၁ စက်တင်ဘာ ၂၀၂၃

တရုတ်ပြည်တွင်းထုတ် လျှပ်စစ်ကားတွေဟာ ပထမဆုံးအသုတ်အဖြစ် တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ် ဝမ်တင်း ဝင်ပေါက်မှတစ်ဆင့် ဩဂုတ် ၃၁ရက်နေ့က မြန်မာနိုင်ငံကို စတင်တင်ပို့ခဲ့ပါတယ်။ နယ်စပ်မှာ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ် တိုးတက်မှုကြောင့် ပိုပြီး လွယ်ကူမြန်ဆန်လာတယ်လို့ စီစီတီဗွီသတင်းမှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးစီမံခန့်ခွဲရေးရဲတွေက လိုအပ်တာတွေစစ်ဆေးပြီးတဲ့အခါ  တရုတ်ပြည်တွင်းထုတ် လျှပ်စစ်ကားတွေတင်ဆောက်လာတဲ့ နောက်တွဲပါကုန်တင်ယာဉ်အစီး (၅၀)ဟာ  နယ်စပ်ပေါက်ကို  မနက်၁၀နာရီမှာရောက်ရှိခဲ့ကြပါတယ်။