#Local_News
Published-3 November 2022

 

ပြည်တွင်းစက်သုံးဆီ 92 ၊ 95 နှင့် 97 ဈေးနှုန်းများမှာ ယနေ့ နိုဝင်ဘာလ ၃ ရက်တွင် ဆက်လက်မြင့်တက်လာနေပြန်ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

နိုဝင်ဘာလ ၂ ရက် စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာလျှင် ၁၉၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၀၅၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၆၅၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၇၂၅ ကျပ်ဖြစ်ပြီး ယနေ့တွင် 92 တစ်လီတာလျှင် ၂၀၀၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၀၉၅ ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၂၅၆၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၃၅ ကျပ်ဖြစ်ကြောင်းသိရသည်။

 

ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီဂါလန် ၆ သန်းကျော်ဆိပ်ကမ်းချထားပြီး ၉ သန်းကျော်ကို ဆီချခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ရန်ကုန်သီလဝါ ဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှု လက်ကျန်အခြေအနေများအရ စက်သုံးဆီဖူလုံမှုရှိကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက အသိပေးထုတ်ပြန်ထားသည်။

 

စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် အစိုးရရုံးပိတ်ရက်များ၌ ပြည်တွင်းခရီးသွားလာမှုများပြားနေသောကြောင့် ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်မူ ရည်ညွှန်းလက်လီဈေးနှုန်းနှင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group