Published_ 25 March 2024

ပြည်ပမှတင်သွင်းလာသည့် ပစ္စည်းများအတွက်  သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများကို၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။

ပထမအဆင့်၊ဒုတိယအဆင့် သွင်းကုန်လိုင်စင်လျှောက်ရန်လိုသော ကုန်စည်လိုင်းများအပြင် ယခု တတိယအဆင့် သွင်းကုန်လိုင်စင်လျှောက်ရန်လိုသော ကုန်စည်လိုင်းများမှာ  တဆေး၊အထွေထွေ စားသောက်ကုန်၊အိမ်မွေး တိရစ္ဆာန်အစာ၊  ဆိုးဆေး၊ အရောင်တင်ဆီ၊ဆပ်ပြာကုန်ကြမ်း၊ လျှပ်စစ်ပစ္စည်းနှင့် အပိုပစ္စည်းများ၊အထွေထွေသုံး ဓာတုပစ္စည်း၊သားရေကုန်ကြမ်း၊ လျှပ်စစ်မော်တာ ၊ဂျန်နရေတာ၊စက်နှင့်စက်ပစ္စည်းများ၊ကြိုး၊ဂုန်လျှော်ကြိုး ၊နိုင်လွန်ချည်အစရှိသည့်ပစ္စည်းများတင်သွင်းမှုအတွက် သွင်းကုန်လိုင်စင်များ မေလ(၁)ရက်မှစပြီး သွင်းကုန်လိုင်စင်ရှိရန် လိုအပ်လာမည် ဖြစ်သည်။

ယခု တတိယအဆင့်အဖြစ် H.S Code 6 digit ဖြင့် ကုန်စည်(၅၃၆)လိုင်း သို့မဟုတ် H.S Code 10 digit ဖြင့် ကုန်စည်(၁၁၃၁)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်လာမည်ဖြစ်သည်ဟု ဆိုသည်။

သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများကို HS Code 10 digit အရ ကုန်စည် (၃၀၇၀)၊  (၈၂၆) နှင့် (၁၄၁) လိုင်း တို့ကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁)၊ (၁/၂၀၂၂)နှင့်(၂/၂၀၂၂)တို့ဖြင့် အသီးသီးထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group