#Local_News
Published _ 7 november 2022

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊တန့်ယန်းမြို့နယ်ရှိ ဟုန်ပန်းခြံလမ်းတွင် ယနေ့ နိုဝင်ဘာလ ၇ ရက် မွန်းတည့်ပိုင်းတွင် ကိုယ်ပိုင်ကားနှင့် ဆိုင်ကယ်တိုက်မိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းထံမှ သိရသည်။

 

ယနေ့ မွန်းတည့်ချိန် ၁၂ နာရီခန့်က ဟုန်ပန်းခြံလမ်းရှိ လိမ္မော်ခြံအနီးတွင် TOYOTA Wish ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်ကြောင့် လူ၄ဦး ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၃ ဦး(စုစုပေါင်း ၄ ဦး)အား လူ နာတင်ကားများဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

ဒဏ်ရာရရှိသူများမှာ စိုးရိမ်ရမှု အခြေအနေမရှိကြောင်းလည်း ၎င်းတို့ထံမှ သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group