၂၅ မတ် ၂၀၂၄

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက်  ထားမှုအကူအညီများလွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကို ယနေ့ မတ်၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး ထိုင်းနိုင်ငံဘက်မှာ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။

မြန်မာနိုင်ငံမှ လူ နှစ်သောင်းစာအတွက် ဆန်၊ ကုန်ခြောက်များနှင့် အခြားမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါဝင်တဲ့ ကယ်ဆယ်ရေးအိတ် ၄၀၀၀ ကို ထိုင်းကြက်ခြေနီအသင်း မဲဆောက်ရုံးခွဲမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြဝတီခရိုင် ဥက္ကဋ္ဌထံ လွှဲအပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကက်ကောနှင့် ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်တို့မှ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များနှင့် လူမှုအသိုက်အဝန်း     များမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ယင်းအပြင် အာဆီယံ (AHA Centre) ဘေးအန္တရာယ်စီမံခန့်ခွဲ မှု လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူး  လည်း တက်ရောက်တယ်လို့ သိရပါတယ်။

အခမ်းအနားအပြီးမှာ ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာတဲ့ ကားတန်းကြီးဟာ ဒုတိယထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်က ဖြတ်သန်းပြီး  အကူအညီများဖြန့်ဝေရန် ကရင်ပြည်နယ်ရှိ ရှေ့ပြေး နေရာသုံးနေရာသို့ မောင်းနှင်သွားခဲ့ကြပါတယ်။

AHA Centre ဟာ အဆိုပါရှေ့ပြေးနေရာတွေမှာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေနှင့်ပူးပေါင်းပြီး အကူအညီတွေ    ဖြန့်ဝေနေတာနှင့်ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရေးအတွက် စောင့်ကြည်ကြည့်ရှုရာမှာ နည်းပညာအကူအညီ များပေးမှာဖြစ်ပါတယ်။

ယခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလွှဲအပ်ပေးတာဟာ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ရွှေ့ပြောင်း ပြည်သူများရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့  ထိုင်းနှင့်မြန်မာနှစ် နိုင်ငံအကြား ဦးစီးဦးရွက်ပြုမှုဖြင့်‌ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တာနှင့်အညီ ပဋိပက္ခကြောင့် ထိခိုက်ခံ ရတဲ့ မြန်မာနိုင်ငံမှ ပြည်သူများကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကူညီလို့ရသလောက်ကူညီပေးရန် ထိုင်းက ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ ထိုင်းနိုင်ငံကပြောကြားပါတယ်။

ယခုလိုဆောင်ရွက်နိုင်တာဟာ တပ်ခ်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် လူမှု အသိုက်အဝန်းတို့ရဲ့ အပြည့်အဝ ထောက်ခံအားပေးမှုနှင့်အတူထိုင်းနှင့် မြန်မာ ကြက်ခြေနီအသင်းများအကြား အနီး ကပ်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလာဒ်ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

ယခုရှေ့ပြေးစီမံချက်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်တိုးတက်ဖြစ်ထွန်းစေဖို့ အာဆီယံရဲ့ ပူးပေါင်း အားထုတ်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အပြည့်အဝေထောက်ခံမှုရရှိထားတယ်လို့ လည်းဆိုပါတယ်။

ယခုရှေ့ပြေးအဆင့်မှ ထိုင်းနိုင်ငံဟာ ထိခိုက်ခံသားနေရတဲ့ မြန်မာနိုင်ငံပြည်သူတွေ အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်အနီးနေထိုင်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဆက်လက်ပေးအပ်နိုင်ဖို့  နည်းလမ်းများထပ်မံရှာဖွေၕန် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနှင့် နီးနီးကပ်ကပ် တိုင်ပင်ဆောင်ရွက်သွား မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

@ymg/knl