#Local_News
Published-5 November 2022

 

ကုမ္ပဏီတွေကို စိစစ်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကုမ္ပဏီများအက်ဥပဒေတွေကို မလိုက်နာခြင်း တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ ကြေညာချက်ထုတ်ပြန်ထားသည်။

 

လက်ရှိတွင် ကုမ္ပဏီများနှင့် ကုမ္ပဏီများတွင် ပါဝင်နေသူတချို့သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေတွင် ပြဌာန်းထားသည့် ဒါရိုက်တာများနှင့် တာဝန်တွေကို လိုက်နာရန်ပျက်ကွက်နေကြောင်း DICA က ထုတ်ပြန်ခဲ့သည်။

 

ယင်းကြောင့် ကုမ္ပဏီတွေနှင့် ကုမ္ပဏီ ဒါရိုက်တာများ၊ ကုမ္ပဏီတွင် ပါဝင်သူတွေအနေဖြင့်မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ပိုမိုလိုက်နာစေရန်အတွက် အရည်အသွေးမြင့်သော စိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ယင်းအပြင် လိုက်နာမှုမရှိကြောင်း တွေ့ရှိပါက သတ်မှတ်ထားသည့် ဒဏ်ကြေးငွေချမှတ်ခြင်းနှင့် အခြားသောအရေးယူမှုတွေကို ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

 

ကုမ္ပဏီတွေအနေနှင့် မှတ်ပုံတင်စာရင်း တင်သွင်းထားသည့် ကုမ္ပဏီ၏ မှတ်ပုံတင်ရုံးခန်းလိပ်စာများသည် မြေပြင်တွင် အမှန်တကယ်မတည်ရှိခြင်း ၊ ငွေကြေးဆိုင်ရာ ဘဏ်စာရင်းတွေမှာ လုပ်ထုံးနှင့် မညီညွတ်ခြင်း၊ နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်နေခြင်း အများအပြားရှိနေကြောင်း DICA မှထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group