#Local_News
Published 25 April 2024

▪️ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှ မြန်မာနိုင်ငံသို့ မီးသတ်ဝတ်စုံများ လှူဒါန်းခဲ့ကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ 

 

▪️ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ဧပြီ၂၄ရက် မွန်းလွဲပိုင်းတွင် ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီဒိုပြည်နယ်ရှိ မီးသတ်ပစ္စည်းများထားရှိသည့် ဗဟိုဌာန (Gyeonggi-do Firefighting Equipment Logistics Center) ဖွင့်ပွဲနှင့် မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသို့ မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ တက်ရောက်၍ ဂုဏ်ပြုကျေးဇူးတင် မိန့်ခွန်းပြောကြားခဲ့‌ကြောင်းသိရသည်။

 

▪️ ယင်းနောက် ဂယောင်ဂီဒိုပြည်နယ်လွှတ်တော်၊ လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ Mr. AhnKyeil က မြန်မာနိုင်ငံသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးခဲ့ရာသံအမတ်ကြီးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

 

▪️ ယင်းဗဟိုဌာနသည် ကိုရီးယားနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်သည့် မီးငြိမ်းသတ်ရာတွင် အရေးပေါ်လိုအပ်သောပစ္စည်းများကို စနစ်တကျသိုလှောင်ထားသည့် ဗဟိုဌာနဖြစ်ပြီး မြန်မာ နိုင်ငံသို့ မီးသတ်အင်္ကျီ (၃၆၈) စုံ၊ မီးသတ်ဦးထုပ် (၆၄) လုံး၊ မီးသတ်လက်အိတ် (၇၈) စုံနှင့် မီးသတ်ဖိနပ် (၇၆) စုံတို့ကို မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနသို့ ကိုရီးယားနိုင်ငံရှိ FLCM Foundation မှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်‌ကြောင်း သိရသည်။

 

▪️ အဆိုပါ ဗဟိုဌာနဖွင့်ပွဲနှင့် မီးသတ်ဝတ်စုံများလှူဒါန်းသည့်ပွဲသို့ ဂယောင်ဂီဒိုပြည်နယ် လွှတ်တော်လုံခြုံရေးနှင့် ပြည်သူ့စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ Mr. AhnKyeil၊ ကော်မတီအတွင်း ရေးမှူး Mr. YooGyunghyun၊ ဘူချွန်းမြို့ မီးသတ်ဌာနအကြီးအကဲ Mr. Ji Jun Ho နှင့် FLCM Foundation ဥက္ကဋ္ဌ Mr. Kim Sung Chor နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon-Times