Published_ 25 March 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ ပြီး ၂နာရီကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မတ်လ ၂၅ရက် နံနက်၄နာရီ ၁၃မိနစ်က လောင်ကျွမ်းခဲ့ ခြင်း ဖြစ်ပြီးနံနက်၆နာရီ ၁၅ မိနစ် အချိန် မှ သာ မီးငြိမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှု တန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိပြီး သတင်းထုတ်ပြန်​ခြင်း မရှိသေးကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group