#Local_News
Published_ 7 November 2022

 

တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ မြတ်စွာဘုရားရုပ်ပွားတော်များတွင် ရွှေကြာသင်္ကန်းဆက်ကပ်လှူတန်းခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းထံမှ သိရသည်၊၊

 

ရွှေတိဂုံစေတီတော်ဘဏာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပတာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ မနက်ပိုင်းမှာ ဆွမ်းတော်ကြီးဆက်ကပ်လှူတန်းခြင်းနှင့် ရွှေကြာသင်္ကန်းများကို ရွှေတိဂုံစေတီတော်ရှိ မုခ်လေးမုခ်ကရုပ်ပွားတော် (၄)ဆူနဲ့ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်(၁)ဆူစုစုပေါင်း ရုပ်ပွားတော် (၅)ဆူတွင် ဆက်ကပ်လှူတန်းဆက်ကပ်ခဲ့သည်၊၊

 

ကိုဗစ်ဖြစ်ပွားမှုများရှိနေသေးသလိုညမထွက်ရသည့်အချိန်များလည်းရှိနေသေးသည့်အတွက် ညလုံး ပေါက် ရက်ခတ်ယှဉ်ပြိုင်ရသည့် မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲကို အခုနှစ်တွင်လည်း မကျင်းပဖြစ်သေး ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်၊၊

 

#ymg/tthl
#Yangon_Media_Group