Published_ 26 June 2022

နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် မြိုပြသစ်တောစိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကို ၂၀၀၆-၂၀၀၇ ခုနှစ်မှစတင်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ခဲ့တဲ့ အတွက် စိမ်းလန်းစိုပြေတဲ့ပတ်ဝန်းကျင်ကိုပိုင်ဆိုင်ပြီး နွေရာသီတွင် အပူချိန်လျော့နည်းခဲ့ ကြောင်း နစကဥက္ကဌ  က ပြောကြားခဲ့ပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်၊ မာရဝိဇယ ဘုရားသွားလမ်း စံပယ်လမ်းဝဲယာ၌ ဇွန် ၂၆ ရက် ဒီကနေ့ကျင်းပတဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထို့ပြင် မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုသည် ၂၀၀၀ ပြည့်နှစ်၌ နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိတဲ့အတွက် သစ်တောဖုံးလွှမ်းမှု ပိုမိုလျော့နည်းမသွားစေရေး၊ သစ်တောပြုန်းတီးမှု လျှော့ချရပ်ဆိုင်း နိုင်ရေး၊ သဘာဝတောများ ထိန်းသိမ်းရေး၊ သစ်တောများပြန်လည်ထူထောင်ရေး၊ သစ်တောမြေမှ အခြားမြေအဖြစ် ပြောင်းလဲအသုံးချမှုမရှိစေရေး တိုက်တွန်းပြောကြားခဲ့ ပါတယ်။

နေပြည်တော်ကို သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပသည့် Green and clean City အဖြစ် ရေရှည်တည်ထောင်နိုင်ရေးနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ပတ်ဝန်းကျင်ရေရှည်ကောင်းမွန်သည့် Green and clean cities များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြော်အမြင်ကြီးကြီးဖြင့် အလေးထားဆောင်ရွက်သွားဖို့ မှာကြားခဲ့ပါတယ်။

ဒီကနေ့ကျင်းပပြုလုပ်တဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေနှင့် စိန်ပန်းသစ်မျိုး ပျိုးပင်စုစုပေါင်း ၆၅၂ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြပါတယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ၏ မှတ်တမ်းအရ ကမ္ဘာပေါ်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များက သစ်တောဧရိယာ ၆ ဒသမ ၂၁ ဘီလီယံ ဟတ်တာခန့်ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၃ ဒသမ ၈၇ ဘီလီယံ ဟတ်တာခန့်သာ ကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံများသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့သစ်တောဧရိယာ၏ ၇ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်လျက်ရှိသော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တောဧရိယာ ဟတ်တာ ၉ ဒသမ ၄ သန်းခန့် ပြုန်းတီးခဲ့ကြောင်း သိရပါတယ်။

ymg-mnn

#Yangon_Media_Group