၂၅ ဧပြီ ၂၀၂၄

ထိုင်းနိုင်ငံ ပတ္တရားတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲကပြောပါတယ်။ ချွန်ပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲဌာန ဒုတိယရဲမှူးကြိး ဝီရာချိုင်း သင်ခါမွတ်ဦးဆောင်တဲ့ ရဲတွေကဆွိုင်ခိုဖိုင်းမှာရှိတဲ့ အငှားချထားတဲ့အိမ်တွေကို ယမန်နေ့ ဧပြီ ၂၄ရက်က ဝင်ရောက်စီးနင်းရှာဖွေရာမှာ တရားမဝင်မြန်မာနိုင်ငံသား ၂၁ ဦးဖမ်းဆီး ခံခဲ့ရတာဖြစ်ပါတယ်။ အိမ်နီးနားချင်းတွေက သူတို့ရဲ့အိမ်နီးချင်းမြန်မာတွေ ရဲ့ နှောက်ယှက်တဲ့ အပြုအမူတွေအပေါ် တိုင်တန်း တဲ့အတွက် ယခုလိုစီးနင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

စီးနင်းရှာဖွေမှုများအတွင်းမှာ မြန်မာအမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကိုတွေ့ရှိရပြီး သူတို့အားလုံးဟာ နိုင်ငံကူးလက်မှတ်မပါသူတွေ ဗီဇာမပါသူတွေဖြစ်ကြတယ်လို့သိရပါတယ်။

စီးနင်းခံရတဲ့အိမ်တွေအနီးနေထိုင်တဲ့ ဒေသခံ သီရာပေါင် ချွန်နာဘော့က  သူ့အနေနှင့် အဲဒီလူတွေရဲ့ ညလုံးပေါက် ဆူဆူညံညံ အသံတွေကြောင့် စိတ်အနှောက်အယှက်အမြဲဖြစ်နေရတာကနေ အခုသက်သာသွားပြီးလို့ပြောတယ်လို့ သတင်းမှာဖော်ပြထား ပါတယ်။

အိမ်ကိုထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဆမ်ဖိုးချီယာဘလမ်က သူ့အနေနှင့် နိုင်ငံကူးလက်မှတ်နှင့်ဗီဇာကိုင်ထားတဲ့ မြန်မာ အုပ်စုတစ်စုကို အိမ်ငှားခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ တစ်လကို အိမ်ခန်းခ ဘတ် ၂၀၀၀နှင့် စပေါ် ဘတ်၁၀၀၀ ယူခဲ့တယ်လို့ ပြောပါတယ်။အိမ်ငှားတွေဟာ မကြာခဏဆိုသလို လိုအပ်တဲ့ တရားဝင်စာရွက်စာတမ်းမရှိတဲ့ သူတို့သူငယ်ချင်းတွေကို အိမ်ကို ဖိတ်လေ့ရှိပြီး အိမ်မှနေတတ်ကြတယ်လို့လည်းသူကပြောပါတယ်။သူ့အနေနှင့် တရားမဝင်နေတဲ့သူတွေ ဝင်တာထွက်တာကို စောင့်ကြည့်နိုင်စွမ်းမရှိဘူးလို့ သူကဝန်ခံတဲ့အကြောင်း ပတ္တရား သတင်းဌာနကရေးသားပါတယ်။

အိမ်ပိုင်ရှင်ကိုတော့ နိုင်ငံခြားသားတွေအိမ်အငှားချထားတာကို၂၄နာရီအတွင်းအကြောင်းကြားဖို့ပျက်ကွက်မှုနှင့်ဒဏ်ငွေရိုက်မှာ ဖြစ်ပြီး ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ပတ္တရားရဲဌာနကိုပို့ပေးမှာဖြစ်ပြီး အဲဒီနောက် မြန်မာနိုင်ငံကို ပြန်ပို့ပေး မယ်လို့ ဒုတိယရဲမှူးကြီးကပြောပါတယ်။

@ymg/knl