၂၄ မတ် ၂၀၂၄

အာသံရိုင်ဖယ်နှင့်မီဇိုရမ်ရဲတပ်ဖွဲ့မီဇိုရမ်နှင့်မြန်မာနယ်စပ်အနီး ဇိုခေါ်သာ ရွာတွင် ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးကို လက်နက်ခဲယမ်းအမြောက်အများနှင့်သောကြာနေ့က ဖမ်းဆီးမိခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဒေသဆိုင်ရာ သတင်းဌာနများက သတင်းဖော်ပြကြပါတယ်။

ဖမ်းမိတဲ့လက်နက်များမှာ ကျည်ကပ်တစ်ခုပါ M4 ရိုင်ဖယ်တစ်လက်၊ ကျည်ကပ်ပါ ဂျာမန်ပစ်စတိုတစ်လက်၊ နှစ်လုံးပူး ရိုင်ဖယ် သေနတ်နှစ်လက်၊ တစ်လုံးထိုးရိုင်ဖယ်သေနတ်နှစ်လက် ၅.၅၆ မမကျည်တောင့် ၂၀နှင့် ၉မမ ကျည်တောင့် ၆ ခုနှင့် ဟဲလ်မက် နှစ်လုံးတို့ဖြစ်ကြပါတယ်။

အာသံရိုင်ဖယ်တပ်က အဆိုပါမြန်မာနိုင်ငံသားကို တရားမဝင်လက်နက်ခဲယမ်းများပိုင်ဆိုင်မှုနှင့် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့  ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ လက်နက်များနှင့်ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားကို ဇိုခေါ်သာ ရဲတပ်ဖွဲ့လက်သို့ ဆက်လက်အရေးယူဖို့အဲဒီနေ့မှာပဲလွှဲပြောင်းပေးခဲ့ပါတယ်။

Source: RW India