Published 9 June 2023

တရုတ်နှင့်ရုရှားလေတပ်တို့ ကြာသပတေးနေ့က ပူးတွဲပြီး ခြောက်ကြိမ်မြောက် မဟာဗျူဟာမြောက်ကင်းလှည့်ခြင်း   ဆောင်ရွက်ခဲ့ကြတဲ့ ဗွီဒီယိုကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နှင့်ရုရှားစစ်တပ်တွေအကြား နှစ်ပတ်လည် ပူးပေါင်းဆောင်ရွက်မှုအရ  နှစ်ဘက်ဟာ ဂျပန်ပင်လယ်ပြင်နှင့် အရှေ့တရုတ်ပင်လယ်တို့ရဲ့ လေပိုင်နက်ထဲမှာ အင်္ဂါနေ့က ပူးတွဲလေကြောင်းမဟာဗျူဟာကင်းလှည့်မှု ဆောင်ရွက်ခဲ့ ကြတာ ဖြစ်ပါတယ်။ နောက်တစ်ရက်မှာလည်း နှစ်ဘက်ဟာ  ပစိဖိတ်အနောက်ပိုင်း လေပိုင်နက်ထဲမှာ ဒုတိယအဆင့် ပူးတွဲလေကြောင်းမဟာဗျူဟာကင်းလှည့်မှုဆက်လက်ဆောင်ရွက်ခဲ့ကြပါတယ်။

နှစ်ဘက်အသုံးပြုတဲ့လေယာဉ်တွေဟာ TU-95 တီယူ-နိုင်တီးဖိုက် နှင့် H-6K အိတ်ချ် ဆစ်ခ်ကေ ဗုံးကြဲလေယာဉ်တွေအပြင် J-16 ဂျေ-ဆစ်ခ်တင်းန်နှင့် SU-30 အက်စ်ယူ သာတင်း တိုက်လေယာဉ်တွေလည်းပါဝင်ခဲ့တာကို ဗွီဒီယိုမှာတွေ့ရပါတယ်။

Source AFP

#China_Russia_Airforce_Joint_Patrol

#China_Russia_Relations

#ရုရှား_တရုတ်_ပူးတွဲလေကြောင်းကင်းလှည့်

#YangonMediaGroup