Published 14 June 2022

လျှပ်စစ်ဓာတ်အားခတွေ ဇူလိုင်(၁)ရက်ကစပြီး တိုးမြှင့်ကောက်ခံတော့မယ်လို့ လူမှုကွန်ယက်ပေါ်မှာ ဖော်ပြနေတာတွေဟာ ယခင် ၂၀၁၉ခုနှစ်က သတင်းကိုပြန်လည်ကူးယူဖော်ပြနေခြင်းသာဖြစ်ပြီး ဓာတ်အားခနှုန်းတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယင်းရဲ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာကနေ ပြန်လည်ရှင်းလင်း ထားပါတယ်။

ရှင်းလင်းချက်အပြည့်အစုံကို ပြန်လည်ကူးယူဖော်ပြပေးပါတယ်။

ဓာတ်အားသုံးစွဲသူများသို့ အသိပေးပန်ကြားချက်

၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၁၉ခုနှစ် ဇူလိုင် ၁ ရက်နေ့ ယခင် (၃) နှစ် ကတည်းကမှစ၍ ဓာတ်အားခ နှုန်းထားများကို ပြင်ဆင်သတ်မှတ်ခဲ့ပြီး ယနေ့အချိန်ထိ အဆိုပါနှုန်းထားများအတိုင်း ကောက်ခံလျက်ရှိပါကြောင်းနှင့် လူမှုကွန်ယက်တွင် ဖြန့်ဝေနေသည့် ဓာတ်အားခနှုန်းထား တိုးမြှင့်မည့် သတင်းမှာ ယခင် ၂၀၁၉ ခုနှစ်က သတင်းအား ပြန်လည်ကူးယူဖော်ပြထားခြင်းဖြစ်ပါကြောင်း ရှင်းလင်းအသိပေးအပ် ပါသည်။

၂။ ယခုကောက်ခံလျက်ရှိသည့် ဓာတ်အားခနှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပြီး နှုန်းထားပြောင်းလဲမှုမရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။