Published 10 February 2024

လာမည့် ဖေဖော်ဝါရီ ၂၈ရက်မှ မတ် ၁၇ရက်အထိ ဥဇဘတ်ကစ္စတန်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှအမျိုးသမီး ယူ-၂၀ AFC U20 Women’s Asian Cup Uzbekistan 2024 ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီး အကူဒိုင်လူကြီး ဖြစ်သူ ဒေါ်ဝင့်ဝါထွန်း တာဝန်ပေးအပ်ခံရကြောင်းမြန်မာနိုင်ငံဘောလုံး အဖွဲ့ ချုပ်မှ သိရသည်။

  အဆိုပါ အသက် ၂၉နှစ် အရွယ် ဒေါ်ဝင့်ဝါထွန်းသည် ၂၀၁၇ခုနှစ်တွင် အကူဒိုင်လူကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်တွင် ဖီဖာအဆင့် အကူဒိုင်လူကြီးဖြစ်လာခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အကူဒိုင်လူကြီးအဖြစ် အာဆီယံအဆင့် AFF ပြိုင်ပွဲ ၂ကြိမ်နှင့် အာရှအဆင့် AFC ပြိုင်ပွဲ ၃ကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

   ယခု ပြိုင်ပွဲသည် သူမအတွက် ၄ကြိမ်မြောက် AFC ပြိုင်ပွဲဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group