Published 23 April 2023

စင်္ကာပူနိုင်ငံရဲ့အထင်ကရဖြစ်မယ့်  စင်္ကာပူငှက်ဥယျဉ် Singapore bird park ကို မေလမှာ ဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်။ လာရောက်ကြတဲ့ ဧည့်သည် တွေဟာ ငှက်ရုံကြီး(၈)ခု နှင့်အတူ မျိုးစိတ်အမျိုးမျိုးကွဲပြားတဲ့ ငှက်ပေါင်းစုံကို တစ်နေရာတည်းမှာ လမ်းလျှောက်ရင်းကြည့်ရှုနိုင်ကြမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ကမီဒီယာတွေကို ဖိတ်ကြားပြီး  ဖွင့်လှစ်မယ့် ငှက်ဥယျဉ်ကို ပြသခဲ့ပါတယ်။ဥယျဉ်ထဲမှာ ကြိုးကြာနီ တွေနှင့် ကြက်တောတွေဟာ အတူတကွနေနေကြပြီး ကြက်တူရွေးတွေနှင့် အောက်ချင်းငှက်တွေကိုလည်း ချစ်ခင်စွာ  မြင်တွေ့ကြ ရပါတယ်။

Source AFP