![](/images/photo_2024-07-22_11-28-27.jpg)
#Local_News
Published 22 July 2024
▪️ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းအား တိုက်မိမှုဖြစ်ပွားပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇူလိုင်၂၂ရက်နေ့၊ နံနက် ၇ နာခွဲ အချိန်ခန့်က၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၉/၀)နှင့်(၁၀၉/၁)ကြားတွင် Toyota Wish အဖြူရောင်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
- Category: Myanmar
- Hits: 80
![](/images/photo_2024-07-22_10-46-35.jpg)
#Local_News
Published 22 July 2024
▪️ မွန်ပြည်နယ်၊ ဆင်ရွာရေတံခွန်၌ မတစ်ဦး ရေထဲပြုတ်ကျပြီး ကျောက်တုံးကြားညှပ်၍ ေ-သဆုံးမှုတစ်ခုယမန် နေ့လယ်က ဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပရဟိတအသင်းများမှ သိရသည်။
▪️ ဇူလိုင်၂၁ရက်နေ့လည် ၂နာရီ၁၅ မိနစ်အချိန်ခန့်က မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာရေတံခွန်တွင် ရေထဲပြုတ်ကျပြီ ကျောက်တုံးကြီးကြားထဲတွင် လူတစ်ဦးညှပ်နေကြောင်း သတင်းရရှိ၍ ပေါင်မြို့နယ် မီးသတ်ဦးစီးမှူးဦးမြတ်ကိုကိုဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှသွားရောက်၍ ကူညီကယ်ဆယ်ခဲ့ရာ ရေစီးသန်နေသော ရေလမ်းကြောင်းရှိကျောက်တုံးကြားထဲ အမျိုးသမီးငယ်တစ်ဦးညှပ်နေကြောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် ကယ်ဆယ်ထုတ်ယူနိုင်ရန် ကြိုးများဆင်၍ ခဲရာခဲဆစ်အချိန်နှစ် နာရီကြာထုတ်ယူ ဆယ်ယူသော်လည်း ရေစီးသန် နေသောကြောင့်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
▪️ အဆိုပါ အမျိုးသမီးငယ်၏ Db ရေထဲမျောပါမသွားအောင်ပေါ်နေသော လက်အားကြိုးဖြင့် ချီနှောင်ထားခဲ့ပြီး ရေလမ်းကြောင်း လွဲပေးမှသာ ဆယ်ယူနိုင်မည့်ဖြစ်၍ ယနေ့တွင် ရွာသားများ၏ အကူအညီဖြင့် ရေလမ်းကြောင်းလွဲ၍ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ေ-သဆုံးသူသည်မုဒုံမြို့နေသူအသက်(၁၄)နှစ်အရွယ် မိန်းကလေးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
- Category: Myanmar
- Hits: 246
#Daily_News
Published 20 July 2024
၁။ ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားမှုများတွေ့နေရဆဲဖြစ်၍ သတိထားကာကွယ်ရန်လိုဟုဆို
၂။အမြန်လမ်းသွား အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ တယ်လီမက်တစ်စနစ် တပ်ဆင်ရန်ပျက်ကွက်ပါက အမြန်လမ်းသုံးစွဲခွင့်မပြု
၃။ စက်သုံးဆီအမျိုးအစားအားလုံး ဈေးကျ
၄။ လေးရက်ကြာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီးစီး၊ ၂၀၃၅ ခုနှစ်တွင် အဆင့်မြင့်ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်မှုပြီးစီးမည်ဟုကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
- Category: Myanmar
- Hits: 48
ရန်ကုန်ဈေးကွက်ထဲမှာ စက်သုံးဆီအမျိုးအစားအားလုံး ဈေးပြန်လည်ကျဆင်းလာတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။ ယမန်နေ့ကထက် ဓာတ်ဆီတစ်လီတာကို ၁၅ကျပ်အထိကျဆင်းလာတာဖြစ်ပြီး ဒီဇယ်တစ်လီတာကိုတော့ ၅၀ကျပ်ကနေ ၅၅ကျပ်အထိကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 20 July 2024
#စက်သုံးဆီ #ဈေးပြန်လည်ကျဆင်း
#YMG/NN #Yangon_Times
- Category: Myanmar
- Hits: 37
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ သွားလာနေကြတဲ့ အဝေးပြေးခရီးသည်တင်ယာဉ်ကြီးအားလုံး တယ်လီမက်တစ်စနစ် မှတ်ပုံတင်တပ်ဆင်အသုံးပြုရမှာဖြစ်ပြီး ပညာပေးကာလလွန်ပါကတပ်ဆင်ဖို့ ပျက်ကွက်တဲ့ ယာဉ်တွေကိုအမြန်လမ်းသုံးစွဲခွင့်မပြုဘူးလို့ သိရပါတယ်။
#Local_News
Published 20 July 2024
#တယ်လီမက်တစ်စနစ် #အဝေးပြေးခရီးသည်တင်ယာဉ်
#YMG/NN #Yangon_Times
- Category: Myanmar
- Hits: 43
ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားလို့ ဆေးရုံတင်ရသူ (၁၀၀၀) ကျော်သွားပြီဖြစ်ပြီး မြို့နယ်(၃)ခုမှာဝမ်းရောဂါဖြစ်သူတွေတွေ့နေရဆဲဖြစ်၍ သတိထားကာကွယ်ရန်လိုတယ်လို့ ရန်ကုန်တိုင်းအတွင်းရှိလူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်။
#Local_News
Published 20 July 2024
#ဝမ်းရောဂါဖြစ်ပွားမှု #သတိထားကာကွယ်ရန်လို
#YMG/tthl #Yangon_Times
- Category: Myanmar
- Hits: 41
#Daily_News
Published 19 July 2024
၁။ အာဇာနည်နေ့ လာရောက်ဂါဝရပြုသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု Medical Cover များပေးထား
၂။ ဇွန်လအတွင်း ကန်ဒေါ်လာသန်း ၈၀ ကျော်တန်ဖိုးရှိသည့် ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သိန်းခြောက်သောင်းကျော်တင်ပို့
၃။ ရန်ကုန်တိုင်းရှိတိုက်ကြီးနှင့် မှော်ဘီတွင်လှိုင်မြစ်၊ ဘောလယ်မြစ်ရေများကြီးနေ
၄။ တရုတ်တွင်နေထိုင်သည့် အမေရိကန်ပရော်ဖက်ဆာ တရုတ်ပြည်တွင်နိုင်ငံခြားသားများနေထိုင်ခွင့်ပိုမိုရရှိရန်ကြိုးပမ်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
- Category: Myanmar
- Hits: 36