၆ မေ ၂၀၂၄

ထိုင်းနိုင်ငံ ဖူးကက်ရှိ  ကလင်းကမ်းခြေမှာ ရေမကူးရလို့ အန္တရာယ်သတိပေးထားတဲ့ နေရာမှာ ရေဆင်းကူးမိတဲ့ မြန်မာ လူငယ်တစ်ဦး မေလ ၅ ရက် တနင်္ဂနွေနေ့က ရေနစ်သေဆုံးသွားခဲ့ရပါတယ်။

အသက် ၂၀ အရွယ်ရှိ မြန်မာလူငယ် နေမျိုးဇော်ဟာ ရေမကူးရ အနီရောင်အလံစိုက်ထားတဲ့ ကမ်းခြေနေရာမှာ သူ့သူငယ်ချင်းတွေနှင့်အတူ ရေကူးခဲ့ရင်း ရေနစ်သေဆုံးသွားတာဖြစ်တယ်လို့ ထိုင်းမီဒီယာများက သတင်းဖော်ပြကြပါတယ်။

မေလ ၅ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်း ၁၂နာရီ ၂၃ မိနစ်မှာ ဒေသအာဏာပိုင်တွေထံ အဆိုပါကိစ္စ အကြောင်းကြားချက် လက်ခံရရှိခဲ့ပါတယ်။

နေမျိုးဇော်ဟာ သူငယ်ချင်း (၃)ဦးနှင့်အတူ ကမ်းခြေကို အပန်းဖြေဖို့ရည်ရွယ်ရောက်ရှိလာခဲ့ကြပါတယ်။ သူတို့ဟာ ဂစ်တာတွေတီးပြီး အရက်သေစာသောက်စားခဲ့ကြပါတယ်။ ဒါပေမယ့် နေမျိုးဇော်နှင့် နောက်သူငယ်ချင်းတစ်ယောက်တို့ဟာ အန္တရာယ်အနီရောင်သတိပေးချက်ကို လျစ်လျူရှုပြီး ရေဆင်းကူးဖို့ ဆုံးဖြတ်ပြီးနောက် သူတို့ရဲ့ပျော်ရွှင်ဖွယ်ရာနေ့ကလေးဟာ ကြေကွဲစရာအဖြစ်ပြောင်းလဲသွားရပါတော့တယ်။

သူတို့နှစ်ဦးဟာ ရေထဲဆင်းလိုက်တာနှင့် ရေစီးက သူတို့ကိုဆွဲဆုတ်လိုက်ပြီး ပင်လယ်ထဲ ဆွဲချသွားတာကို သိလိုက်ကြရပါတယ်။ ပါတောင်သက်စောင့်အဖွဲ့တွေဟာ သိသိချင်းကယ်တင်ဖို့ကြိုးစားကြပါတယ်။ စပိဘုတ်ခ်ကိုမောင်းပြီး ရေနစ်နေသူတွေထံကယ်ဖို့ကြိုးစားကြပါတယ်။ တစ်ပြိုင်နက်တည်းလိုပဲ ကူဆိုဟမ်ဖောင်ဒေးရှင်းက ကယ်ဆယ်ရေးလုပ်သားတွေကလည်း အတူဝိုင်းပြီးကယ်ဆယ်ရေးမှာ ကူညီကြပါတယ်။

သူတို့ကြိုးစားပြီးကယ်ခဲ့ပေမယ့် ရေနစ်နေသူနှစ်ဦးထဲက တစ်ဦးကိုပဲ ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ပျောက်ဆုံးနေတဲ့ နေမျိုးဇော်ကိုဆက်လက်ရှာဖွေခဲ့ကြပါတယ်။ မိနစ် ၂၀ လောက်အကြာမှာတော့ နေမျိုးဇော်ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို သူတို့ပြန်ရှာတွေ့ခဲ့ကြတယ်လို့ သတင်းများကရေးပါတယ်။

@ymg/knl