TV_Yangon_Times_Mattersအစီအစဉ်
Published - 20 Feb 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ ဦးသန်းဋ္ဌေး (Renewable Energy Association Myanmar) တို့က "မရှိမဖြစ်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကမ္ဘာကြီးမှာ ရှေ့တန်းရောက်လာပြီး မသုံးမဖြစ်သုံးကြရတော့မယ့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်ပတ်သက်တဲ့ ပြည်တွင်းပြည်ပ အခြေအနေတွေကို သုံသပ်ဆွေးနွေးပေးထားပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 683
- Category: Myanmar
- Hits: 496
Published 20 February 2022
ယူကရိန်းနိုင်ငံ ရုပ်သံလိုင်းတစ်ခုမှာ ဖေဖော်ဝါရီ(၁၉)ရက်က ဆွေးနွေးခန်း တိုက်ရိုက်တင်ဆက်နေစဉ် သတင်းထောက်တစ်ဦးက ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံရေးသမားတစ်ဦးကို လက်သီးနှင့်ထိုးခဲ့ပါတယ်။
သတင်းထောက်ယူရီဘူတူဆော့ဗ်က ရုရှားလိုလားတဲ့ အတိုက်အခံပါတီ For Life က ပါလီမန်အမတ်နက်စတာရှုဖရစ်ကို ဆွေးနွေးခန်းတိုက်ရိုက် ထုတ်လွှင့်နေစဉ်အတွင်း လက်သီးနှင့်ဆတ်ခနဲထိုးခဲ့ပါတယ်။ သူ့မျက်နှာကိုရိုက်လိုက်ပြီးနောက် တစ်မိနစ်ခန့်ကြာသည်အထိ သူ့လည်ပင်းကိုချုပ်ထားပါတယ်။ ရှူဖရစ်ဟာ ယူကရိန်းပါလီမန်အမတ်၄၅၀ ဦးထဲက တစ်ဦးဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ တစ်မိနစ်နီးပါး လုံးထွေးသတ်ပုတ်ခဲ့ကြတာကို ရုပ်သံမှာမြင်တွေ့ရပါတယ်။ အခြာသူတွေက သူတို့နှစ်ဦးကို ခွဲထုတ်ဖို့ ဝိုင်းကြိုးစားကြပါတယ်။
ယူကရိန်းနာတီဗွီရဲ့ ရုပ်သံတင်ဆက်သူ ဆာဗစ်ရှုစတားရဲ့“ လွတ်လပ်စွာပြောဆိုခွင့်” ဆိုတဲ့ ပုံမှန်ဆွေးနွေးခန်းအစီအစဉ်မှာ ရှုဖရစ်နှင့်အတူ အနောက်လိုလားတဲ့ ယူကရိန်းဝန်ကြီးချုပ်ဟောင်း အာဆင်နီယက်ဆင်ယတ်နှင့် သမ္မတဟောင်း ပီထရိုပိုရိုရှင်ကိုတို့ကလည်း ပါဝင်ဆွေးနွေးကြတာဖြစ်ပါတယ်။
ဆွေးနွေးခန်းအတွင်း ဝန်ကြီးချုပ်ဟောင်း ယက်ဆင်ယတ်က ရှုဖရစ်ကို “ပူတင်ဟာ လူသတ်သမားနှင့်ရာဇဝတ်ကောင်ဟုတ်သလား မဟုတ်ဘူးလား” လို့မေးခဲ့ပါတယ်။ ရှုဖရစ်က ပူတင်ကို ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပါတယ်။
“ ယူကရိန်းအာဏာပိုင်တွေ ဒီပြသနာကိုရှင်းကြပါစေ” လို့သူကတုန့်ပြန်ခဲ့ပါတယ်။
အဲဒီအခါသမ္မတဟောင်း ပိုရိုရှင်ကိုက “ ဒီစတူဒီထဲမှာ ရုရှားသူလျှိုတစ်ယောက်ရောက်နေပြီ” လို့ သူ့ရဲ့တုန့်ပြန်ချက်အပေါ် ပြန်သရော်ခဲ့ပါတယ်။
အော်ကျယ်ဟစ်ကျယ်ဖြစ်ပြီးတဲ့နောက် သွေးစွန်းပေနေတဲ့ ရှဖရစ်က ဆွေးနွေးပွဲပြန်ဆက်ဖို့ ပြန်ထိုင်ခဲ့ပါတယ်။ သူက သတင်းထောက် ဘူတူဆော့ဗ်ကို “ ကုတ်ခြစ်လိုက်တာ တကတည်း ကောင်မလေးတစ်ယောက်လိုပဲ” လို့ပြန်လှောင်ပြောင်ခဲ့ပါ သေးတယ်။
ယူကရိန်းကိုရုရှားကျူးကျော်မယ့် အရိပ်အငွေ့တွေ လက်ငင်းဖြစ်ပေါ်နေချိန်မှာ ဒီဆွေးနွေးခန်းရိုက်ကူးတင်ဆက်ခဲ့ တာ ဖြစ်ပါတယ်။
Source: Business Insider/twitter@gkates>
- Category: World
- Hits: 803
Published 20 February 2022
ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီးယား စစ်ရေးလေ့ကျင့်မှု အကြီးစားကြီးတစ်ခုကို ဖေဖော်ဝါရီ၁၉ရက် စနေနေ့က ပြုလုပ်ခဲ့ရာ ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်
ရုရှားဒုံးယာဉ်တပ်တွေ၊ တောင်ပိုင်းစစ်ဒေသ၊မဟာဗျူဟာဒုံးကျည်တပ်တွေ၊မြောက်ပိုင်းနှင့် ပင်လယ်နက်ရေတပ်တွေဟာ ယခု စစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့တယ်လို့ ကရင်မလင်ကပြောပါတယ်
အဲဒီစစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတပူတင်ဟာ ဘီလာရု(စ်)သမ္မတ အလက်ဇင်းဒါးလူကာရှင်ကိုနှင့်အတူ ကရင်မလင်ရှိ ဝန်းကျင်အနေအထားစင်တာကနေ အတူတကွ ကြည့်ရှုခဲ့ပါတယ်
တိုက်ကြီးအတွင်းပစ်ခရုစ်ဒုံးကျည်၊ဟိုက်ပါဆိုနစ်ဒုံးကျည်တွေအပါအဝင် နျူကလိယနှင့်နျူကလီးယားမဟုတ်သောလက်နက်တွေနှင့် ယခုစစ်ရေးလေ့ကျင့်မှုမှာ ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်
ယခုမဟာဗျူဟာ ဟန့်တားလေ့ကျင့်ခန်းတွေကို ယခင်ကတည်းက ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပြီး တပ်တွေရဲ့ တိုက်ခိုက်ရေး အသင့်ပြင်ဆင်ထားမှုတွေနှင့် လက်နက်တွေရဲ့ယုံကြည်စိတ်ချရမှုတွေကို စစ်ဆေးခဲ့တယ်လို့ ကရင်မလင်ကပြောပါတယ်
လုပ်ငန်းတွေအားလုံးအပြည့်အဝပြီးဆုံးပြီး ဒုံးကျည်တွေအားလုံး သတ်မှတ်ထားတဲ့ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်
Source CMG/Russia Defense Ministry
- Category: World
- Hits: 515
Published 19 February 2022
(၇)နှစ်ကျော် ဖန်တီးတည်ဆောက်ပြီးတဲ့နောက် ယူအေအီးရဲ့ ရှာဂျာ ဆာဖာရီဥယျဉ်ဟာ ဧည့်သည်တွေနှင့် တိရိစ္ဆာန်ချစ်သူတွေ အတွက် ဖေဖော်ဝါရီ ၁၈ရက်သောကြာနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီဆာဖာရီဥယျဉ်ဟာရှာဂျာမြို့က အယ်လ်ဘရီဒီ သဘာဝ ဘေးမဲ့တောမှာတည်ရှိပါတယ်။
အဲဒီနေရာဟာ ဒူဘိုင်းကနေ တစ်နာရီခန့် ကားမောင်းလာရင်ရောက်ပါတယ်။ ဥယျဉ်ကြီးတစ်ခုလုံးရဲ့ အကျယ်အဝန်းဟာ ၈၀၀ ဟက်တာရှိတဲ့အအတွက် အာဖရိကအပြင်ဘက်မှာ အကျယ်ဆုံးဆာဖာရီဥယျဉ်ကြီးဖြစ်ပါတယ်။
Source AFP
- Category: World
- Hits: 662
#WorldTech
Published 18 February 2022
ရဝမ်ဒါနိုင်ငံမှ တက္ကစီဆိုင်ကယ်မောင်းသူ 'အီဗိုဒီနီယိုရူရယ်မာ'ဟာ သူ့ရဲ့လောင်စာဆီသုံးဆိုင်ကယ်ယာဉ်ကို လျှပ်စစ်ဆိုင်ကယ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။
#Yangon_Media_Group
- Category: World
- Hits: 1060
Published 19 February 2022
တရုတ်နိုင်ငံရဲ့ ဦဆောင် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ ဖော First Automotive Works (FAW) က ဂျာမန်ကား ကုမ္ပဏီကြီး အော်ဒီ Audi နှင့်ပူးပေါင်းပြီး လျှပ်စစ်ကားတွေထုတ်လုပ်မယ့် စီမံကိန်းကို သောကြာနေ့က တရားဝင်စတင်လိုက်ပါတယ်။ အဲဒီလျှပ်စစ်ကားသီးသန့်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ကျိလင်းပြည်နယ်မြို့တော် ချမ်းချွန်မှာ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။
အဲဒီစီမံကိန်းရဲ့ရင်းနှီးမြှပ်နှံမှုတန်ဖိုးဟာ တရုတ်ယွမ်ငွေ ၃၅.၈ ဘီလီယံဖြစ်ပြီး အဲဒါဟာ အမေရိကန်ဒေါ်လာ ၅.၆၆ဘီလီယံခန့် နှင့်ညီမျှပါတယ်။
Source CMG
- Category: World
- Hits: 587