#Local_News
Published_ 27 April 2024

▪️ နေပြည်တော်တွင် မေလ ၁ ရက်နေ့တွင် ကျင်းပမည့် MSMEs ထုတ်ကုန်ပြပွဲ၌ ပြခန်းစုစုပေါင်း (၅၄)ခန်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အလုပ်သမားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ထုတ်ကုန်များ ပြပွဲကိုနေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိဈေးအတွင်း မေလ (၁) ရက်မှ မေလ (၅) ရက်အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ ပြပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ (၈) မြို့နယ်မှ ပြည်တွင်း MSMEs ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များ၊ ဒေသထွက်ကုန်များနှင့် ဌာနဆိုင်ရာပြခန်းစုစုပေါင်း (၅၄)ခန်း ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/ NN #Yangon_Times