#Local_News
Published_ 25 April 2024

▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ရန်အတွက် မြို့နယ်အလိုက်သတ်မှတ်မြေဈေးနှုန်းများတွင်ကမာရွတ်မြို့နယ် ပြည်လမ်းရှိ အခွန်နှုန်းထားမှာအမြင့်ဆုံးဖြစ်နေကြောင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မြေရောင်း/ဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများအရ သိရသည်။

 

▪️ အဆိုပါကဲ့သို့ သတ်မှတ်ရာတွင်  ကမာရွတ်မြို့နယ်၊ ပြည်လမ်းပိုင်းရှိမြေကွက် တစ်စတုရန်းပေ ကျပ် ၆၀၀,၀၀၀ (ပေ ၁၀၀ ပတ်လည်အတွက် ကျပ်သိန်းခြောက်သောင်း) ဖြင့်သာ အများဆုံးသတ်မှတ်ထားကြောင်း သိရသည်။

 

▪️ ရန်ကုန်-အင်းစိန်လမ်းမ၊ဦးဝိစာရလမ်း၊တက္ကသိုလ်ရိပ်သာလမ်းများတွင် တစ်စတုရန်းပေအတွက် ကျပ် ၄၀၀,၀၀၀ ဖြင့် အများဆုံး သတ်မှတ်ထားသည်။

 

▪️ သံလွင်လမ်း၌ တစ်စတုရန်းပေအတွက် ကျပ် ၃၅၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားပြီး လှည်းတန်းလမ်း၌တစ်စတုရန်းပေအတွက် ကျပ် ၃၀၀,၀၀၀ ဖြင့်အများဆုံး၊ ဘုရင့်နောင်လမ်း၌တစ်စတုရန်းပေအတွက် ကျပ် ၂၂၀,၀၀၀ ဖြင့်အများဆုံး သတ်မှတ်ထားသည်။

 

▪️ ထို့အပြင် ရပ်ကွက်အတွင်း လမ်းတွင်လမ်းမကြီးနှင့် လမ်းသွယ်ကွာခြားမှုပေါ်မူတည်၍ ၁၂,၀၀၀ကျပ်မှ ၂၅၀,၀၀၀ကျပ်အထိရှိ‌ကြောင်း သိရသည်။

 

#YMG/ NN #Yangon-Times