Published_ 10 February 2024

ဖေဖော်ဝါရီ ၁၀ ရက်နေ့  နံနက်အစောပိုင်းက  ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးတွင် သစ်ဆန်း ခရီးသည်ကား ၊ ခိုင်မန္တလေး ခရီးသည်ကား ၊ Toyota RAV 4(အဖြူရောင်) ကား၊ Super Custom(အဖြူရောင်) နှင့် Toyota Caldina (လိမ္မော်ရောင်) ကားတို့ တိုက်မိမှုဖြစ်ခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံကသိရသည်။

   အဆိုပါယာဉ် ၅ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ၂ ဦး ​ေ-သဆုံးကာ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 ယာဉ်တိုက်မှုကြောင့် သစ်ဆန်း ခရီးသည်ယာဉ်နှင့် ခိုင်မန္တလေး ခရီးသည်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။

Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါ အမျိုးသား  (၃)ဦး၊ အမျိုးသမီး  (၃)ဦး၊ စုစုပေါင်း(၆)ဦး အနက် အမျိုးသား (၁)ဦး (သေဆုံး)၊ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။

 Super Custom(အဖြူရောင်)ယာဉ်ပေါ်ရှိ အမျိုးသား (၁)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၃)ဦး အနက်၊ အမျိုးသား (၁)ဦး (သေဆုံး)၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်းသိရသည်။

Toyota Caldina (လိမ္မော်ရောင်)ယာဉ် ပေါ်ရှိ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား သာဂရအမြန်လမ်းမီးသတ်မှ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့ပြီး ဆွာလူမှုကူညီရေးအသင်းနှင့် မြို့သစ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group