Published 4 March 2022
ကာတာနိုင်ငံတွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ၂၀၂၂ခုနှစ် ဒီဇင်ဘာမှာ ကျင်းပတော့မှာဖြစ်ပါတယ်
ပြိုင်ပွဲကြီးကျင်းပဖို့ တစ်နှစ်တောင်မလိုတော့တဲ့အချိန်မှာ ကာတာက ဈေးဝယ်စင်တာကြီးတစ်ခုမှာ ပြိုင်ပွဲအနိုင်ရသူကို ချီးမြှင့်မယ့် ဆုဖလားကြီးကို ပြသထားပါတယ်။
လူရာပေါင်းများစွာဟာ အဲဒီဈေးဝယ်စင်တာကြီးကိုရောက်ရှိလာကြပြီး ကြုံတောင့်ကြံခဲ အခွင့်အရေးတစ်ခုအနေနှင့် ဆုဖလားကြီးနှင့်အတူ အမှတ်တရ ဓာတ်ပုံများရိုက်ကူးနေကြပါတယ်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ကာာတာနိုင်ငံဟာ ပထမဆုံးသော အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံအနေနှင့် အိမ်ရှင် အဖြစ်ကျင်းပခွင့်ရခဲ့တာဖြစ်ပါတယ်
Source: AFP
- Category: World
- Hits: 537
#LocalNews
Published -4 Mar 2022
တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တိုးမြင့်ရပ်စဲထားတဲ့အချိန်မှာ အဓိပ္ပာယ်ပြည့်ဝတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ပြုလုပ်သင့်တယ်လို့ ရခိုင့်လွှတ်မြောက်ရေးပါတီ ALP ရဲ့ဒုတိယဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 463
#LocalNews
Published- 4 March 2022
အာဆီယံအထူးသံတမန် ပရက်ဆော့ခွန်း( Prak Sokhonn)မြန်မာနိုင်ငံကိုလာမယ်ဆိုပြီး တရားဝင်အကြောင်းကြားထားတဲ့စာ မရသေးဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောပါတယ်။
#Yangon_Media_Group
အာဆီယံအထူးသံတမန် ပရက်ဆော့ခွန်း (Prak Sokhonn) မြန်မာနိုင်ငံကိုလာမည့်ကိစ္စ တရားဝင်အကြောင်းကြားစာမရသေး
- Category: Myanmar
- Hits: 389
#LocalNews
Published - 4 Mar 2022
စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုနှင့် အလှူရှင်တွေရှားပါးလာမှုကြောင့် လူမှုကူညီရေးပရဟိတအသင်းများအနေနဲ့ ရေရှည်ရပ်တည်ဖို့ မလွယ်ကူသည့်အခြေအနေနဲ့ ကြုံနေရတယ်လို့သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 438
#LocalNews
Published- 4 March 2022
အများပြည်သူကိုလျှပ်စစ်ပေးနေတဲ့ လျှပ်စစ်ဓာတ်ကြိုးတွေကို ဖြတ်တောက်ဖျက်ဆီးခိုးယူသူတွေမရှိရအောင် လုံခြုံရေးနဲ့စောင့်ကြည့်သွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 400
Published 4 march 2022
ရုရှားနှင့်ယူကရိန်းတို့ရဲ့ ဘီလာရုစ်နိုင်ငံမှာပြုလုပ်တဲ့ ဒုတိယအကျော့ ဆွေးနွေးပွဲမှာ အရပ်သားတွေကယ်ထုတ်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေ ဖွဲ့စည်းစီစဉ်ဖို့ မတ်လ(၃)ရက် ကြာသပတေးနေ့က သဘောတူညီခဲ့ကြပါတယ်။
အရပ်သားတွေဆွဲထုတ်မယ့်နည်းလမ်းတစ်ခုဖန်တီးရာ မှာ ပူးပေါင်းဆောင်ရွက် နှစ်ဘက်သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ သမ္မတရဲ့လက်ထောက် ဗလက်ဒီမာ မီဒင်စကီးက ကြာသပတေးနေ့ ဆွေးနွေးပွဲမှာ အဓိကအားဖြင့် အရပ်သားတွေကာကွယ်ပေးဖို့ နှင့် လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတွေကို ပုံမှန်တိုးတက်မှု ရှိနေအောင်ဖန်တီးဖို့တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ သဘောတူခဲ့တာတွေကို နှစ်ဘက်ပါလီမန်တွေမှာ အတည်ပြုချက်ရယူဖို့လိုသေးတယ်လို့ ရုရှားနိုင်ငံ ဒူမား နိုင်ငံတကာရေးရာကော်မတီဥက္ကဋ္ဌ လီရွန်နစ်ဆလပ်စကီးက ပြောပါတယ်။ နှစ်ဘက်စလုံးဟာ တတိယအကျော့ ဆွေးနွေးပွဲကို မကြာခင်ထပ်မံကျင်းပဖို့ရှိတယ်လို့လည်း သူကပြောပါတယ်။ သူက ဆွေးနွေးပွဲတွေထပ်လာဦးမယ်လို့လည်း ပြောပါတယ်။
ယူကရိန်းသမ္မတရုံးအကြီးအကဲရဲ့ အကြံပေးဖြစ်သူ မိုင်ခါလိုပိုဒိုလီယတ်ကတော့ ဆွေးနွေးပွဲမှာ ယူကရိန်းဟာ လိုလားတဲ့ ရလာဒ်မရရှိခဲ့ဘူးလို့ ပြောပါတယ်။ယူကရိန်းဘက်က လူသားချင်းစာနာထောက်ထားမှုစင်္ကြံထဲမှာ အပစ်အခတ်ရပ်စဲရေးကိုပါ ထည့်စဉ်းစားကောင်းစဉ်းစားမယ်လို့ သူကပြောပါတယ်။နှစ်ဘက်စလုံးက ဆက်ဆံရေးအထူးလမ်းကြောင်းတစ်ခု ဖွင့်ထားသင့်တယ်လို့လည်းသူကဆိုပါတယ်။
ဒုတိယကျော့ဆွေးနွေးမှုကို ရုရှားက ယူကရိန်းမှာ သူတို့အဆိုအရ အထူးစစ်ဆင်ရေးဆိုတာစတင်ပြီး ရှစ်ရက်အကြာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source CMG
- Category: World
- Hits: 573
#LocalNews
Published - 4 Mar 2022
မုံရွာမြို့တွင် ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်တွေများပြားနေပြီး တစ်ရက်လျှင် အနည်းဆုံး ၂ မှုမှ ၃ မှုအထိ ရှိနေတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရပါတယ်။
ယနေ့ မတ်လ ၄ ရက်နေ့တွင် ပြည်ထောင်စုလမ်း၊ကန်သာဈေးအနီးတွင် ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရအမျိုးသားလူနာ(၁)ဦးရှိခဲ့သလို ယမန်နေ့(မတ်လ ၃)ရက်နေ့မှာလည်း ပြည်ထောင်စုလမ်း၊ ရေစင်ကြီးမီးပ္ပိုင့်အနီးတွင်ဆိုင်ကယ်မ တော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
"မုံရွာမှာ ဆိုင်ကယ်မတော်တဆမှုတွေက ခဏခဏဖြစ်နေတာ အခုနောက်ပိုင်းပိုများလာတယ်။ တစ်ရက်ကို အနည်းဆုံးနှစ်ခု လောက်ဖြစ်နေတယ်။ တစ်ခါတစ်လေ ဖြစ်စဥ်ငါးခု၊ ခြောက်ခုလောက်အထိ ဖြစ်နေတာမျိုးရှိပါတယ်။"လို့ ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ဆိုင်ကယ်မတော်တဆမှုဖြစ်စဥ်များကြောင့် ထိခိုက်ဒဏ်ရာရသူများကို နေ့စဥ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးနေရတယ်လို့လည်း အဆိုပါလူမှုကူညီရေးအသင်းက ဆိုပါတယ်။
ဒါကြောင့်လည်း ဆိုင်ကယ်စီးနင်းသူများအနေနဲ့ ဂရုတစိုက်စီးနင်းကြဖို့ကိုလည်း ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့တွေက မေတ္တာရပ်ခံ အသိပေးနှိုးဆော်ထားပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
- Category: Myanmar
- Hits: 412