Published_06 May 2024
ကျောက်မျက်ပြပွဲစတုတ္ထနေ့ ဖြစ်သည့် မေလ၆ရက်နေ့၌ ကျောက်မျက်အတွဲ(၁)မှ (၁၆၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ဆက်လက်ရောင်းချပေးနေကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။
(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်မှ ၁၂ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ ၌ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတတိယနေ့၌လည်း ပုလဲအတွဲပေါင်း ၁၉၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄,၅၅၀ တို့ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည် ။
#Yangon_Times/NN
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
- Hits: 62
Published_06 May 2024
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ ဒိုင်ကော်မတီ ဒိုင်ဌာနတို ပူးပေါင်း ဖွင့်လှစ်မည့် MFF Basic Referee Course 2/2024 ကို ယခုလနောက်ဆုံးပတ်ဖြစ်သည့် မေ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ MFF Basic Referee Course 2/2024သင်တန်းတွင် (ကျား၊မ) (၃၀) ဦးသာ လက်ခံသွားမည်ဖြစ်ကာ သင်တန်းကာလ ၇ ရက်ကြာ ပို့ချသွားမည် ဖြစ်သည်။
သင်တန်းတက်လိုသူများသည် အသက် (၁၈)နှစ်ထက်မငယ်ရ၊ (၃၀)နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင်မျက်မှန် မတပ်ဆင်သူ၊ ကျန်းမာကြံ့ခိုင်၍ ပြေးလွှားလှုပ်ရှားနိုင်သူနှင့် သင်တန်းကာလပြီးဆုံးသည်အထိ မပျက်မကွက် တက်ရောက်နိုင်သူစသည့်အရည်အချင်းသတ်မှတ်ချက်များ ဖြင့်ပြည့်စုံရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အချက်အလက်များနှင့် ကိုက်ညီသူများ အနေဖြင့် မေလ ၆ ရက် (ယနေ့)မှ စတင်၍ မေလ ၂၀ရက် ရက်နေ့ ရုံးချိန်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် ဒိုင်ကော်မတီ ဒိုင်ဌာန (ဖုန်း - ၀၉ ၄၀၂၃၀၂၆၄၀) သို ဆက်သွယ်စုံစမ်း လျှောက်လွှာတင်သွင်းနိုင် ကြောင်း ၊သင်တန်းလျှောက်လွှာ များကို
https://www.mediafire.com/file/jeucqayx9mhrrt4/MFF+Basic+Referee+Course+2-2024
တွင် Download ရယူနိုင်ကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
- Hits: 24
ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်အတွင်း ပစ္စည်းအချို့ပြတ်လပ်တာကြောင့် လုပ်ငန်းသုံးပစ္စည်းတွေ ၁၀ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ် ။
#Yangon_Times/NN
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
- Hits: 25
စျေးတဟုံထိုး ထိုးတက်ခဲ့တဲ့ ဒဂုံမြို့သစ်လေးမြို့နယ်က အိမ်ခြံမြေ စျေးကွက်ဟာ လက်ရှိမှာတော့ ဝယ်လိုအားနည်းလာတဲ့ အတွက် ဈေးအနည်းငယ်ကျဆင်းလာတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံကသိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
- Hits: 20
အင်းလေးဒေသကို လာလည်မယ့်ခရီးသွားတွေ အနေနဲ့ အခုနွေအကုန်ရော လာမယ့်မိုးရာသီမှာပါ နေပြင်းတာနဲ့ မိုးလေကင်းလွတ်အောင် မနက်အစောကြီးပိုင်းတွေမှာ လာလည်စေချင်တယ်။
#Yangon_Times/tthl
#Local_News
#Published_06 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
- Category: Myanmar
- Hits: 26
၆ မေ ၂၀၂၄
မြန်မာနိုင်ငံရှိ Arakan Army (AA) လက်နက်ကိုင်အဖွဲ့၏ အတင်းအဓမ္မ စစ်မှုထမ်းဆင့်ခေါ်မှုကြောင့် အမျိုးသမီးများအပါ အဝင် မြန်မာဒုက္ခသည် ၄၇ ဦးဟာ ပလက်ဝမြို့နယ်မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ရှိ Lawngtlai ဒေသသို့ ထွက်ပြေးဝင်ရောက်လာ ကြတယ် လို့ အိန္ဒိယ ထောက်လှမ်းရေးအရင်းအမြစ်က တနင်္ဂနွေနေ့ မေလ ၅ ရက်နေ့ကပြောကြားတဲ့အကြောင်း အိန္ဒိယ တိုင်းမ် သတင်းစာကရေးသားပါတယ်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကြီးဖြစ်တဲ့ AA စစ်သွေးကြွအုပ်စုက အတင်းအဓမ္မ လူသစ်စုဆောင်းမှု တွေလုပ်နေတာကြောင့် အသက် ၃၀ ဝန်းကျင်ရှိ လူငယ်တွေဟာ ပလက်ဝကနေ ထွက်ပြေးလာကြတယ်လို့ သတင်းအရင်းအမြစ်ကပြောပါတယ်။ ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်မှာရှိပေမယ့် ရခိုင်ပြည်နယ်မှာ အခြေပြုတဲ့ AA စစ်သွေးကြွတွေဟာ အဲဒီနေရာမှာလည်း စစ်ရေးလုပ်ဆောင်မှုတွေရှိနေတယ်လို့ သတင်းကဆိုပါတယ်။
ဆိုရှယ်မီဒီယာက သတင်းဆိုက်တစ်ခုဖြစ်တဲ့ တာဟန်ပို့စ်ရဲ့အဆိုအရ AA ကေဒါတွေက ပလက်ဝမှာ လူငယ်တွေကို စစ်မှုထမ်း ဆင့်ခေါ်ဖို့ ဧပြီ ၁၉ ရက်က ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ သူတို့ရဲ့ အတင်းအဓမ္မ ဆင့်ခေါ်တာကို ငြင်းဆန်ကြတဲ့ လူငယ်တွေဟာ အဲဒီဒေသကနေ မီဇိုရမ်ထဲ ထွက်ပြေးလာကြတာဖြစ်ပါတယ်။
မီဇိုရမ် Lawngtlai ခရိုင်ရဲ့ အရင်းအမြစ်တွေကိုကိုးကးပြီးသတင်းကဖော်ပြရာမှာ အမျိုးသမီးတွေအပါအဝင် လူငယ် ၄၀ ဦးခန့်ဟာ ဧပြီ ၃၀ရက်မွန်းလွဲပိုင်းက Hruitezawl ရွာကိုရောက်ရှိလာကြပြီး မေ၁ရက်နေ့မှာတော့ နောက်ထပ် အမျိုးသမီးငယ် ၇ ဦးထပ်ရောက်လာတယ်လို့သိရပါတယ်။ဒေသဆိုင်ရာအာဏာပိုင်တွေကတော့ သူတို့ကိုလက်ခံထားသလား၊ ငြင်းပယ်ထားသလားဆိုတာကို အတည်ပြုပေးခြင်းတော့မရှိသေးပါဘူး။
ဧပြီ ၂၉ ရက်အထိ မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ခု မှာ မြန်မာဒုက္ခသည် ၃၄၂၈၂ ဦးကို လက်ခံထားတယ်လို့ ပြည်နယ် ပြည်ထဲရေးဌာနက ပြောပါတယ်။
သူတို့ရဲ့မှတ်တမ်းများအရ အဲဒီထဲက ဒုက္ခသည် ၁၈၃၄၄ ဦးဟာ ဒုက္ခသည်စခန်းအပြင်မှာ ဆွေမျိုးတွေ ဒါမှမဟုတ် မိတ်ဆွေတွေနှင့်အတူ အိမ်ငှားနေထိုင်ကြတယ်လို့လည်းသိရပါတယ်။
@ymg/knl
- Category: Myanmar
- Hits: 147
Published 6 May 2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက်ကျေးရွာတွင် အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း
မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံက သိရသည်။
မေလ၆ရက်မနက်၃နာရီ၃၅မိနစ်က စ တင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့များအနေဖြင့် ၇နာရီကျော်ကြာ မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သိရသည်။
""မနက် ၃နာရီခွဲ ကတည်းက လောင်တာ ၁၁နာရီ အထိ မီးထိန်း ပဲ ထိန်းနိုင်သေးတယ် မငြှိမ်းသေးလို့ မီးကျွင်း မီးကျန်တွေ ဆက်ငြှိမ်းနေရတယ်""ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။
အဆိုပါ မီးလောင် မှု ကြောင့် အမှိုက် ပုံ နားရှိ နေအိမ် အချို့လဲ မီးလောင်သွားခဲ့ကြောင်း သိရသည်။
အမှိုက်ပုံ မီးလောင်မှု ကို အမရပူရမြို့နယ် မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဖျောက်ဆိတ်ကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ် လောကပါလ အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ယာတော်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများ က ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Photo-Than Htay- FB
#Local_News/LW
#Published 06 May 2024
#Yangon_Media_Group #YMG #Yangon_Times
- Category: Myanmar
- Hits: 60