Published_ 26 February 2024

မြန်မာနိုင်ငံ၏ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ပိဋကတ် (၃) ပုံဆောင် ဆရာတော်ကြီးများအား ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

စလင်းမြို့၊ ကန်ချောင်တောရကျောင်းတိုက်၊ ဝိဇ္ဇာဝိဟာရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇသာရ၏ ပင့်ဖိတ်ချက်အရ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်တာဝန်ကျ (တတိယအဖွဲ့ခွဲ)၊ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိရောစန (ကွမ်းခြံကုန်း)၊ ပထမအဖွဲ့ခွဲ၊ အဖွဲ့ဝင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိတ (စလင်း)၊ မွေပွေးကုန်းဆရာတော် ဘဒ္ဒန္တ ပညာသီဟ (ကဝ) နှင့် သဘာဝရိပ်သာဆရာတော်အရှင်ဥတ္တမသာရ တို့ကို ဖေဖော်ဝါရီ ၂၀ ရက်နှင့် မြန်မာနိုင်ငံ၏ တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက ပိဋကတ် (၃) ပုံဆောင် ဆရာတော်များဖြစ်တဲ့ သတ္တမတိပိဋကဓရ မော်ကျွန်းဆရာတော်ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ အဋ္ဌမတိပိဋကဓရမြင်းမူဆရာတော်ဘဒ္ဒန္တဝံသပါလာ လင်္ကာရ၊ ဧကာဒသမတိပိဋကဓရ ရမ္မာဝတီ ဆရာတော်ဘဒ္ဒန္တဣန္ဒပါလ၊ တေရသမတိပိဋကဓရ ဘုတလင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယ၊ သောဠသမတိပိဋကဓရ မြင်းမူစိန်ရတုဆရာတော် ဘန္ဒန္တပညာသီရိ လင်္ကာရ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တစန္ဒိမာဝံသနှင့် ဗီယက်နမ် ဆရာတော်ဘဒ္ဒန္တဝိမလတို့အား ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ကြီးများအား မြန်မာသံရုံးသို့ ပင့်ဖိတ်၍ မြန်မာသံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို၊ စစ်သံမှူး ဗိုလ်မှူးချုပ် မြတ်ထွန်းနိုင်၊ မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံး မိသားစုများမှ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်များ ထံမှ ငါးပါးသီလခံယူ၍ ပရိတ်တရားတော်များ နာယူခဲ့ကြကာ ဗီယက်နမ်နိုင်ငံရောက် မြန်မာအစိုးရပညာတော်သင်များနှင့် မြန်မာအသိုင်းအဝန်းများမှလည်း တက်ရောက်ခဲ့ကြ ကြောင်း သိရပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 26 February 2024
#YMG_News #Yangon_Times #Yangon_Media_Group