#Local_News
Published_ 25 April 2024

▪️ ရှေးဟောင်း CLASSIC မော်တော်ယာဉ်များပြန်လည်  မှတ်ပုံတင်ခြင်းများကို  ခြောက်လအတွင်းဆောင်ရွက်ပေးနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက်အရ သိရသည်။

 

▪️ မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များကို တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ် များအဖြစ် တရားဝင်မှတ်တမ်းတင် ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံ တင်ထားရှိပြီးဖြစ်သော သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် ၁၉၈၀ Model နှင့် ၎င်းမတိုင်မီ ယာဉ်များကို ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံ တင် ဆောင်ရွက်ပေး‌ နေခြင်းဖြစ်သည်။

 

▪️ ထိုသို့ ရှေးဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာတိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ခြောက်လကာလအတွင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။

 

▪️ အဆိုပါ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သောယာဉ်များကိုသာ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည် ဖြစ်ပြီး ယာဉ်အမှတ်ကို ရောက်ရှိယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးသွားမည် ဖြစ်ကာ ယခင်မှတ်ပုံတင် ထားခြင်းမရှိသော ရှေးဟောင်းယာဉ်များကို မှတ်ပုံတင်ပေးမည် မဟုတ်ကြောင်း သိရသည်။


▪️ အသေးစိတ်အချက်အလက်များကို www. motc.gov.mm, www.myanmarrtad.com တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

#YMG/ NN #Yangon-Times