#Local_News
Published _ 5 November 2022

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရွှေအင်ဒုံကုန်းအတက်အနီးတွင် နိုဝင်ဘာလ ၅ ရက် နံနက်အစောပိုင်းက ကိုယ်ပိုင်ကားမှ တွဲကား၏ ဘေးသို့ ဝင်တိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်မှ သိရသည်။

 

ယနေ့ မနက်အစောပိုင်း ၅ နာရီခွဲခန့်တွင် ရွှေအင်ဒုံကုန်းတက်အနီးရှိ ကိုယ်ပိုင်ကားတစ်စီးမှ တွဲကား၏ ဘေးအားဝင်တိုက်မိခဲ့ကြောင်း သတင်းရရှိသဖြင့် ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် ကိုယ်ပိုင်ကားအားမောင်းလာသည့် အမျိုးသားနှင့်လိုက်ပါလာသည့် အမျိုးသမီးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group