#Local_News
Published _5 November 2022

 

သာကေတမြို့နယ် မင်းနန္ဒာလမ်းမကြီး ၃/ရန်ပြေရပ်ကွက် ရန်ပြေမှတ်တိုင်အနီး ရန်အောင်ကန်အတွင်း ယနေ့နံနက်က လူတစ်ဦးပြုတ်ကျသေဆုံးနေကြောင်းပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းက သိရသည်။

 

"မနက်က အလောင်းပေါ်လာလို့ သတင်းပို့တဲ့အတွက်သိရတာ၊ ဘယ်ကမှန်းမသိရသေးဘူး၊ ခုန်ချတာလား၊ ပြုတ်ကျတာလား၊ တခြားပယောဂကြောင့်လား မသိရသေးဘူး၊ စစ်ဆေးနေကြတုန်းပဲရှိသေးတယ်"ဟု အဆိုပါ ပရဟိတ၏တာဝန်ရှိသူက ပြောသည်။

 

ယင်းကြောင့် ပေးဆပ်သူတို့နှလုံးသား ပရဟိတအသင်းက သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့နှင့်ပူးပေါင်းဆယ်ယူပြီး Dead body ကို အောင်နိုင်သူလူမှုကူညီ​ရေးအသင်းမှ အသင်းကားဖြင့် စံပြဆေးရုံသို့ပို့‌ဆောင်ခဲ့ကြကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group