Published 23 April 2023

မဟာမိတ်စစ်အကျဉ်းသား ၁၀၀၀ကျော် တင်ဆောင်လာပြီး ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားခဲ့တဲ့ ဂျပန်ကုန်သွယ် ရေကြောင်းသင်္ဘောတစ်စီးကို ပြန်ရှာတွေ့ပြီလို့ အရာရှိတွေက ဧပြီ၂၂ရက် စနေနေ့က ကြေညာခဲ့ပါတယ်။

၁၉၄၂ခုနှစ် ဇူလိုင်၁ ရက်နေ့မှာ  မွန်နီဗီဒီယိုမာရူးကုန်သွယ်သင်္ဘောဟာ  အမေရိကန်ရေငုပ်သင်္ဘောက ပစ်လွှတ်လိုက်တဲ့ တော်ပီဒိုထိမှန်ပြီး ဖိလစ်ပိုင်ကမ်းခြေအနီးမှာ နစ်မြုပ်ခဲ့ပါတယ်။ အမေရိကန်ရေငုပ်သင်္ဘောတပ်သားတွေက အဆိုပါ သင်္ဘောမှာ စစ်အကျဉ်းသားတွေပါလာတယ်ဆိုတာ သတိမထားမိခဲ့ကြတာလို့ဆိုပါတယ်။

ဒါဟာဩစတြေလျအတွက် ရေကြောင်းစစ်ပွဲကားလအတွင်းအကြီးမားဆုံး ဆုံးရှုံးမှုဖြ်ပြီး အသက်ပေါင်း ၁၀၈၀ကျော် သေဆုံးခဲ့ရပါတယ်။

တောင်တရုတ်ပင်လယ်ထဲ လူဇွန်ကျွန်းအနီးမှာ စူးစမ်းရှာဖွေသူတွေဟာ  ဆိုနာတပ်ဆင်ထားတဲ့ အလိုအလျောက် ရေအောက်ယာဉ်တစ်စီးနှင့် ပင်လယ်အောက် ၁၃၁၂၀ ရေအနက်မှာ ၁၂ရက်ကြာရှာဖွေခဲ့ကြပါတယ်။အဲဒီအနက်ဟာ တိုက်တန်းနစ် ရှာတုန်းကထက်ပိုနက်ပါတယ်။

“ ရှာဖွေမှုရဲ့ နောက်ကွယ်မှာ အထူးကြိုးပမ်းအားထုတ်မှုတွေဟာ နိုင်ငံအတွက် အလုပ်အကျွေးပြုသွားခဲ့ကြသူတွေကို အမြဲတမ်း ဂုဏ်ပြုသတိရဖို့ ဩစတြေလျရဲ့ တည်ကြည်တဲ့ ကတိရဲ့ သစ္စာတရားဆိုတာပြသနေပါတယ်” လို့ ဩစတြေလျ ဝန်ကြီးချုပ် အန်သိုနီ အယ်ဘန်နီးစ်က ပြောပါတယ်။

သေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေကို လေးစားသောအားဖြင့် ရုပ်အကြွင်းတွေနှင့် အသုံးအဆောင်တွေကို ထုတ်ပစ်ဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ ဆစ်ဒနီအခြေစိုက် ဆိုင်းလင့်ဝေါ့ဖောင်ဒေးရှင်းရဲ့ စနေနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။အဲဒီအဖွဲ့ဟာ ရေကြောင်းရှေးဟောင်းသုတေသနနှင့်သမိုင်းတွေကို အထူးဆောင်ရွက်တဲ့ အင်န်ဂျီအို တစ်ခုဖြစ်ပါတယ်။

သူတို့ဟာ ဒတ်ချ်နိုင်ငံက ပင်လယ်ရေနေက်အောင်တိုင်းတာရေးအထူးကျွမ်းကျင်တဲ့ Fugro နှင့် ဩစတြေလျ ကာကွယ်ရေး ဌာနတို့နှင့်အတူ ယခုရှာဖွေမှုကိုပြုလုပ်ခဲ့တာပါ။

မွန်တီဗီဒီယို မာရူးဟာ ပါပူအားနယူးဂီနီရဲ့ ရာဘာရူကျရှုံးပြီးနောက်ဖမ်းဆီးရမိတဲ့ အကျဉ်းသားတွေနှင့် အရပ်သားတွေကို တင်ဆောင်လာခဲ့တာဖြစ်ပါတယ်။

သေဆုံးသွားသူ ၁၀၈၀ဟာ နိုင်ငံပေါင်း ၁၄နိုင်ငံကဖြစ်ပြီး ဩစတြေလျက ၉၇၉ဦးပါဝင်ခဲ့ပါတယ်။

Source :NY Post

#မွန်နီဗီဒီယိုမာရူး

#ဒုကမ္ဘာစစ်အတွင်းနစ်မြုပ်ခဲ့သည့်ဂျပန်ကုန်သွယ်ရေကြောင်းသင်္ဘောပြန်တွေ့