Published 26 February 2024

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၇၆/၂)နှင့် (၂၇၆/၃)ကြားတွင် PRADO အမျိုးအစား ယာဉ်(၁)စီးသည် တံတားဘောင်အား တိုက်မိတိမ်းမှောက်မှုဖြစ်ပွားကြောင်းပေပင်လေးအမြန်လမ်း မီးသတ်တပ်ဖွဲ့ထံ ကသိရသည်။

  ဖေဖေါ်ဝါရီ ၂၆ ရက် နေ့လည် ၂နာရီ ၇မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

  အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးအနက် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group