#LocalNews
Published 15 Feb 2022
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် အီတလီနိုင်ငံသားပညာရှင်ရဲ့ ရှေ့ပြေးကွင်းဆင်းမှုကရရှိတဲ့ အကြောင်းအရာတွေကို ပြည်နယ်အစိုးရဆီ တင်ပြဖို့ရှိနေပါတယ်။
#Yangon_Media_Group
- Category: Myanmar
#LocalNews
Published - 15 Feb 2022
ထိုင်းနိုင်ငံအနေနဲ့ MOU စနစ်နဲ့ မြန်မာလုပ်သားအရေအတွက် သိန်းနှင့်ချီခေါ်ယူဖို့ ရှိနေတယ်ဆိုပေမယ့်လည်း ကိုဗစ်စည်းကမ်းတွေနဲ့ ပက်သက်တဲ့ လုပ်ဆောင်ချက်တွေအရ တစ်လကို အလုပ်သမား ၇,၅၀၀ လောက်ပဲ ပို့နိုင်ဦးမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
Published 15 Feb 2022
ရုရှားဟာ ယင်းရဲ့ အနောက်မြောက်ဖက်ဒရယ်ဒေသတလျောက်မှာ စစ်ရေးလေ့ကျင့်ခန်းတွေပြုလုပ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အာတိတ်ဒေသမှာ ရုရှားမြောက်ပိုင်းရေတပ်စုရဲ့ ယာဉ်တင်တပ်ရင်းတစ်ခုဟာ လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ရုရှားစစ်သားတွေဟာ တင့်ကားဖျက်သေနတ်တွေ၊ဟောင်ဝဇာအမြောက်တွေနှင့်အခြားသော လက်နက်ကြီးများဖြင့် ဖန်တီးထားတဲ့ ရန်သူရဲ့ တင့်ကားတပ်တစ်ခုကို ချေမှုန်းခဲ့ကြပါတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။
လီနင်ဂရက် စီရင်စုမှာလည်း အနောက်ဖက်စစ်ဒေသတိုင်းဟာ T-72 အမျိုးအစားအပါအဝင် တင့်ကားများစွာကို စေလွှတ်ပြီး အလျင်အမြန်စစ်ချီတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။
လေ့ကျင့်မှုများအတွင်း ရုရှားတပ်တွေဟာ သစ်တော၊နှင်းကျနေတဲ့မြေပြင်လို အထူးမြေပြင်အခြေအနေတွေနှင့် စစ်ရေး လေ့ကျင့်ခဲ့ကြပြီး တင့်ကားတွေကိုလည်း လက်တွေ့ပစ်ခတ်ပြီး လေ့ကျင့်ခဲ့ကြပါတယ်။
Source CMG/MOD,Russia
- Category: World
#DailyNews
Published - 15 Feb 2022
၁။ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ရှေ့ပြေးကွင်းဆင်းမှုလုပ်ငန်းအကြောင်း ပြည်နယ်အစိုးရကိုတင်ပြမည်။
၂။ ထိုင်းနိုင်ငံမှ မြန်မာ MOU လုပ်သား သိန်းနှင့်ချီခေါ်ယူမည်ဆိုသော်လည်း ကိုဗစ်စည်းကမ်းများအရ တစ်လလျှင် ၇,၅၀၀ ခန့်သာ ပိုနိုင်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မီးတောင်ပေါက်ကွဲ၍ နှစ်ပေါင်း ၁,၄၀၀ ပြာပုံအောက်ရောက်ခဲ့သည့် မိုင်ယာရွာကလေးကို ရှေးဟောင်းပြတိုက်အသွင်ဖန်တီး.....အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
#WorldTech
Published 14 February 2022
ဘရာဇီးလ်နိုင်ငံမှာ ဆိုလာစွမ်းအင်လုပ်ငန်း အလျင်အမြန်ထွန်းကားလာပြီး ၂၀၂၁ ခုနှစ်တစ်နှစ်တည်းမှာပင် အလုပ်အကိုင်နေရာပေါင်း ၁ သိန်းခွဲအထိ ဖန်တီးပေးနိုင်ခဲ့ကြောင်း ဘရာဇီးလ်နိုင်ငံမှ ဆိုလာကုမ္ပဏီများအဖွဲ့အစည်းရဲ့ စစ်တမ်းကောက်ယူခြင်းတွေအရ သိရှိရပါတယ်။
#Yangon_Media_Group
- Category: World
Published 14 Feb 2022
ကမ္ဘောဒီးယားဟာ အမျိုးသား အင်တာနက်ဂိတ်ဝေး အသစ်ကို စတင်သက်ဝင်စေတော့မှာဖြစ်ပါတယ်။ဒီလိုလုပ်တာဟာ နိုင်ငံမှာ ပြသနာဝိုင်းနေတဲ့ အတိုက်အခံအသံတွေကို ပိုပြီးတိတ်သွားအောင်လုပ်လိုက်သလိုပဲလို့ တက်ကြွလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
ဖေဖော်ဝါရီ(၁၆)ရက်ကစပြီး အဲဒီအမျိုးသားအင်တာနက်ဂိတ်ဝေးကြောင့် ဝက်ဘ်အသွားအလာတွေအာလုံးဟာ နိုင်ငံတော်က ထိန်းချုပ်ထားတဲ့ အဝင်ဂိတ်နေရာကနေသာ ဖြတ်သန်းသွားကြရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်ရေးလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်အပေါ် အကြီးအကျယ်ထိခိုက်စေတော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။
Source AFP
- Category: World
Published 14 Feb 2022
ကုလသမဂ္ဂ ဝန်ထမ်း(၅)ဦးဟာ စစ်ဒဏ်ခံနေရတဲ့ ယီမင်နိုင်ငံတာင်ပိုင်း မှာ ပြန်ပေးဆွဲခံရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းက တနင်္ဂနွေနေ့ကပြောလိုက်ပါတယ်။ သူတို့ငါးဦးဟာ ကွင်းဆင်းလုပ်ငန်းတွေဆောင်ရွက်ပြီးစီးလို့ အေဒင်ဆိပ်ကမ်းမြို့ကို အပြန်မှာ တောင်ပိုင်းက အေဘီယန်အုပ်ချုပ်ရေးဒေသမှာ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်ပါတယ်လို့ ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီရီကန်နီကိုက ပြောပါတယ်။
Source AFP
- Category: World