![](/images/photo_2024-07-18_11-58-13.jpg)
#Local_News
Published 18 July 2024
▪️ ပြည်သူများသုံးစွဲသည့်ဆေးဝါးများ ဘေးကင်းလုံခြုံစေရေးအတွက်ရွှေပြည့်စုံဈေးရှိ ဆေးဆိုင်အား ရှောင်တခင်စစ်ဆေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ထိုသို့စစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှတာဝန်ရှိသူများယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ်၊ရွှေပြည့်စုံဈေးအတွင်း ဆေးဝါးဖြန့်ချီရေးဆိုင်အား ရှောင်တခင် စစ်ဆေးရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနသည်မြို့နယ်ဆေးဆိုင်ဆေးခန်းကြီးကြပ်ရေးကော်မတီနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#NN #Yangon_Times
- Category: Myanmar
- Hits: 28
![](/images/ty.jpg)
#Local_News
Published -18 July 2024
▪️ ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နံနက်ပိုင်းက ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
▪️ ယင်းအခမ်းအနားသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်း၊နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းနစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
▪️ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ အပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြကြောင်းသိရသည်။
▪️ နစကဥက္ကဋ္ဌက အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့ပြီးနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
▪️ ယင်းနောက် နစက ဒုဥက္ကဋ္ဌက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကာ တက်ရောက်လာကြသူများနှင့် ဇနီးများက ဆရာတော်၊ သံဃာ တော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
▪️ ယင်းအခမ်းအနားသို့ နစကဥက္ကဋ္ဌနှင့် ဇနီး၊နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ တပ်မတော် (ကြည်း၊ရေ၊လေ) အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#Yangon -Times/PP
- Category: Myanmar
- Hits: 100
#Daily_News
Published 17 July 2024
၁။ သက်သာသည့်ဈေးနှုန်းဖြင့် ဆေးဝါးများ တိုက်ရိုက်ရောင်းချမှုစတင်
၂။ မိုးခေါင်ခြင်း၊ မြစ်ရေနစ်မြုပ်ခြင်းကြောင့် မိုးမြေပဲနှင့်သီးနှံအချို့ ဆုံးရှုံးမှုရှိ၍ ပြန်စိုက်ပျိုးရမည်
၃။ 'ကမ္ဘာ့နဂါးလှေပြိုင်ပွဲ'သို့ မြန်မာလှေလှော်အသင်း ပါဝင်ယှဉ်ပြိုင်ရန် လက်ရည်စစ်ပွဲစပြိုင်မည်
၄။ တရုတ်သဘာဝကျောက်နံရံတောင်တက်ပြိုင်ပွဲကြီး တင်ရှီမြို့ကျဲ့ယန်တောင်၌ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
- Category: Myanmar
- Hits: 39
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်တွေကို လှော်ကားရေလှောင်ကန်အပါအဝင် ရေသန့်စင်စက်ရုံများမှ နေ့စဉ်ရေဂါလန် ၂၃၇ သန်း ဖြန့်ဝေပေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က သိရပါတယ်။
#Local_News
Published 17 July 2024
#ရေသန့်စင်စက်ရုံ #နေ့စဉ်ရေဂါလန်၂၃၇သန်း
#NN #Yangon_Times
- Category: Myanmar
- Hits: 36
နယ်ကနေတိုက်ပွဲရှောင်ရင်း ရန်ကုန်ရောက်လာသူတွေရှိလို့ ရန်ကုန်မှာ ထူးထူးခြားခြား ဒီနှစ်မှာဝါမဝင်ခင် အိမ်ငှားရမ်းသူ၊ (၆)သောင်း(၇) သောင်းတန်အိမ်ထောင်သည် အဆောင်ငှားသူတွေ အပြည့်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တွေထံမှ သိရပါတယ်။
#Local_News
Published 17 July 2024
#နေအိမ်နှင့်အဆောင်ငှားရမ်းသူ #အိမ်ခြံမြေအကျိုးဆောင်
#tthl #Yangon_Times
- Category: Myanmar
- Hits: 34
![](/images/photo_2024-07-17_14-36-02.jpg)
#Local_News
Published 17 July 2024
▪️ ယခုလ ၁၀ရက်ကျော်ကာလအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးရုံတက်ရောက်ကုသသူ လူနာ(၈၀၀)ကျော်အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ယမန်နေ့(တစ်ရက်အတွင်း)လူနာသစ် (၇၄)ဦးထိရှိခဲ့ရာ(၁၀)ရက်တာကာလအတွင်း ဆေးရုံတက်ကုသရသည့်ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသူ လူနာ(၈၅၃)ဦးထိရှိခဲ့ကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီးရှိဆေးရုံများ၌ ဝမ်းပျက်ဝမ်းလျော ရောဂါဖြင့်ဆေးရုံ တက်ရောက်ကုသသူ လူနာဦးရေမှာ ဇူလိုင်၆ ရက်တွင် လူနာသစ် (၆၃) ဦး ၇ ရက်တွင် လူနာသစ် (၄၄)ဦး၊ ၈ရက်တွင်လူနာသစ်(၆၀)ဦး၊ ၉ ရက်တွင် လူနာသစ် (၆၄)ဦး၊ ၁၀ ရက်တွင်လူနာသစ် (၁၁၅)ဦး၊ ၁၁ ရက်တွင် လူနာသစ် (၈၄)ဦး၊ ၁၂ ရက်တွင် လူနာသစ် (၁၀၄)ဦး၊ ၁၃ ရက်တွင် လူနာသစ် (၇၂)ဦး ၊၁၄ ရက်တွင် လူနာသစ် (၇၇)ဦး ၊ ၁၅ ရက်တွင် လူနာသစ် (၉၆)ဦး၊ ၁၆ရက်တွင်လူနာသစ် (၇၄)ဦးရှိကြောင်း သိရသည်။
▪️ ထို့ကြောင့် ဇူလိုင် ၆ ရက်မှ ၁၆ ရက် အထိဆေးရုံ တက်ရောက်သူ ၈၅၃ ရှိခဲ့ပြီး ပြန်ဆင်းသူ ပေါင်း(၇၀၅)ဦးထိရှိခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင်မူစာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဈေးများတွင်လည်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုစတာများ ကပ်၍ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NN #Yangon_Times
- Category: Myanmar
- Hits: 110
မြန်မာလှေလှော်အသင်းဟာ ရုရှားမှာကျင်းပခဲ့တဲ့ နဂါးလှေလှော်ပြိုင်ပွဲမှာ ရွှေဆုနှစ်ဆုနဲ့ နိုင်ငံအလိုက်ပထမဆု ဆွတ်ခူးခဲ့တဲ့ အတွက် တရုတ်မှာကျင်းပမယ့် 'ကမ္ဘာ့နဂါးလှေလှော်ပြိုင်ပွဲ'မှာလည်း ရလဒ်ကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
#Local_News
Published 17 July 2024
#'ကမ္ဘာ့နဂါးလှေပြိုင်ပွဲ' #လက်ရည်စစ်ပွဲစပြိုင်
#tthl #Yangon_Times
- Category: Myanmar
- Hits: 33