#Local_News
Published 27 April 2024


▪️ ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေး တံတားအမှတ် ၁ ကိုဧပြီ၂၇ ရက် ယနေ့ မနက် ပိုင်း ၁၀နာရီ မှ ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း ဒေသခံပြည်သူများထံကသိရသည်။

 

▪️ ဧပြီလ ၂၁ရက်နေ့က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) တွင်တံတားကူးလက်မှတ်ကုန်သွားသဖြင့် မြဝတီမှသွားလာခွင့်ကို ယာယီပိတ်ထားလိုက်ပြီး ထိုင်းဖက်မှ မြ၀တီ အပြန်ဖက်ကိုတော့ သွားလာခွင့်ပေးခဲ့ကြောင်း သိရသည်။

 

▪️ "အခုက အမှတ် ၁ တံတားကနေ မြဝတီဘက်ကနေ မဲဆောက်ဘက်ကို ဝင်လိုရသလို မဲဆောက်ကနေ မြဝတီဘက်ကိုလာတာ လည်းရပြီ ဒီနေ့မနက်ပိုင်းမှာ အဝင်ကော အထွက်ကောသွားလာလို့ရပါပြီ"ဟု မြဝတီမြို့ရှိ ဒေသခံတစ်ဦးကပြောသည်။

 

▪️ ထို့ကြောင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှ (၇) ရက်ယာယီလက်မှတ်နှင့် ဖြတ်သန်းနိုင်သလို Passport ဖြင့်လည်း ဖြတ်သန်းနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

 

▪️ ကုန်ကားများ အဓိက ဖြတ်သန်းသွားလာနေသည့် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေး တံတားမှာတော့ တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အဆောင်များကို ပြင်ဆင်မှုများ လုပ်ဆောင်နေသဖြင့် ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

 

#YMG/LW #Yangon_Times