Published 28 February 2022

ကမ္ဘာ့အကြီးဆုံးလေယာဉ်ကြီးဖြစ်တဲ့ Antonov AN-225 ဟာ  ရုရှားတို့ ယူကရိန်းကို ကျူးကျော်စဉ်အတွင်း  ဖျက်ဆီးခံလိုက်ရတယ်လို့ ယူကရိန်းအရာရှိတွေက ပြောတယ်လို့ စီအင်န်အင်န်က သတင်းဖော်ပြပါတယ်။

အဲဒီဧရာလေယာဉ်ကြီးကို အမ်ရီယာ သို့မဟုတ် အိပ်မက်လို့ ယူကရိန်းဘာသာနှင့်ခေါ်ဆိုထားပြီး ကိဗ်မြို့အနီးက လေယာဉ်ကွင်းတစ်ကွင်းမှာ ရပ်နားထားတာဖြစ်ပါတယ်။ အဲဒီလေယာဉ်ကို ရုရှားသိမ်းပိုက်သူတွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယူကရိန်းအာဏာပိုင်တွေကပြောပါတယ်။  သူတို့က ဒီလေယာဉ်ကိုပြန်တည်ဆောက်မယ်လို့လည်း ပြောပါတယ်။

“ ရုရှားတွေဟာ ကျွန်တော်တို့ရဲ့ အမ်ရီယာကို ဖျက်ဆီးပစ်ကောင်းပစ်နိုင်မယ်။ဒါပေမယ့် ကျွန်တော်တို့ရဲ့  အားကောင်းပြီး လွတ်လပ်တဲ့ ဒီမိုကရက်တစ်ဥရောပနိုင်ငံဆိုတဲ့ အိပ်မက်ကိုတော့ သူတို့ဘယ်တော့မှဖျက်ဆီးပစ်လို့မရပါဘူး။ ကျွန်တော်တို့ အောင်ရမယ်” လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရိုကူလေဘာက တွစ်တာမှာရေးသားထားပါတယ်။

လေယာဉ်ကိုပြန်တည်ဆောက်ရင် ဒေါ်လာ၃ ဘီလီယံလောက်ကုန်ကျနိုင်တယ်လို့ လေယာဉ်ကုမ္ပဏီကပြောပါတယ်။

ဒါပေမယ့် ဒီလေယာဉ်ဖျက်ဆီးခံရတယ်ဆိုတော့ လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရသေးပါဘူးလို့ စီအင်န်အင်န်က ပြောပါတယ်။ အန်တိုနော့ဗ်ကုမ္ပဏီကတော့ ကျွမ်းကျင်သူတွေ မစစ်ရသေးဘဲနှင့် လေယာဉ်ရဲ့ စက်မှုပိုင်းဆိုင်ရာ အခြေအနေကို အတည်ပြုလို့မရနိုင်သေးဘူးလို့ပြောပါတယ်။

ယနေ့အထိ အမ်ရီယာဟာ ကမ္ဘာပေါ်မှာ အကြီးမားအလေးလံဆုံး လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ကို တာဘိုပန်ကာတပ် အင်ဂျင်(၆)လုံးတပ်ဆင်ထားပြီး အလေးချိန်တန်ချိန် ၂၅၀လေးပါတယ်။ အလျားက ၈၄မီတာ(၂၇၅ ပေခန့်)ရှိပြီး အကြီးဆုံးလေယာဉ်တောင်ပံကိုလည်းတပ်ဆင်ထား တာဖြစ်ပါတယ်။အဲဒီလေယာဉ်ကို ကိဗ်အခြေစိုက် အန်တိုနော့ဗ်ကုမ္ပဏီက တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၈မှာ ပထမဆုံး အကြိမ်စတင်ပျံသန်းခဲ့ပါတယ်။ အဲဒီကတည်းက လေယာဉ်ကိုစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။

Source CNN