ၂၀၂၃ ခုနှစ်မုတ်သုန်ရာသီတွင် ၂၀၂၂ ခုနှစ်ထက်ပုံမှန်မိုးရွာ သွန်းနိုင်မှုအောက်တွင်ဆက်လက်ရှိနေ၍ ဆည်များ ၌ရေပြည့်ဝစွာမရရှိခြင်း ဓာတ်အား စနစ်အတွင်း တစ်နိုင်ငံလုံးအား ဓာတ်အားစဉ်ဆက်မပြတ် တည်ငြိမ်စွာ  ရရှိစေရန်အတွက် မိုးမကျမီ ကာလအတွင်းအထိ ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သိုလှောင်စုဆောင်းထားရှိသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်  ရခြင်း သဘာဝဓာတ်ငွေ့ ရရှိမှုတို့အားထိန်းညှိ၍ လုံလောက်စွာမရရှိသဖြင့် တပ်ဆင်ထားသောစက်များ၏ စက်စွမ်း အားပြည့်လည်ပတ်နိုင်မှုမရှိခြင်းစသည့်တို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ (၂၈၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၀%) ခန့်ကိုသာ ထုတ်လုပ်ပေးနိုင်လျက်ရှိပါသည်။

အထက်ပါအခြေအနေများအရ ထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုအချိုးအစားပေါ်အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီးသို့ (၄၆%)၊ မန္တလေးတိုင်းဒေသကြီးသို့ (၁၆%)နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ (၃၈ %) အား အချိုးကျ  ခွဲဝေပို့လွှတ်ခဲ့ပြီး သုံးစွဲသူပြည်သူများ အဆင်ပြေစေရန် အတွက် အုပ်စုများခွဲ၍ အချိန်အပိုင်း အခြားအလိုက် ခွဲဝေ ဖြန့်ဖြူးပေးလျက်ရှိပါသည်။

အထက်ပါအတိုင်း ဓာတ်အားထုတ်လုပ်နိုင်မှုအပေါ် အချိုးကျအရ အချိန်အပိုင်းအခြား အလိုက်ခွဲဝေ  ဖြန့်ဖြူးထား  သော်လည်း ရုတ်တရက်မြင့်မားလာသည့် သုံးစွဲမှုအရ တစ်ခါတစ်ရံ သတ်မှတ်ကြိမ်နှုန်း (Frequency)အောက်   ရောက်ရှိပါက ဓာတ်အားစနစ်အတွင်းရှိ ထရန်စဖော်မာများ၊ ဓာတ်အားထုတ်လုပ်သည့်စက်များအား ထိခိုက်  ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဗဟို ဓာတ်အားကွပ်ကဲရေးဌာန(National Control Centre) မှ အရေးပေါ်  ဝန်အားလျော့ချရန်အတွက် ဓာတ်အားဖြတ်တောက်ရခြင်းများကိုပြုလုပ်ရကာ ပုံမှန်ခွဲတမ်းအရရရှိမည့် ဓာတ်အား  ရရှိချိန်အတွင်း တိုက်ဆိုင်စွာဖြတ်တောက်ခဲ့ရပါက ပြတ်တောက်ချိန်မှာ ပိုမိုရှည်ကြာခြင်းများ ဖြစ်ပေါ်ရလျက်ရှိ ပါသည်။

တစ်ဖက်တွင်လည်း ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာသည့် ဓာတ်အားများကို ပို့လွှတ် လျက်ရှိသည့် ဓာတ်အား လိုင်းကြီးများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေစပြီး ယနေ့အထိ ဓာတ်အားလိုင်း တာဝါတိုင်များအား(၇၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး တာဝါတိုင်ပေါင်း (၈၉) တိုင် ပြိုလဲပျက်စီးခဲ့ကာ၊ ဓာတ်အားခွဲရုံကြီး (၅) ရုံ ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပို့လွှတ် နိုင်မှုမရှိသဖြင့် ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်သူ များ၏ ဓာတ်အားလိုအပ်ချက်ကို စဉ်ဆက်မပြတ်ရရှိရေးအတွက် ပြင်ဆင်မှုများကို အချိန်နှင့် တပြေးညီဆောင်ရွက်ပေးခဲ့ရာ တာဝါတိုင်ပေါင်း (၄၉)တိုင်အား အစားထိုး ပြင်ဆင်ပြီးစီးခဲ့ပြီး တာဝါတိုင် (၄၀) ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

အလားတူ ထုတ်လုပ်နိုင်သော လျှပ်စစ်ဓာတ်အားကို လျော့နည်းပျောက်ဆုံးမှု မရှိစေရေးအတွက် ဓာတ်အား   သုံးစွဲသူများမှ ဓာတ်အားခရရှိရေးအတွက်လည်း မီတာခ ပေးဆောင်ရန် ပျက်ကွက်သူများအား ပထမလတွင် သတိပေးခြင်း၊ ပထမလမှ တတိယလအထိ ရက်လွန်ဒဏ်ကြေး ကောက်ခံခြင်း၊ စတုတ္ထလတွင် လအလိုက် ပေးဆောင်ရမည့် မီတာခနှင့် ရက်လွန်ဒဏ်ကြေးများအား ပေးဆောင်ခြင်းမရှိပါက ဓာတ်အားဆက်သွယ်မှု ဖြတ်တောက်ခြင်းနှင့် မီတာသိမ်းဆည်း၍ ဥပဒေကြောင်းအရ အရေးယူခြင်းများကိုဆောင်ရွက်ခဲ့၍ စုစုပေါင်း  မီတာ  အလုံးရေ ၄ သိန်းကျော်ကို ဓာတ်အားဖြတ်တောက်ခဲ့ပြီး မီတာအလုံး ၆ သောင်းကျော်ကို ဖြုတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

၎င်းအပြင် ဓာတ်အားသုံးစွဲသူပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ စီမံကိန်းများဖြစ်သော တောင်တော်ကွင်း (၂၀ မဂ္ဂါဝပ်)၊ကြီးအုံကြီးဝ (၃၀ မဂ္ဂါဝပ်)၊ စေတုတ္တရာ (၃၀ မဂ္ဂါဝပ်)နှင့် ကင်းတား (၃၀ မဂ္ဂါဝပ်) စုစုပေါင်းဓာတ်အားပေးစက်ရုံ (၄)ခု တပ်ဆင်အင်အား (၁၁၀ မဂ္ဂါဝပ်)ခန့်အား ဓာတ်အားဝယ်ယူရေး စာချုပ်များ (PPA) ချုပ်ဆို၍ ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ခဲ့ပြီး သပြေဝ-၃ (၃၀ မဂ္ဂါဝပ်) နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားစတင်စမ်းသပ်ပို့လွှတ်နိုင်ခဲ့သဖြင့် စုစုပေါင်း (၂၁၀) မဂ္ဂါဝပ်ခန့် ထပ်တိုး ထုတ် လုပ်နိုင်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ဝန်အားထိန်းညှိမှုအရ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သော ကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည်ပေးနိုင်ပါရန် နှင့် ဓာတ်အားလိုင်းများ ဖောက်ခွဲ  ဖျက်ဆီးခံရခြင်း၊ အဖျက်အမှောင့်ပြုလုပ်ခြင်းများအပေါ် ပြည်သူလူထုမှလည်း ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးကြ ပါရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံးပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ထိုင်းနိုင်ငံ အိမ်ခြံမြေများကို မြန်မာနိုင်ငံသားများ၏ဝယ်အား ၂၄၀ ရာခိုင်နှုန်းမြင့်တက်လာ

၂၉ ဧပြီ ၂၀၂၄

ထိုင်းနိုင်ငံရဲ့ နိုင်ငံခြား အိမ်ခြံမြေကဏ္ဍမှာ မြန်မာဈေးကွက်ရဲ့ဝယ်အားဟာ ယမန်နှစ်နှင့်ယှဉ်လျှင် ၂၄၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ထိုင်းနိုင်ငံရဲ့ ဦးဆောင် အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ အမှုဆောင်အရာရှိချုပ်ကပြောပါတယ်။

မြန်မာဈေးကွက်ဝယ်အားမြင့်တက်လာတာနှင့်အတူ တရုတ်ဈေးကွက်ကလည်း နိုင်ငံခြားအိမ်ခြံမြေ အရောင်းအဝယ်ကြီးတစ်ခုလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဆက်လက်ကြီးစိုးနေဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အချက်က မနှစ်ကနှင့်ယှဉ်လျှင် အိမ်ခြံမြေကုန်သွယ်ရေးကဏ္ဍကြီးတစ်ခုလုံးဟာ ၁၁ရာခိုင်နှုန်းခန့် လျော့ကျသွားတယ်လို့ ထိုင်းမီဒီယာတွေရဲ့သတင်းများမှာဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှဦ မြန်မာတွေဝယ်ယူမှု သိသိသာသာမြင့်တက်နေရတဲ့ အဓိကအကြောင်းရင်းတစ်ခုက မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့်လို့ သူတို့ကပြောပါတယ်။ အဲဒီပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှပ်နှံမှုတွေ တိုးမြင့်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ အလယ်အလတ်တန်းနှင့်အထက်တန်းလွှာတွေဟာ မြို့ဆင်ခြေဖုံးက ကွန်ဒိုမီနီယမ်တွေကိုပိုသဘောကျကြ  တယ်လို့ဆိုပါတယ်။ သူတို့ထက်ချမ်းသာတဲ့သူတွေကတော့ မြို့ပြတွေက ကွန်ဒိုတွေကိုပိုမိုဝယ်ယူလာကြတာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ ကွန်ဒိုအခန်းတွေဟာ တစ်ယူနစ်ကို ဘတ်သန်း၄၀မှ ၅၀ အကြားရှိနေပါတယ်။ အချို့တွေဆိုရင် လျှပ်စစ်ရထားဘူတာရုံတွေနှင့်နီးတဲ့ ပင့်တ်ဟောက်လိုအခန်းကြီးမျိုးတွေပါ ဝယ်ယူနေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် တန်ဖိုးမြင့်ဈေးကွက် အိမ်ခြံမြေကုမ္ပဏီ အနန္တရဲ့အဆိုအရ

၂၀၂၄ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြားဈေးကွက် အရောင်းဟာ ဘတ်ငွေ ၂ဘီလျံအထိရှိခဲ့တယ်လို့သိရပါတယ်။  အဲဒီတန်ဖိုးဟာ ယမန်နှစ် နောက်ဆုံလေးလပတ်နှင့်ယှဉ်ရင် ၁၄ရာခိုင်နှုန်းမြင့်တက်လာပါတယ်။ဝယ်ယူသူ အများစုကတော့ တရုတ်တွေဖြစ်ကြပါတယ်။

မြန်မာဈေးကွက်ဟာ တရုတ်နှင့်ယှဉ်ရင်သေးငယ်ပေမယ့် နောက်ထပ်မြင့်တက်လာဖို့ အလားအလာ အလွန်ကောင်းနေ  တယ်လို့ အနန္တရဲ့ စီအီးအို ပရာဆတ်ကပြောပါတယ်။

တိုးတက်မှုတစ်ခုအနေနှင့် မြန်မာရင်းနှီးမြှပ်နှံသူတွေဟာ အခန်းတွေငှားရမ်းဖို့အတွက် အိမ်ခြံမြေမှာ ဘတ်ငွေ သန်း၁၀၀ စတင်၍စုပေါင်းရင်းနှီးမြှပ်နှံမှုတွေပြုလုပ်လာခဲ့ပါတယ်။ဒါဟာ အရင်တုန်းကမြန်မာတွေဟာ ကိုယ်တိုင်နေထိုင်ဖို့အတွက်သာ ဝယ်ယူနေရာကနေ သိသာထင်ရှားစွာ လမ်းကြောင်းပြောင်းလဲလာတာဖြစ်တယ်လို့ ထိုင်းမီဒီယာတွေမှာ သတင်းဖော်ပြထားပါတယ်။

@ymg/knl

Health

နို့ထွက်ပစ္စည်းမဟုတ်ဘဲကယ်လ်စီယံကြွယ်ဝသောစားစရာများ

Published 20 April 2024

ကယ်လ်စီယံဓာတ်က ခန္ဓာကိုယ်မှာ အရိုးနဲ့သွား ကြံ့ခိုင်သန်မာအောင် ထိန်းသိမ်းပေးတဲ့နေရာမှာ အရေးပါတဲ့အပြင် ကြွက်သားလုပ်ဆောင်ချက်၊ အာရုံကြော သတင်းပို့ခြင်း၊ သွေးခဲခြင်း၊ ဟော်မုန်းထုတ်လုပ်ခြင်းတို့မှာလည်း ပါဝင်ပတ်သက်နေပါတယ်။

နို့၊ ဒိန်ခဲ၊ ဒိန်ချဥ်တို့လို နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်ပါဝင်မှု မြင့်မားသလို နို့ထွက်ပစ္စည်း မဟုတ်တဲ့ အစားအစာတွေလည်း ရှိနေပါတယ်။

(၁) ဆော်လ်မွန်ငါး

ကယ်လ်စီယံ ကြွယ်ဝတဲ့အပြင် ပရိုတိန်း၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗိုက်တာမင်-ဒီတို့ ပါဝင်ကာ နှလုံးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်၊ ကိုယ်ခံအားစနစ်တို့ကို ထောက်ပံ့ပေးပါတယ်။  

(၂) တိုဖူး

တိုဖူးက ကယ်လ်စီယံဆာလ်ဖိတ်ဖြင့် ပြုလုပ်ထားတာကြောင့် ကယ်လ်စီယံ ပါဝင်ကာ ပြည့်ဝဆီနည်းပါးပြီး နှလုံးကျန်းမာရေးအတွက် အသားအစားထိုး စားစရာတစ်ခု ဖြစ်ပါတယ်။

(၃) ဗာဒံသီး

ဗာဒံသီးမှာ ကယ်လ်စီယံအပြင် ကျန်းမာရေးနဲ့ ညီညွတ်သော အဆီများ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် နှလုံးကျန်းမာစေခြင်း၊ ကိုယ်အလေးချိန် ထိန်းပေးခြင်း၊ ရောင်ရမ်းမှုလျှော့ချပေးခြင်းတို့ ရရှိစေပါတယ်။

(၄) ချီယာစေ့

ချီယာစေ့ဟာလည်း ကယ်လ်စီယံကြွယ်ဝတဲ့အပြင် အမျှင်ဓာတ်၊ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ကာ နှလုံးကျန်းမာရေး၊ အစာခြေစနစ် ကျန်းမာရေးတို့ကို ထောက်ပံ့ပေးပါတယ်။

(၅) ကိုက်လံ

ကယ်လ်စီယံကြွယ်ဝတဲ့ ဟင်းရွက်ဖြစ်ပြီး ဗိုက်တာမင်နဲ့ သတ္တုဓာတ်များ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပြည့်ဝနေကာ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

(၆) ပန်းဂေါ်ဖီစိမ်း

ကယ်လ်လစီယံအပြင် ဗိုက်တာမင်-စီ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

(၇) လိမ္မော်သီး

လိမ္မော်သီးမှာလည်း ကယ်လ်စီယံအပြင် ဗိုက်တာမင်-စီ၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပြီး နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေမှ လျှော့ချပေးပါတယ်။

ထိုကဲ့သို့ ကယ်လ်စီယံကြွယ်ဝတဲ့ အစားအစာများကို ထည့်သွင်းစားသုံးခြင်းဖြင့် ကယ်လ်စီယံလိုအပ်ချက် ဖြည့်ဆည်းနိုင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေမှာ ဖြစ်ပါတယ်။

Source: DoctorNDTV

စမတ်ဖုန်းမကိုင်ဘဲနေထိုင်နိုင်ရန်အတွက် ပြောင်းလဲချိန်ညှိတတ်ရန်လိုအပ်ဟုသုတေသီများပြော

Published 19 April 2024

အဆင့်မြင့်စမတ်ဖုန်းတွေ အလွယ်တကူ ရရှိနိုင်တဲ့ခေတ်ကြီးမှာ အခြေခံဖုန်းခေါ်ဆိုမှုသာ လုပ်နိုင်တဲ့ သာမန်ဆဲလ်ဖုန်းတွေကို တမင်ရွေးချယ် အသုံးပြုနေတဲ့သူတွေလည်း ရှိပါတယ်။

အွန်လိုင်းလှုပ်ရှားမှုတွေ ပိုမိုခေတ်စားလာရာမှာ စမတ်ဖုန်းတွေက မရှိမဖြစ် ပစ္စည်းဖြစ်လာပါတယ်။

အမျိုးမျိုးသော လုပ်ဆောင်ချက်တွေကို စမတ်ဖုန်းတွေနဲ့သာ အသုံးပြုနိုင်ပေမယ့် အချို့လူတွေကတော့ စမတ်ဖုန်းအသုံးမပြုဘဲ သာမန်ဆဲလ်ဖုန်းများကိုသာ သုံးနေကြပါတယ်။

ဒါပေမဲ့ ဒီဂျစ်တယ်လောကကနေ အာရုံလွှဲပြောင်းချင်သူတွေကတော့ သာမန်ဆဲလ်ဖုန်းတွေကို ပြန်လည်စွဲကိုင်လာကြပါတယ်။

ဖင်လန်နိုင်ငံနဲ့ အမေရိကန် အော်လ်တိုတက္ကသိုလ်မှ သုတေသနတစ်ခု ပြုလုပ်ကြကာ လူအနည်းငယ်ကို မေးမြန်းခဲ့ကြပါတယ်။

စမတ်ဖုန်းနဲ့ အဆက်အသွယ်ဖြတ်တဲ့ အကျိုးဆက်တွေ၊ ကျန်းမာရေးအတွက် ရည်ရွယ်တဲ့ သာမန်ဆဲလ်ဖုန်း အသုံးပြုပုံတွေကို ရှာဖွေခဲ့ကြပါတယ်။

အချို့သော ဆဲလ်ဖုန်းတွေဆိုရင် ဈေးကြီးပြီး ပြည်တွင်းဈေးကွက်မှာ မရှိတဲ့အတွက် အာဖရိကကနေ မှာယူတဲ့ ဥရောပသားတွေရှိတယ်လို့ ကွန်ပျူတာသိပ္ပံဌာနမှ ပရော်ဖက်ဆာ ယန်းလင်းဗစ်က ဆိုပါတယ်။

စမတ်ဖုန်းမသုံးချင်ကြတော့တဲ့ အကြောင်းအရင်းတွေက အမျိုးမျိုး ဖြစ်နေကြပြီး အချို့မိဘတွေဆိုရင် ကလေးတွေ စမတ်ဖုန်းစွဲလမ်းမှုမဖြစ်အောင် ယင်းတို့ကိုယ်တိုင် အသုံးမပြုကြတာ ဖြစ်ပါတယ်။

စမတ်ဖုန်းမကိုင်တဲ့ သူတွေကတော့ တီထွင်ကြံဆပြီး နေထိုင်ကြရပါတယ်။

ကပ်ရောဂါကာလမှာဆိုရင် စမတ်ဖုန်းရဲ့ သက်ရောက်မှုက အလွန်ကြီးမားတာကို မြင်တွေ့နိုင်ပါတယ်။

စမတ်ဖုန်းမပါဘဲ နေထိုင်နိုင်ဖို့ နည်းလမ်းမျိုးစုံ ကြံဆရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အချို့ဆိုရင် စမတ်ဖုန်းလိုအပ်တဲ့အခါ ရင်းနှီးသူတစ်ယောက်ယောက်ရဲ့ ဖုန်းကို ငှားရမ်းအသုံးပြုကြရပါတယ်။

ဒါကြောင့် လက်တွေ့ကျကျ ပြောရမယ်ဆိုရင် စမတ်ဖုန်းမရှိဘဲ နေထိုင်ဖို့ဆိုတာ ပြောင်းလဲချင့်ချိန်တတ်ဖို့ လိုအပ်ပါတယ်။

Source: The Jerusalem Post

ကိုယ်အလေးချိန်ကျဖို့ရာအိပ်ရေးဝရန်အရေးကြီး

Published 19 April 2024

ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ကြိုးစားတဲ့အခါ အစားအသောက်ပုံစံနဲ့ လေ့ကျင့်ခန်းများအပြင် အခြားအရာတွေလည်း ပါဝင်ပါတယ်။

လုံလောက်စွာ အိပ်စက်ခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။

အိပ်ချိန်နည်းလွန်းခြင်းက ကိုယ်အလေးချိန်ချရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ဝိတ်တက်စေနိုင်ပါတယ်။

အိပ်စက်ခြင်းစက်ဝန်းနဲ့ ကိုယ်အလေးချိန်ကြား ဆက်စပ်မှုကို အာဟာရပညာရှင် အမ်မာမီအက်ဂါဝယ်က ရှင်းပြသွားပါတယ်။

အစားမှန် လေ့ကျင့်ခန်းမှန် ပြုလုပ်တဲ့ကြားက ကိုယ်အလေးချိန် မကျဘူးဆိုရင် လုံလောက်စွာ မအိပ်စက်ရတာကြောင့် ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန်ကို အိပ်စက်ခြင်းက သက်ရောက်နေတဲ့ နည်းလမ်း ၃ မျိုးကတော့ ..

(၁) အိပ်ရေးပျက်တယ်ဆိုရင် အဆီမလောင်ကျွမ်းဘဲ အဆီသိုလှောင်လာကာ ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းပါတယ်။

(၂) အိပ်ရေးပျက်ပါက ဖိစီးမှုဟော်မုန်း မြင့်တက်စေပြီး အဆီလောင်ကျွမ်းမှု နှောင့်နှေးစေပါတယ်။

(၃) ဇီဝကမ္မဖြစ်စဥ် မြန်တယ်ဆိုရင် ကယ်လိုရီပိုမိုလောင်ကျွမ်းတဲ့အတွက် အိပ်ရေးပျက်ရင်တော့ ဇီဝကမ္မဖြစ်စဥ်နှေးစေကာ ကိုယ်အလေးချိန်ကျဖို့ ခက်စေပါတယ်။

Source: NDTV

Sport

ရွှေလီ-မူဆယ် နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးမာရသွန်ပြေးပွဲ ရွှေလီမြို့တွင် ကျင်းပ

၂ ဇန်နဝါရီ ၂၀၂၄

ရွှေလီ-မူဆယ် တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် ရွှေလီမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲကို မြန်မာနှင့်တရုတ်နှစ်နိုင်ငံမှ အပြေးသမားပေါင်း ၇၀၀၀ကျော်ဟာ အမျိုးအစားလေးမျိုးမှာ ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြပါတယ်။

Source CCTV+

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်းနှင့်ကစားမည့် မြောက်ကိုရီးယားဘောလုံးအသင်း ရန်ကုန်သို့ရောက်ရှိ

၁၈ နိုဝင်ဘာ ၂၀၂၃

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာလက်ရွေးစင်ဘောလုံးအသင်း နှင့် ယှဉ်ပြိုင်မယ့် မြောက်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ 

မြောက်ကိုရီးယားအသင်းဟာ ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး ‌နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

မြန်မာအသင်းနှင့်မြောက်ကိုရီးယားအသင်းတို့သည် နိုဝင်ဘာ ၂၁ ရက် ညနေ (၄)နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးထဲတွင် ယှဉ်ပြိုင်ကစားကြပါလိမ့်မယ်။

မြန်မာ - မြောက်ကိုရီးယား ပွဲစဥ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်းပွဲစဥ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ဝယ်ယူနိုင်ကြပါတယ်။ ယင်းအပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်း ကောင်း ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။

-ymg/knl

၁၉ ကြိမ်မြောက် ဟန်ကျူးအာရှအားကစားပြိုင်ပွဲကို တရုတ်သမ္မတရှီကျင့်ဖျင်ဖွင့်လှစ်

၂၄ စက်တင်ဘာ ၂၀၂၃

တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ်မြို့တော် ဟန်ကျူးတွင် စက်တင်ဘာ ၂၃ ရက်ညနေက ၁၉ကြိမ်မြောက် အာရှအားကစားပွဲ ဖွင့်ပွဲကျင်းပခဲ့ရာ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Source CCTV+

 

Technology

  • တရုတ်နိုင်ငံက ပထမဆုံးသော ကိုယ်ပိုင်ထုတ်လူသားပုံစက်ရုပ်ကို ထုတ်ဖော်ပြသ

    ၂၈ ဧပြီ ၂၀၂၄

    တရုတ်နိုင်ငံရဲ့ ပထမဆုံးသော ကိုယ်တိုင်ထုတ် လူသားပုံစက်ရုပ် “ရှန်ကုံး”ကို ဧပြီ ၂၇ရက်နေ့က မြို့တော်ဘေဂျင်းရှိ စီးပွာရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဧရိယာမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

    Source CCTV +

     

  • ဘိုင်ဒင်က TikTok ဥပဒေကြမ်းကို ယခုလက်မှတ်ရေးထိုးလိုက်ပြီ။ ဘာတွေဖြစ်မလဲ။

    ၂၅ ဧပြီ ၂၀၂၄


    ▪️အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် TikTok ၏ မိခင်ကုမ္ပဏီဖြစ်တဲ့ တရုတ်ကုမ္ပဏီအနေနှင့် အမေရိကန် မှာရှိတဲ့လုပ်ငန်းက သူ့ ရှယ်ယာထုတ်ရောင်းမှာလား သို့မဟုတ် တစ်နိုင်ငံလုံး အသုံးပြုခြင်းပိတ်ပင်ခံရမှာလား လမ်းနှစ်သွယ်ရွေးရမည့် TikTok ဥပဒေကြမ်းကို ဗုဒ္ဓဟူးနေ့ ဧပြီ ၂၄ရက်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

    ⁉️ဘာကြောင့် ဒီကိစ္စအရေးကြီးရတာလဲ
    ▪️ထိုသို့ဥပဒေအဖြစ်လက်မှတ်ရေးထိုးလိုက်တဲ့အတွက် နာမည်ကျော် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်း ဖြစ်တဲ့ TikTok က ငုံ့မခံဘူးလို့ပြောထားပါတယ်။အဲဒါကြောင့် TikTok ကံကြမ္မာအတွက် ဥပဒေပိုင်းဆိုင် ရာ တိုက်ပွဲတွေ အများကြီးတွေ့ကြရပါဦးမယ်။


    ⁉️TikTok ကိုဘာကြောင့်စိတ်ပူရတာလဲ
    ▪️ဗုဒ္ဓဟူးနေ့က ဥပဒေအဖြစ်လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေကြမ်းဟာ အချိန်ကြာကြီးကတည်းက ရှိခဲ့တာပါ။ ဘိုင်ဒင်အစိုးရက TikTok အနေနှင့် သူ့ရဲ့မိခင် ကုမ္ပဏီဖြစ်တဲ့ ByteDance အနေနှင့် အမေရိကန်နိုင်ငံသုံး အက်ပလီကေးရှင်းမှာရှိတဲ့ သူ့ရဲ့ရှယ်ယာတွေထုတ်မရောင်းရင် အပိတ်ခံရလိမ့်မယ် လို့ သတိပေးခဲ့ပါတယ်။
    ▪️TikTok ကိုဝေဖန်သူတွေက ကာလများစွာကပင် ယင်းအက်ပလီကေးရှင်းသည် အမေရိကန်သုံးစွဲသူတို့၏ အချက်အလက်များအတွက် အန္တရာယ်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်ဥပဒေအရ တရုတ် ကုမ္ပဏီများသည် အစိုးရထံ သတင်းအချက်အလက်များ မျှဝေပေးရဖို့ လိုအပ်သောကြောင့်ဟုဆိုပါတယ်။
    ▪️TikTok ကတော့ သူတို့သည် အမေရိကန်တွင် လွတ်လပ်စွာ လုပ်ငန်းလုပ်ကိုင်နေပြီး အမေရိကန်သုံးစွဲသူများ၏ သတင်းအချက်အလက်များကိုလည်း မိတ်ဖက်ပြုထားသည့် Oracle မှတစ်ဆင့်ကာကွယ်ပေး ထားပြီး နိုင်ငံရပ်ခြားမှဝင်ရောက်၍မရအောင် firewalls ကာကွယ်မှုများပြုလုပ်ထားကြောင်း အမြဲ တုန့်ပြန်ထားပါတယ်။


    ⁉️နောက်ကြောင်းပြန်ကြည့်ခြင်း
    ▪️အမှန်တကယ်တော့ TikTok ကို ရှေ့ဆောင်တိုက်ပွဲစတင်ဝင်ခဲ့သူမှာ သမ္မတဟောင်း ထရမ့်ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာ သူ့ကို ကြည့်ရတာ သူစခဲ့တဲ့ကိစ္စကို ပြောင်းပြန်လှန်လိုတဲ့သဘော တွေ့နေရ ပါတယ်။


    ⁉️ဥပဒေအသစ်ကဘာပြောထားလဲ
    ▪️ဥပဒေသစ်အရ TikTok ဟာ ချက်ခြင်းကြီး ပျောက်သွားစရာအကြောင်းမရှိပါ။ ByteDance ကုမ္ပဏီကို အတည်ပြုပြီးတဲ့ TikTok ဝယ်သူကိုရှာဖွေဖို့ တစ်နှစ်အထိ အချိန်ပေးထားတာကြောင့်ပါ။ အထူးသဖြင့် ByteDance ကုမ္ပဏီဟာ အရောင်းအဝယ်ကို (၉)လအတွင်းလုပ်ရမှာဖြစ်ပေမယ့် အရောင်းအဝယ်ဖြစ်လို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိတယ်ဆိုရင် နောက်ထပ် ရက်ပေါင်း (၉၀) ထပ်တိုးပေးထားလို့ ဖြစ်ပါတယ်။
    ▪️အဲဒီအချိန်မှာ မရောင်းနိုင်ခဲ့ရင်တော့ TikTok ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ အပိတ်ခံရမှာပါ။

    ⁉️TikTok ကနောက်တစ်ဆင့်ဘာလုပ်နိုင်သလဲ
    ▪️ByteDance ကနေပြီး TikTok ကို အတင်းအကြပ်ရောင်းချတာအားလုံးကို ပိတ်ဆို့ပစ်မယ်လို့ တရုတ် အစိုးရက အချက်ပြထားပြီးပါပြီ။အဲဒါဆိုရင်တော့ ဒါဟာ အဲဒီအက်ပလီကေးရှင်းကို အမေရိကန်မှာ ပိတ်ပစ်ဖို့ အခြေအနေဆိုက်သွားလိမ့်မယ်လို့ ဝေါစထရိဂျာနယ်ကသုံးသပ်ပါတယ်။
    ▪️TikTok စီအီးအို ရှောင်ချူးက သူတို့အနေနှင့် အဲဒီဥပဒေအသစ်ကို အမေရိကန်ရဲ့ First Amendment ကို အခြေခံပြီး စိန်ခေါ်သွားမယ်လို့သန္နိဋ္ဌာန်ချထားပါတယ်။ First Amendment ဆိုတာ အမေရိကန်အခြေခံ ဥပဒေမှာ လွတ်လပ်စွာပြောဆိုခွင့်ကိုဟန့်တားတဲ့မည်သည့်ဥပဒေကိုမျှပြဋ္ဌာန်းခွင့်မရှိလို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
    ▪️အဲဒီအပြင် TikTok ဟာ လာမယ့်နိုဝင်ဘာရွေးကောက်ပွဲကိုလည်းစောင့်နေပါတယ်။ ရွေးကောက်ပွဲမှာ မည်သည့်ပါတီနိုင်နိုင် ဒီကိစ္စကို ပြောင်းလဲပေးလိမ့်မယ်လို့ သူတို့ကမျှော်လင့်ထားပါတယ်။
    ▪️အကယ်၍ TikTok က အမေရိကန်ပိုင်ရှင်အသစ်ကို ရောင်းပေးလိုက်ရပြီး သူ့ကိုယ်ပိုင်စတော့ခ်နှင့် လွတ်လပ်သောကုမ္ပဏီတစ်ခုအဖြစ်တည်ထောင်ခဲ့ရင်တောင် မှ ByteDanceအနေနှင့် ရောင်းတဲ့အထဲမှာ TikTok ရဲ့ အယ်လ်ဂိုရီသမ် algorithm ကိုထည့်မရောင်းခြင်းဖြင့် အရောင်းအဝယ်ရဲ့ အရှိန်အာဏာကို လျော့ချပစ်လိုက်နိုင်ပါသေးတယ်။
    ▪️အမေရိကန် TikTok ဗားရှင်းမှာ အက်ပလီကေးရှင်းကို လူကြိုက်များအောင်လုပ်ပေးတဲ့ စွမ်းအားရှိတဲ့ algorithm မပါဘူးဆိုရင် ဒီကနေ့မြင်နေရတဲ့ TikTok နှင့် အမေရိကန်ဗားရှင်း TikTok တို့ လုံးဝခြားနားသွားမှာလည်းဖြစ်ပါတယ်။
    ▪️အဲသလိုဆိုရင် ကျယ်ပြန်တဲ့ ဈေးကွက်အတွက် ဘယ်လိုအဓိပ္ပါယ်ရှိတော့မှာလဲ။
    ▪️TikTokကို အတင်းအကြပ်ရောင်းခိုင်းတာပဲဖြစ်ဖြစ် ပိတ်ပစ်လိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်မယ််ဆိုရင် အမေရိကန်မီဒီယာတွေရဲ့ လိုက်လျောညီထွေစွာဖွဲ့တည်နေတဲ့ “ဂေဟ” စနစ်ကြီးကို ဖြတ်တောက်ပစ် လိုက်သလိုဖြစ်သွားလိမ့်မယ်လို့ Axios မီဒီယာ မှ ဆာရာဖစ်ရှာကရေးသားပါတယ်။
    ▪️အဲသလိုဆိုရင် အခြားနိုင်ငံတွေအနေနှင့်လည်း သူတို့ရဲ့ အမေရိကန်ကုမ္ပဏီတွေကို သူတို့ရဲ့အမေရိကန် လုပ်ငန်းတွေအတင်းရောင်းပစ်တာတွေ ဒါမှမဟုတ် နိုင်ငံခြားကုမ္ပဏီတစ်ခုခုကိုရောင်းပစ်လိုက်တာတွေ ဆက်တိုက်ဖြစ်လာနိုင်ပါတယ်။
    ▪️ဥပဒေအသစ်ရဲ့ကျယ်ပြန်တဲ့ ဘာသာဗေဒဟာ ByteDance ရဲ့ အခြား အက်ပလီကေးရှင်းတွေအပေါ်မှာ လည်း ရှုပ်ထွေးမှုတွေဖြစ်စေနိုင်ပါတယ်။

    Source : Axios ; What happens now that Biden has signed the TikTok bill

  • တစ်နာရီကို(၄၀၀)ကီလိုမီတာနှုန်းဖြင့်သွားနိုင်မည့် မြန်နှုန်းမြင့် CR450 EMUရထားရှေ့ပြေးပုံစံအား တရုတ်နိုင်ငံ ထုတ်လုပ်သွားမည်

    တစ်နာရီကို ၄၀၀ ကီလိုမီတာ အမြန်နှုန်းသွားနိုင်အောင် ထုတ်လုပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ CR450 EMU ရထား ရှေ့ပြေးပုံစံကို ယခုနှစ်အတွင်း ဆောက်လုပ်သွားနိုင်ရန် စီစဥ်ထားကြောင်း တရုတ်ပြည်မီးရထားအဖွဲ့အစည်းမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။

     

Contact Us

Building D, No.101, 1st Floor, Mahabandoola Tower(Near Mahabandoola Bridge), Mahabandoola Road, Pazundaung Township, Yangon.