#Local_News
Published-4 November 2022

 

ယနေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ကျပ် ၂၀၀၀ အထက်သို့ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

နိုဝင်ဘာလ ၄ ရက်နေ့ စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာ ၂၀၄၀ ကျပ် ဖြစ်ပြီး ယနေ့တွင် 92 တစ်လီတာ ၂၁၁၅ ကျပ်အထိမြင့်တက်လာကြောင်း သိရသည်။ ယင်းအပြင် 95 တစ်လီတာ ၂၁၃၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၅၇၀ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၂၆၄၅ ကျပ်ဖြစ်ပြီး ယနေ့တွင် 95 တစ်လီတာ ၂၂၃၀ ကျပ် ၊ ဒီဇယ်တစ်လီတာ ၂၆၅၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၇၂၀ ကျပ်ဖြစ်ကြောင်းသိရသည်။

 

ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် နိုင်ငံတကာစက်သုံးဆီသင်္ဘောများဆိုက်ကပ်နေပြီး ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

ယင်းအပြင် နိုဝင်ဘာလအစတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း၊ ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းနှင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group