#Local_News
Published _7 November 2022

 

လေယာဉ်တစ်စီး စစ်တွေလေဆိပ်သို့ဆင်းသက်ပြီးချိန် အင်ဂျင်ကို ငှက်ဝင်တိုက်မှုဖြစ်၍ လေယာဉ်အပြောင်းအလဲလုပ်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

 

အဆိုပါအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း၊ လေယာဉ်အမျိုးအစား E-190၊ လေယာဉ် အမှတ် XY-ALO သည် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်မှ စစ်တွေလေဆိပ်သို့ဆင်းသက်ခဲ့ပြီး ခရီးသည်များဆင်းနေစဉ် လေယာဉ်အင်ဂျင်ကို ငှက်ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။

 

ခရီးသည်များ အားလုံးဆင်းပြီးနောက် လေယာဉ်ကို ကြည့်ရှုစစ်ဆေးခဲ့ရာ လေယာဉ်၏ယာဘက်အင်ဂျင်အတွင်း ငှက်တိုက်မိထားသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ရုံးချုပ်မှ ငှက်တိုက်ခံထားရသော လေယာဉ်ပြုပြင်ပေးမည့် အင်ဂျင်နီယာများနှင့် နောက်ထပ်လေယာဉ်(၁)စီး ကို စေလွှတ်ပေးခဲ့ကြောင်း၊ ယင်းလေယာဉ်ဖြင့်ပင် ရန်ကုန်သို့ ပြန်လည်လိုက်ပါမည့်ခရီးသည်များအား ပြန်လည်သယ်ဆောင်လာခဲ့ရကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group