၂၆ ဖေဖော်ဝါရီ ၂၀၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးတက္ကသိုလ်သို့ ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၇ နာရီခွဲခန့်တွင် PDF များရောက်ရှိလာပြီး ဆရာ/ဆရာမများ၊ကျောင်းသားကျောင်းသူများနှင့်ရုံးဝန်ထမ်းများအားဖမ်းဆီးထားတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့များက အချိန်မီသွားရောက်ကယ်ထုတ်ခဲ့ရာ ၂၈၅ ဦးကို အချိန်မီကယ်ဆယ်နိုင်ခဲ့သော်   လည်း အချို့  ကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နစကရဲ့ သတင်းထုတ်ပြန် ချက်အရသိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ရက်  နံနက် ၇ နာရီခွဲခန့်တွင် PDF ၁၃၀ ဦးခန့်က ကလေး တက္ကသိုလ်အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ရူပဗေဒနှင့်သတ္တဗေဒစာသင်ဆောင်တွင် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးထားရှိကြောင်း တာဝန်သိဝန်ထမ်းများ၏ သတင်းပေးပို့ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။

ထိုသို့ကယ်ထုတ်စဉ် PDFအကြမ်းဖက်သမားများနှင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်၏ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်သို့ PDF များက ဆုတ်ခွာသွားရင်း အချို့သော ဝန်ထမ်း၊ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတို့အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရှိရပါတယ်။အရေအတွက် စိစစ်ဆဲဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယင်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံ သွားခဲ့ရတဲ့သူတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က အပူတပြင်းရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းအရ သိရပါတယ်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ PDF အလောင်းအချို့၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။

ယခုကဲ့သို့စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်များမဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ဆရာ/ဆရာမ များ၊ကျောင်းသား/သူများ၊ မိသားစုဝင်များနှင့် ရုံးဝန်ထမ်းကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရည်ရွယ် ချက်အတွက် အသုံးပြုထားခြင်း မရှိသော စစ်ဘက်ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအားရည်ရွယ်ချက် ရှိစွာဖြင့် အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ်ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်  လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။

@ymg/knl