#Local_News
Published _3 November 2022

 

မီးပုံးပျံအကြီးအသေး တစ်ထောင်ကျော်လွှတ်တင်မည့်ပဲခူးတန်ဆောင်တိုင်ပွဲတော်ကို ယနေ့စတင်ပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။

 

အဆိုပါ ပွဲတော်အတွင်း ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း၊မသိုးသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း၊ စတုဒီသာကျေးမွေးလှူဒါန်းခြင်း၊မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခရိုင်ရှိ မြို့နယ်ဒေသများမှ ထွက်ရှိသည့် ထွက်ကုန်များကို ပြသရောင်းချခြင်းနှင့်နိုင်ငံကျော်အဆိုတော်များ၏ တေးဂီတဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

မီးပုံးပျံလွှတ်တင်ခြင်းကို ရွှေမော်ဓောဘုရားကြီး၏ အနောက်ဖက်မုခ်ရှိ ယာဉ်ရပ်နားဝင်းတွင်ကျင်းပပြုလုပ်မည်ဖြစ်ရာ မီးပုံးပျံအကြီး(၁၃)လုံးနှင့်မီးပုံးပျံအသေး(၁၀၀၀)ကျော်လွှတ်တင်မည်ဖြစ်ကြောင်း၊ လာရောက်သူများအားစတုဒီတာကျွေးမွေးမည်ဖြစ်ပြီး လူဦးရေ (၁၀၀၀၀)စာ စီမံဆောင်ရွက်ထားကြောင်း သိရသည်။

 

ပွဲတော်ကို ယနေ့ နိုဝင်ဘာလ ၃ ရက် မှ နိုဝင်ဘာလ(၇)ရက်တန်ဆောင်မုန်းလပြည့်နေ့ထိပြုလုပ်မည်ဖြစ်ပြီး လပြည့်နေ့လာရောက်ကြမည့် ဘုရားဖူးလာပြည်သူများအား ရွှေမော်ဓောစေတီတော်အနောက်ဖက်မုခ်တွင်တပ်ဆင်ပြီးစီးနေသည့် ရွှေ့လျားစက်လှေကားနှစ်စီးကိုလည်း အသုံးပြုမည့်အပြင် ဗုဒ္ဓအသံသာသနာ့ဗိမာန်တွင် သက်တော်ကြီးဆရာတော်ကြီးများတက်ရောက်နိုင်ရန် ဆောက်လုပ်တပ်ဆင်ထားသည့် ဓါတ်လှေကားကိုလည်း ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group