#Local_News
Published _ 29 October 2022

ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား တစ်ခုထက်ပို၍ ကိုင်ဆောင်ထားရှိပါက နိုဝင်ဘာလလ ၁၅ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ လာရောက်အပ်နှံရမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

 

နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ) တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများကို ပယ်ဖျက်စာရင်းသွင်းမည်ဟု ကြေညာချက်၌ ဖော်ပြထားရှိသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုးကိုင်ဆောင်သူ ၅၂ သန်းကျော်ကို စာရင်းသွင်းပြီးဖြစ်သောကြောင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား အသိအမှတ်ပြုကတ်များ ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများ ကွဲလွဲခြင်း ၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုလည်း သိရသည်။

 

အဆိုပါ အသိပေးကြေညာချက်အား နိုဝင်ဘာလ ၁ ရက်အထိ သတ်မှတ်ထားသော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ် ၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ် ၊ ခြံမြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်းများစသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် နိုဝင်ဘာလ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်းလည်း သိရသည်။

 

#ymg/sth
#Yangon_Media_Group