အာဇာနည်နေ့ လာရောက်ဂါဝရပြုသူတွေထဲမှာ အဆုတ်အားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေဟာ ရုတ်တရတ်ခေါင်းမူးတာ၊ မူးလဲတာတွေဖြစ်ပေါ်နိုင်လို့ medical coverအနေနဲ့ အောက်ဆီဂျင်ပါရှိတဲ့ လူနာတင်ယာဉ်တွေထားရှိပေးထားတယ်လို့ ရန်ကုန်တိုင်းရှိလူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်။
#Local_News
Published 19 July 2024
#အာဇာနည်နေ့ #ကျန်းမာရေးစောင့်ရှောက်မှု
#tthl #Yangon_Times
- Category: Myanmar
- Hits: 35
![](/images/photo_2024-07-19_12-25-56.jpg)
#Local_News
Published 19 July 2024
▪️ Taxi ယာဉ်၊ ကျောင်းကားနဲ့ ၂ တန်နှင့်အထက် အငှားယာဉ်များ အားလုံးသက်တမ်းတိုးရာတွင် ယာဉ်စစ်ဆေးခြင်းကို လာမည့် ဇူလိုင် ၂၂ ရက်မှစတင်၍ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Road Safety ဖြစ်စေရေး အရေးကြီးသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ခရီးသည်တင်ယာဉ်များ၊ ယာဉ်မှန်/မမှန်စစ်ဆေးခြင်း၊ ပြောင်းလဲခြင်းများအတွက် ယာဉ်စစ်ဆေးခြင်း၊ နယ်ဝင်ယာဉ်များကို စစ်ဆေးခြင်းနှင့် အကျုံးဝင်သည့် ယာဉ်များကို ယာဉ်စစ်ဆေး၍ အခြားမော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အားလုံးကို ယာဉ်စစ်ဆေးခြင်းမပြုဘဲ နှစ်လဲသက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
▪️ ယခုအခါ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှစ၍ အထက်ဖော်ပြပါ ယာဉ်စစ်ဆေးသည့်ယာဉ်များအပြင် Taxi ယာဉ်များအားလုံး၊ School Bus ယာဉ်များအားလုံး၊ ၂ တန်နှင့်အထက် အငှားယာဉ်များအားလုံး သက်တမ်းတိုး မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယာဉ်စစ်ဆေးခြင်းကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
▪️ ထို့အပြင် သက်တမ်းတိုးခြင်းအတွက် ခရီးလွန်ယာဉ်စစ်ဆေးခြင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုံးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)နှင့် (မန္တလေးမြောက်ပိုင်း) ရုံးများမှအပ ကျန်ရုံးများအားလုံးတွင် ယာဉ်ပြန်လည်စစ်ဆေးရမည့်ယာဉ်များအနက် သက်တမ်းတိုးယာဉ်များအတွက် ခရီးလွန်ယာဉ်စစ်ဆေးခြင်းအား ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ် ကြောင်းသိရသည်။
▪️ လွိုင်ကော်၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်နှင့် ကော့ကရိတ်ရုံးများတွင် အခြားရုံးများမှ ယာဉ်များအား ခရီးလွန်ယာဉ်စစ်ဆေးခြင်းနှင့် ၎င်းရုံးများ၏ မှတ်ပုံတင်ယာဉ်များအား အခြားရုံးများ၌ ခရီးလွန်ယာဉ်စစ်ဆေးခြင်းတို့အား ဆောင်ရွက်ခွင့်မပြုကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
▪️ ကိုယ်ပိုင်လူစီးမော်တော်ယာဉ်များ၊ ၂ တန်အောက်လုပ်ငန်းသုံးယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များအားလုံးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်ထိ ယာဉ်စစ်ဆေးခြင်း မပြုဘဲမှတ်တမ်းနှင့် တိုက်ဆိုင်စိစစ်၍ ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် ဆက်လက်သက်တမ်းတိုး ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်နှင့် ထရော်လာဂျီယာဉ်များ နယ်ဝင်/ နယ်ထွက် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခြင်းများကို ယာဉ်စစ်ဆေးခြင်းကင်းလွတ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
- Category: Myanmar
- Hits: 45
![](/images/uy.jpg)
#Local_News
Published 19 July 2024
▪️ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အသင်းသည် ဗီယက်နမ်ယူ-၁၉အသင်းနှင့် ဇူလိုင် (၁၈)ရက်တွင် ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ပြီး(၁)ဂိုး-(၁)ဂိုး သရေရလဒ်ရလဒ်ရခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ မြန်မာအသင်းသည် အသင်းကြီးများဖြင့် တစ်အုပ်စုတည်းကျခဲ့ပြီး ပွဲကြပ်ခဲ့ပေမည့် တစ်ဂိုးစီနှင့် သရေရခဲ့ကြောင်းနှင့် Myanmar အတွက်Phyo Pyae Sone (59') နှင့်Vietnamအတွက် Hong Quang Dung (68')တို့မှ တစ်ဂိုးစီသွင်းခဲ့သည် ဟုဆိုသည်။
▪️ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲဝင်ရန် မြန်မာယူ-၁၉ အသင်းဟာအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ2024 AFF U-19 Boys Championship ပြိုင်ပွဲကျင်းပမည့်အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယားမြို့၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
- Category: Myanmar
- Hits: 104
#Daily_News
Published 18 July 2024
၁။ သင်္ဘောသားဖြစ်ချင်သူများအတွက် ဩဂုတ်လထဲတွင် ကုန်းပတ်သင်တန်းအခမဲ့ထပ်ဖွင့်မည်
၂။ နိုင်ငံကျော်တေးသံရှင် ရှမ်းတိုင်းရင်းသားအနုပညာရှင်ကြီး စိုင်းဆိုင်မောဝ်ကိုဇူလိုင်(၂၀)ရက်၌ သဂြိုဟ်မည်
၃။ လူဦးရေတစ်သောင်းခန့် ပါဝင်ဆင်နွှဲနိုင်မည့် ရွေ့လျားဈေးရောင်းပွဲတော် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ပြုလုပ်မည်
၄။ ပါရီအိုလံပစ်ပြိုင်ပွဲ၌ တရုတ်နိုင်ငံမှ 8K UHDရုပ်သံအမျိုးအစားဖြင့် တိုက်ရိုက်ထုတ်လွှင့်ယာဉ်များ ပါရီသို့ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
- Category: Myanmar
- Hits: 40
မနက်ဖြန် ဇူလိုင်(၁၉)ရက်မှာ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရုပ်သံနှင့်ရေဒီယိုများမှ တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်သလို အလံတစ်ဝက်လွှင့်ထူဖို့နဲ့ မနက်(၁၀)နာရီ(၃၇)မိနစ်မှာဥဩဆွဲပြီး အလေးပြုကြဖို့ တိုက်တွန်းနှိးဆော်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 18 July 2024
#အာဇာနည်နေ့အခမ်းအနား #ရုပ်သံနှင့်ရေဒီယို
#tthl #Yangon_Times
- Category: Myanmar
- Hits: 50
ဧရာဝတီတိုင်းဒေသကြီးရှိ အင်္ဂပူ၊ညောင်တုန်းနဲ့မအူပင်မြို့နယ်တွေမှာ မြစ်ရေတက်တာတွေရှိလာတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။
#Local_News
Published 18 July 2024
#မြို့နယ်အချို့မြစ်ရေတက် #ညောင်တုန်းနဲ့မအူပင်
#NN #Yangon_Times
- Category: Myanmar
- Hits: 56
![](/images/photo_2024-07-18_15-37-02.jpg)
#Local_News
Published 18 July 2024
▪️ မြန်မာ့ရက်ကန်းလက်မှုအနုပညာ အထူးပြပွဲကို နေပြည်တော်ရှိ အမျိုးသားပြတိုက်၌အခမဲ့ဖွင့်လှစ်ပြသပေးနေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ အမျိုးသားပြတိုက်(နေပြည်တော်)၏ (၉) နှစ်ပြည့်အထိမ်းအမှတ် မြန်မာ့ရက်ကန်းလက်မှုအနုပညာအထူးပြပွဲ ဖွင့်လှစ်ပြသခြင်းအား ဇူလိုင်လ ၁၆ ရက်မှ ၂၈ ရက်အထိ ၁၀ ရက် ကြာ အခမဲ့ဖွင့်လှစ်ပြသပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပြပွဲတွင် မြန်မာ့ရိုးရာရက်ကန်းများ ရက်လုပ်ပုံအဆင့်ဆင့်နှင့် အချိပ်ဒီဇိုင်းများ၊ ပုဂံခေတ်နံရံဆေးရေးပန်းချီ ရေးဆွဲခဲ့တဲ့ အဝတ်စများ၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးရဲ့ ဝတ်စားဆင်ယင်မှုများ၊ ကြာချည်ရက်လုပ်ပုံများ၊ Eco Print နှင့် ပြုလုပ်ထားသည့် အဝတ်အထည်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ တူးဖော်တွေ့ရှိမှု အထောက်အထားများအရ မြန်မာ နိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင့်ငါးရာ-သုံးထောင်ခန့်ကပေါ်ထွန်းခဲ့သည့် ကြေးခေတ်၊ သံခေတ်ထွန်းကားခဲ့သည့် လူမျိုးစုအဖွဲ့အစည်းများမှာ ချည်ထည်များကို ရက်လုပ်သုံးစွဲခဲ့ကြသည့် အထောက်အထားပြကွက်၊ ပျူခေတ်တွင် တွေ့ရှိရသော ဝတ်စားဆင်ယင်မှု အထောက်အထားများအရ ချည်ထည်ရက်လုပ်သုံးစွဲမှု တိုးတက်ထွန်းကားလာခဲ့သည့် အထောက်အထားများ ပြကွက်၊ ပုဂံခေတ်အဝတ်ပန်းချီများ၊ နံရံပန်းချီများမှ တွေ့ရှိရသော မြန်မာ့ရိုးရာချည်ထည် ရက်လုပ်သုံးစွဲမှု အဆင့်ဆင့်ပြကွက်များ၊ အချိပ်ဒီဇိုင်းများ၊ ကြာချည်ရက်လုပ်ပုံများ၊ စာစည်းကြိုးများ၊ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယ၊ အင်းဝနှင့် ရတနာပုံခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုပြ ရုပ်တု၊ ရုပ်လုံးရုပ်ကြွများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးတို့ရဲ့ ဝတ်စားဆင်ယင်မှု ပြသထားသည့် ပြကွက်များပြသထားကြောင်း၊ အမျိုးသားပြတိုက် (နေပြည်တော်)တွင် အဆောင် ၅ ဆောင် ပါဝင်ကာ ပြခန်း ၁၃ ခန်းကို အများပြည်သူကို ဖွင့်လှစ်ပြသလျက်ရှိကြောင်း သိရသည်။
#NN #Yangon_Times
- Category: Myanmar
- Hits: 85