၁၀ မေ ၂၀၂၄

CB Bank ဥက္ကဌဦးခင်မောင်အေးဖမ်းဆီးခံရသည်ဟု လူမှုကွန်ရက်‌ပေါ်၌ပျံ့နှံ့နေပြီး  CB Bank ဥက္ကဌဦးခင်မောင်အေးဖမ်းဆီးခံရသည့်သတင်းမဟုတ်မှန်ကြောင်း ဦးခင်မောင်အေး၏မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ အတည်ပြု‌ပြောခဲ့ကြောင်းသိရသည်။

CB Bank ဥက္ကဌဦးခင်မောင်အေးဖမ်းဆီးခံရသည့် သတင်းမဟုတ်မှန်ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ YMGကို အတည်ပြုဖြေကြားထားခြင်းဖြစ်သည်။

အဆိုပါသတင်းမဟုတ်ဘူးလို့သိရကြောင်းလည်း ဦးခင်မောင်အေးနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက YMG ကိုပြောသည်။

CB Bank ဥက္ကဌဦးခင်မောင်အေးနှင့်နီးစပ်သည့် ရုပ်သံလုပ်ငန်းလုပ်ကိုင်သူများကလည်း လက်ရှိအချိန်အထိ ဥက္ကဌအဖမ်းခံရသည်ကို မကြားမိသေးကြောင်း ‌ဖြေကြားထားသည်။

ထို့အပြင် ယနေ့မေလ၁၀ရက်နေ့ ညနေ ၆နာရီခွဲခန့်က ဆိုရှယ်မီဒီယာဖေ့စ်ဘုတ်ခ်တွင် အကောင့်ပိုင်ရှင် Sai Moe San ဆိုသူက  KBZ နာယကကြီးဦးအောင်ကိုဝင်းနှင့်ဇနီးဒေါ်နန်းသန်းထွေးရဲ့မွေးနေ့မင်္ဂလာညစာစားပွဲသို့ တက်ရောက်လာသည့် ဦးခင်မောင်အေးနှင့်ဇနီးဖြစ်သူတို့၏ ဓာတ်ပုံများကို တင်ထားပြီး ကျန်းမာပါစေကြောင်း ဆုတောင်းပေးထားသည်ကိုတွေ့ရသည်။

မေလ(၁၀)ရက်တွင် CB Bank ဥက္ကဌဦးခင်မောင်အေးဖမ်းဆီးခံရကြောင်း၊   ကျားဖြန့်များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံနေရကြောင်း လူမှုကွန်ရက်ပေါ်၌ သတင်းများထွက်ပေါ်ခဲ့ပြီး ယင်းကဲ့သို့ ဖမ်းဆီးခံရခြင်းမရှိကြောင်း ဦးခင်မောင်အေး မိသားစုနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံများ - Sai Moe San’s FB

tthl

Yangon_Time