#LocalNews
Published _ 5 November 2022

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပေးပို့ထားသော ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်ခြင်းနှင့် (၁၃၂)ကေဗွီ ဘီလူးချောင်း-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၁၁၀)နှင့် (၁၁၁)တို့ ကျိုးပဲ့ပျက်စီးခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ယာယီ ဓာတ်အားလိုင်းများ ပြတ်တောက်မည်ဟု YESC မှ ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

အထက်ပါဖြစ်စဉ်များကြောင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု စုစုပေါင်း (280)MW ခန့် လျော့နည်းလျက်ရှိနေ၍ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်းဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်၊ နေရာအချို့တို့၌ ယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားရှိသည်။

 

#ymg/NN
#Yangon_Media_Group