Published 20 February 2022

ရုရှားရဲ့ မဟာဗျူဟာမြောက် နျူကလီးယား စစ်ရေးလေ့ကျင့်မှု အကြီးစားကြီးတစ်ခုကို ဖေဖော်ဝါရီ၁၉ရက် စနေနေ့က ပြုလုပ်ခဲ့ရာ ရုရှားသမ္မတ ဗလက်ဒီမာပူတင်ကိုယ်တိုင် ကြီးကြပ်ခဲ့ပါတယ်

ရုရှားဒုံးယာဉ်တပ်တွေ၊ တောင်ပိုင်းစစ်ဒေသ၊မဟာဗျူဟာဒုံးကျည်တပ်တွေ၊မြောက်ပိုင်းနှင့် ပင်လယ်နက်ရေတပ်တွေဟာ ယခု စစ်ရေးလေ့ကျင့်မှုမှာပါဝင်ခဲ့တယ်လို့ ကရင်မလင်ကပြောပါတယ်

အဲဒီစစ်ရေးလေ့ကျင့်မှုကို ရုရှားသမ္မတပူတင်ဟာ ဘီလာရု(စ်)သမ္မတ အလက်ဇင်းဒါးလူကာရှင်ကိုနှင့်အတူ ကရင်မလင်ရှိ ဝန်းကျင်အနေအထားစင်တာကနေ အတူတကွ ကြည့်ရှုခဲ့ပါတယ်

တိုက်ကြီးအတွင်းပစ်ခရုစ်ဒုံးကျည်၊ဟိုက်ပါဆိုနစ်ဒုံးကျည်တွေအပါအဝင် နျူကလိယနှင့်နျူကလီးယားမဟုတ်သောလက်နက်တွေနှင့် ယခုစစ်ရေးလေ့ကျင့်မှုမှာ ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်

ယခုမဟာဗျူဟာ ဟန့်တားလေ့ကျင့်ခန်းတွေကို ယခင်ကတည်းက ကြိုတင်စီစဉ်ထားခဲ့တာဖြစ်ပြီး တပ်တွေရဲ့ တိုက်ခိုက်ရေး အသင့်ပြင်ဆင်ထားမှုတွေနှင့် လက်နက်တွေရဲ့ယုံကြည်စိတ်ချရမှုတွေကို စစ်ဆေးခဲ့တယ်လို့ ကရင်မလင်ကပြောပါတယ်

လုပ်ငန်းတွေအားလုံးအပြည့်အဝပြီးဆုံးပြီး ဒုံးကျည်တွေအားလုံး သတ်မှတ်ထားတဲ့ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်

Source CMG/Russia Defense Ministry