#Lcoal_News
Published 27 April 2024

▪️ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဘိုင်းဒါးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ်(၈၈/၀)နှင့် (၈၈/၁)ကြားတွင် Canter (၆)ဘီးယာဉ်၊ Light truck ယာဉ် နှင့် ၂၂ဘီးယာဉ်တို့ သုံးစီးဆင့်တိုက်မှုကြောင့် ၃ဦး​ေ-သဆုံးကာ ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

▪️ ဧပြီ ၂၆ရက် မွန်းတည့် ၁၂နာရီ ၅၀မိနစ်က Canter (၆)ဘီးယာဉ်နှင့် Light truck ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားပြီး Light truck ယာဉ်နောက်မှ ကပ်ပါလာသော Hino(၂၂)ဘီး ဘိလပ်မြေသယ်ယာဉ်သည်ရှေ့မှ Light truck ယာဉ်အား တိုက်မိကာ ဆက်လက်ပြီး လမ်းဘေးနေအိမ်သို့ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ ယာဥ်တိုက်မှုကြောင့် Canter (၆)ဘီးယာဉ်ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသား(၂)ဦး(သေဆုံး)နှင့် အမျိုးသမီး(၁)ဦး(သေဆုံး)ကာ Light Truckယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ၊ Hino(၂၂) ဘီး ဘိလပ်မြေသယ်ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

▪️ ယာဉ်တိုက်မှုဖြစ်ရာနေရာသို့ ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြွန်တန်ဆာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါယာဉ်တိုက်မှုကြောင့် ​ေ-သဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ရွှေဇာမြေလူမှုကူညီရေးအသင်း၊ ရွှေရဲနွယ်လူမှုကူညီရေးအသင်းယာဉ်များဖြင့် ပြွန်တန်ဆာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon_Times